Tuesday, September 10, 2013

blogမှာ ရေဒီယိုထည့်ချင်သူများ

မိမိတို့ ဘလော့မှာ MMYOS ရေဒီယိုထည့်ချင်သူမျာ;;;

မင်္ဂလာပါ ဆော့ဝဲမြို့တော် ပရိသတ်ကြီးခင်ဗျာ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အွန်လိုင်းရေဒီယိုတွေ ရှိတဲ့အထဲက
24hours အသံလွှင့်ပေးတဲ့ ရေဒီယိုလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
အခု ကျွန်တော့်ဆိုဒ်လေးမှာ ထည့်ထားတဲ့ MMYOS (အဝေးရောက်မြန်မာများအဖွဲ့)က
လုပ်ထားတဲ့ ရေဒီယိုလေးပါ။ အသံလွှင့်သူ DJ များကလည်း
စိတ်အားထက်သန်စွာနဲ့ အခမဲ့ 24 နာရီထုတ်လွှင့်ပေးနေတာပါ။
မိမိတို့တောင်းဆိုသော သီချင်းများကိုလည်း dj@mmyos.com ကို
အပ်၍ တောင်းဆိုနိုင်ပြီး တောင်းဆိုသူရဲ့ အမည်နှင့်
သီချင်း တောင်းရခြင်း ရည်ရွယ်ချက်ကိုပါ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
MMYOS ရေဒီယိုလေးမှာ သီချင်းများသာမက တရားများ ၊
စာပေဟောပြောပွဲ အသံများ နှင့် ရယ်စရာဟာသ ပျက်လုံးများကို 
အစီအစဉ်အလိုက် ထုတ်လွှင့်ပေးပါသေးတယ်။
နားဆင်ချင်သူများအနေဖြင့် ကျွန်တော့်ဆိုဒ် www.minsoeyarsar.com တွင်ဖြစ်စေ
www.mmyos.com တွင်ဖြစ်စေ နားထောင်နိုင်ပါတယ်။
ဘလော့ နှင့် ၀က်ဆိုဒ် Admin များက မိမိတို့ဆိုဒ်လေးမှာ
ရေဒီယိုလေးထည့်ပြီး လာလည်သူတွေကို အပမ်းပြေစေချင်တယ်ဆိုရင်တော့
အောက်က ကုဒ်လေးကို ကော်ပီကူး၍ မိမိတို့ ဘလော့ ၊ ၀က်ဆိုဒ်လေးမှာ 
Widget အဖြစ် ထည့်နိုင်ပါတယ်ခင်ဗျာ...
ရေဒီယိုကုဒ်

Android ဖုန်းလေးမှာလည်း နားဆင်နိုင်ပါတယ်ခင်ဗျာ။
ဆော့ဝဲလေး ရှိပါတယ်ဗျာ APK ဖိုင်လေးကို ဒေါင်းနိုင်ပါတယ်ခင်ဗျာ

No comments:

Post a Comment