အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ ? ဖေါ်လိုက်ပြီ
အပိုင်း(၁) 26 March 2013 Posted by Minmaha Bagan on Tuesday, March 26,2013 at 6:52 PM ဆဲချင်သလိုဆဲ မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။ ... ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးတို့မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော်ဖေါ်ကောင်လုပ်ပေးတော့မည်။ ပြသနာအစက အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့ ချေခြင်းလိမ်တော့သည်။ ဗိုလ်သန်းရွှေတို့ တပ်မတော်က အကြွေးအလွန် ထူနေသောကြောင့်ထွက်ပေါက် ရှာရေးမဟာ ဗျူဟာခင်းခဲ့ကြသည်။ ဂျင်ဝက် ၏ ချီးကျူးထောပနာပြုမှုအတွက် အမြတ်ထွက်အောင် ဘဘကြီး ဗိုလ်ရွှေ ကိုယ်တိုင်တွေ့ ဆုံပြီး ရှေးမြန်မာအနာဂတ်အတွက် အကြေလည်ရှင်းပြပြီး ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဂျင်ဝက်နှင့် နိုင်ငံတကာသို့ လက်ဆောင်ပါးလိုက်သည်။ ရွေးကောက်ပွဲကျင်းပရန် ၂လခွဲတင်းတင်းလောက်လိုသော ၂ဝ၁ဝ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဂျင်ဝက်အား ဗိုလ်သန်းရွေက ၂ နာရီကြာမျှတွေ့ဆုံပြီး အသေးစိတ်ချပြကာ ၄င်းလိုချင်သော အခြေနေအား နားချသည်။ တဖက်မှလဲတရုတ်ပြည်နှင့် နားလည်မှုရအောင် Lion Share ဟုခေါ်သော စီမံကိန်းကြီးများဖြင့် မက်လုံးပေးထားသည်။ သို့သော် နိုင်ငံတကာ ကြွေးမြည်အား တရုတ်မှ ဆပ်ပေးမည်မဟုတ်သကဲ့သို့ ပိတ်ဆို့မှုများဖြင့် တင်းကြပ်နေသော မြန်မာ စစ်အစိုးရက ဂျင်ဝက်ဆိုသော အမေရိကန်ဆီးနိတ်အမတ်အား ငါးစာလုပ်ပြီး နိုင်ငံတကာ ငါးပွက်အိုင်ကြီးထဲသို့ ပစ်ချခဲ့သည်။ ဗိုလ်ချုပ်မှုးကြီး အရူးကြီးသန်းရွှေနှင့် တွေ့ခဲ့ပြီးသော ဂျင်ဝက်က တက္ကသိုလ်ရိပ်သာလမ်း မှ နိုင်ငံ တော် အချုပ်အိမ်စံ တပင်တိုင် အတိုက်ခံ သမားကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဒေါသလျော့ဖို့နှင့် ဥာဏ်ကျယ်ကျယ်ဖြင့်စဉ်းစားဖို့ ဂျင်ဝက်က တိုက် တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေဘောင်အတွင်းထဲမှ နိုင်ငံရေးနှင့် မိမိယုံကြည်ချက် ကို လုပ်ကိုင်ရန် ဂျင်ဝက်က မေတ္တာရပ်ခံသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျင်ဝက်တို့ ဆွေးနွေးပွဲ အခြေတော်တော်မလှပဲ ရုတ်သိမ်းခဲ့ရသည်။ (အမေရိကန်သံရုံးမှ၎င်းနိုင်ငံခြားရေးဌာနသို့ ပေးပို့သော သတင်းအား ဝီကီလိ က ဖေါက်သယ် ပြန် ချခဲ့သည်)။ ဂျင်ဝက် ပြန်သွားသောအခါ တရုတ်သံရုံးမှ နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီသို့ တရုတ်ပြည် မှ သံစာ တစောင် ပေးပို့သည်။ ၄င်းစာပါအရ ဗိုလ်သန်းရွှေနှင့် အခြားသော စစ်အရာ ရှိများ ဂျင်ဝက်နှင့် ဆွေးနွေးထားသောကိစ္စများအား အင်္ဂလိပ်သို့ ဘာသာပြန်အဖြစ် တရုတ် က တောင်းခံခဲ့သည်။ ထိုအချိန်တွင် ဗိုလ်သန်းရွှေလုပ်သမျှ ဘောလိုက်မနေသော မင်းအောင်လှိုင်(ယခု ကာချုပ်) မှ အားလုံး တရုတ်ပြည်ဆိုင်ရာ ကိစ္စများအတွက် လိုလေသေးမရှိလုပ်ပေးသည်။ ထိုအချိန်က ဗိုလ်ချုပ်မြင့်အောင် (ယခု ထောင်ဒဏ် ၁၅နှစ် သာယာဝတီ အကျဉ်းထောင်) က တရုတ်အား မိမိတို့၏ နိုင်ငံတကာ သံတမန်ကိစ္စများ အသိပေးတင်ပြရမည်မှာ အဓိပ္ပါယ် မရှိကြောင်း ပြောဆိုခဲ့ မှုကြောင့် ဗိုလ်သန်းရွှေမှ မျက်မုန်းကျိုးသွားခဲ့သည်။ ထိုကြောင့် ၂ဝ၁၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် ဗိုလ်ချုပ်မြင်အောင်အား ၄င်း၏ အောက်လက် အရာရှိ ဖြစ်သူ ယခု အာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ ညွန်ကြားမှုအောက် တွင် တာဝန်ထမ်းဆောင်ရန် ဗိုလ်သန်းရွှေ မှ ညွန်ကြားမှုအား လက်မခံနိုင်ဖြစ်ပြီး ဆင်ခြေပေး ထောက်ပြမိရာမှ ထောင်နန်းစံသူအဖြစ်သို့ပို့ဆော တရုတ်ပြည်မှ ပိုပြီးယုံကြည်မှုရစေရန်နှင့် မိမိအား အကာကွယ်ပေးရန် ဗိုလ်သန်းရွှေအပါဝင် စစ် ဝန်ကြီးများနှင့် တကွ စီးပွါးရေးလုပ်ငန်းရှင် ခရိုနီများဖြင့် စက်တင်ဘာလ (ရ)ရက်နေခင်း ၁ဝ နာရီ တွင် စိတ်ကောက်တော်မူနေသော တရုတ်သမ္မတ ဟူချင်တောင်းနှင်ပ တွေ့ဆုံပြီး ၄င်းပြုလုပ် ထားသော ဗျူဟာ များအား အသေးစိတ် တင်သွင်းခဲ့သည်။ သို့သော် သတင်းဌာနများနှင့် သံတမန် ရပ်ကွက်များတွင် ကုန်သွယ်ရေးနှင်ပ ရွေးကောက်ပွဲများအကြောင်းကို သာ ကူညီဆောင်ရွက် လက်တွဲဖို့ရှိကြောင်း တင်ပြထားခဲ့သည်။ (China lauds 'friendly' Myanmar as junta leader arrives By Dan Martin (AFP) – Sep 7, 2010) ဆောင်းပါးကို ပြန်လည် ဖတ်ရှု့နိုင်သည်။ တရုတ်နိုင်ငံ သံတမန်များမှတဆင့် နိုင်ငံတကာသို့ သံချောင်းခေါက်ကာ ဗိုလ်သန်းရွှေ တို့ ၏ ရွှေးကောက်ပွဲအတွက် စည်းရုံးပေးခဲ့ကြသည်။ ဗိုလ်သန်းရွှေတို့ကလည်း တရုတ်တို့ဘက်သို့ Lion Share အားလုံးအားပေးသည့် အနေဖြင့် မြစ်ဆုံရေကာတာနှင့် လက်ပံတောင်းစီမံကိန်း အပါဝင် စီမံကိန်းအကြီးစားပေါင်း ၁၂၄ ခု ပေးခဲ့သည်။ ထို့အပြင် မြစ်ဆုံဒေသ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုဖြစ်သော ကချင်တိုင်းရင်းသားများအား အမြစ်လှန်ဖယ်ရှားရေးကိုပါ ဝန်ခံကတိပြုခဲ့သည်ကို သက်သေအထောက်ထားတိကျစွာ စာရေးသူထံတွင် လက်ဝယ်ရှိပါသည်။ ထို့အပြင် ၂ဝဝ၉ ခုနှစ်ကပင် တရုတ်တို့နှင့် သဘောတူခဲ့သော နှစ် ၅ဝ ကြာ စာချုပ်ဖြင့် ရခိုင် ကမ်းလွန်ဒေသမှ ရှည်လျားကွေးကောက်သော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးသည် အလွန် အရေး ပါသော အခြေနေသို့ ရောက်ရှိခဲ့ပြီး ၂ဝ၁ဝ ရွှေးကောက်ပွဲ ပြီးဆုံးသွားသည့်နောက် တရုတ် စီးပွားရေး ရင်းနှီးမြုပ်နှံမှုအား ထိကပါးရိကပါး အခြေနေ သို့ ရောက်ရှိလာ မည်ဖြစ်သော မြစ် ဆုံရေကာတာ ဖြစ်သော အမြင့်ပေ ၄၅၈ ရှိပြီး အလျားပေ ၄၂၉၇ပေးခွဲရှိသည့် ရေ ကာတာကြီး အား မြန်မာပြည်သူတရပ်လုံးမှ ကန့်ကွက် ဆန္ဒပြကြရာမှ သမ္မတ ဦးသိန်းစိန်အနေဖြင့် လူထု ယုံကြည်မှုအား ၄င်းမှ တည်ဆောက်ပြရန်အလို့ဌာ ခေတ္တရပ်ဆိုင်းရန် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ လ နေခင်း ၁၁ နာရီ တွင် ကြေငြာချုက်ထုတ်ခဲ့သည်ကို တရုတ်ပြည်အစိုးရ အထင်မမှားစေ ရန် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် အား တရုတ်ပြည်သို့ အောက်တိုဘာလ တွင်စေ လွှတ်တောင်းပန်ခိုင်းကာ နှစ်သိမ့်မှုလုပ်ခဲ့ရ၏။ ထိုနောက် ရခိုင်ဒေသ မှ သွယ်တန်းမည်ဆောက်လုပ်နေသော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေး အတွက် အောက်လမ်းနည်းဖြင့် မသမာသော အစီမံများလုပ်ဆောင်ရန် အသေးစိတ်အစီစဉ်များ အား တရုတ်သို့ တင်ပြခဲ့ပြီး၊ ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများအား စတင်အကောင် ထည်ဖေါ် ဆောင် ရွက်ရန် ဝန်ကြီး ဦးအောင်သောင်းတို့ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည့် အစီစဉ်များ စတင် ခဲ့သည်။ အပိုင်း(၂)အား မနက်ဖြန် မတ်လ ၂၇ ရက်တွင် ဆက်လက်ဖေါ်ပြပါမည်။ ကျေးဇူးတင်ပါသည်။ ဂိုလ်ရှယ်လေး ------------------------------ အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ အပိုင်း (၂) Posted by Minmaha Bagan on Thursday, March 28,2013 at 5:55 AM ဦးအောင်သောင်းတို့ ကချင်ပြည်နယ်ဘက်သို့ ငြိမ်းချမ်းရေးတမန်တော်ကြီးအြ နောက်တွင် ရှိနေကြောင်း နယူးယောက်တိုင်းသတင်းစာမှ သြဂုတ်လ ၇ ရက်နေ့တွင် အတိလင်း သေားထောက်ပြထားသည်။ ဒီဇင်ဘာ ၁၂ ၇က် ၂ဝ၁၁ ခုနှစ်တွင် စစ်ပွဲကြောင့် ဒုက္ခသယ်အရေး နိုင်ငံတကာသို့ ပုံပွလာသော အခါ ဦးအောင်သောင်း နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးသိန်းဇော်နှင့် ယခု ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးလုပ်ဆောင်၇န် ရွှေလီတွင် ကေအိုင်ကေ အကြီးကဲများနှင့် တွေ့ ဆုံဆွေးနွေးကြောင်းကို နိုင်ငံတကာသို့ လော်ဘီလုပ် ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် ၂ဝ၁၁ ခုနှစ်နေ့ရက် တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှအမိန့်ြ ကချင်ငြိမ်းချမ်းရေးလုပ်မည်ဟု လေလုံးထွားခဲ့သော ဝန်ကြီးများ အရှက်ကွပြီး မြားဦး လှည့်လာ သည် မှာ ရခိုင်ဒေသ ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းပြသနာ စတင်ရန် ၀န်ကြီးလက်သယ်အချို့ အာရုံစိုက်ခဲ့ရသော အကြောင်း ရင်းခံတခု အခိုင်မာ တင်ပြရသော် ရခိုင်ပြည်နယ်သားများ၏ အခွင့်ရေးအရ ခံစားပိုင်ခွင့်အား ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် (ကျောက်ဖြူမြို့နယ်) ဒေါက်တာအေးမောင် (ရခိုင် အမျိုး သား တိုးတက်ရေး ပါတီဥက္ကဌ) နှင့် ဦးဘရှင်တို့ မှ ဇန်နာဝါရီလ ၁ ရက်နေ့ တွင် ကျောက်ဖြူမြို့  နယ် နာစင်ရှိရာနေရာသို့ လူထုအစည်းဝေးခေါ်ယူကာ ရခိုင်ပြည်သူများအား ရခိုင်ပြည်မှ ထွက် ရှိသော သံယံဇာတများအတွက် ခံစားခွင့်ရှိကြောင်းကို ၂ဝဝ၈ ဖွဲ့စည်းပုံတွင် မည်သို့ ပြဌာန်း ထားကြောင်းကို စုရုံးခွင့် ရရှိသော လူထု ၅ဝဝ အား ပြောကြားခဲ့သည်က စလာသည်ဟု ဆို ။ ဒေါ်အောင်ဆန်း စုကြည်လွတ်ခါနီ အချိန်လေးမှာပင် အမေရိကန်အစိုးရမှ နိုင်ငံခြားရေးဆိုင်ရာ သံတမန်ကြီး ၂ ကြိမ်နှင့် အာရှရေးဆိုင်ရာ သံတမန်ကြီး တို့ ၁ကြိမ် သွားရောက်တွေ့ဆုံခွင့် ရသော အခြေနေအား ဗိုလ်သန်းရွှေတို့မှ ဖန်တီးကာ မက်လုံးပေးခဲ့သည်။ ဒေါ်စုလွတ်လာသောအခါဝယ် လက်ရှိ ၂ဝဝ၈ ဥပေးလမ်းကြောင်းမှပင် လျောက်လှမ်းစေရန် သံတမန်ကြီးများကလဲ ပထမဦးဆုံး သံခင်းစတင်ရေးသယ်ယူလာသော ဂျင်ဝက်ကဲ့သို့ပင် အခင်းကျင်းအထောက်ပံ့ များ ပြု လုပ်နိုင် အောင် ဆောင်ရွက်ပေးကြသည်ကို နေပြည်တော်မှ သဘောတော်ကျနေခဲ့ကြ၏။ ထိုကာလတွင် နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတက်ကြွသော အသွင်များသာ ရှေ့တန်းရောက် ရှိနေပြီး တိုင်းပြည်တခုလုံး အလွန်သာယာသော အခင်းကျင်း ကြီးသဖွယ် တွေ့မြင်နိုင်သည်။ သိပ်မကြာ ရွေးကောက်ပွဲ ၂ဝ၁၂ တွင် ကြားဖြတ် ရွေးကောက်ပွဲ ဧပြီလ ၁ရက်နေ့ပြီးနောက်ပိုင်း မေလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း ကျမ်းကျိန်ဆိုပြီးနောက် ၃ ပတ်အကြာ မေလ၂၈ ရက်နေ့မှစကာ ပြသနာတက်တော့၏။ ကျောက်နီမှော်ကျေးရွာသူ မသီတာထွေး အား ရိုဟင်ဂျာ အစ္စလမ်ဘာသာဝင် အမျိုးသား၃ ဦး မှ အဓမ္မပြုကျင့်သည်ကို ရွာသားများ သိသိခြင်းပင် သက်ဆိုင်ရာသို့ မေလ ၂၈ ရက်နေ့ညတွင်းမှာပင် တိုင်ကြားခဲ့ကြောင်း အားလုံးသိသည်။ ကျောက်နီမှော်ရွာသားများမှ ပြသနာတစုံတရာ ပြုလုပ်ခြင်းမရှိပဲ သက်ဆိုင်ရာ၏ အရေးယူဆောင် ရွက်မှုကိုသာ မျှော်လင့်နေခဲ့သည်။ ၂၉ ရက်နေ့ မေလတွင် မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ်သူများဟူ ယူဆရသူ ၃ဦးအား မောင်းတော ရဲစခန်း၏ ညွန်ကြားချက်ဖြင့် လာရောက် စစ်ဆေးကြောင်း သတင်လွင့်ပြီး ကျောက်နီမှော် ရယက ရုံးတွင်ပင် အကျဉ်းရုံးစစ်ဆေးပြီး ပြန် လွှတ်ပေး လိုက်ပြီး ၄င်းနေရာတွင် စောင့်ကြည့်နေကြသော ရခိုင်အမျိုးသား အမျိုး သမီး ဒေါသ အိုးကို ပိုပြီး ပေါက်ကွဲလာအောင် ဒုရဲမှူး လှအေးမောင်က ဖန်တီးပြခဲ့၏ ။ မေလ ၃ဝ ရက်တွင် ရခိုင် အမျိုးသားများ မကြေနပ်သံကျယ်လောင်ပြီး အုံးထနေသောကြောင့် ကျောက်နီမှော် ရယက မှ ရဲသို့ အကြောင်းကြားကာ အဆိုပါတရာခံ ၃ ဦးအား လာရောက်ခေါ် ဆောင် သွားစေခဲ့ပြီး ရမ်းဗြဲရဲစခန်းသို့ ပို့ဆောင်ခဲ့သည်မှာ သမာရိုးကျ လုပ်ရိုးလုပ်စဉ် မဟုတ် ကြောင်း ကောက်ချက်ချနိုင်သည်။ ထိုအကွက်သည် ဝန်ကြီးအောင်သောင်းတို့ ၏ အကွက်ထဲသို့ ရောက်သွား၏ ၊ ရခိုင်ပြည်နယ် ဝန်ကြီး ဦးလှမောင်တင် သည် ဦးအောင်သောင်း ၏ ပေးတာယူ ကြွေးတာစားသော အခြွေ ရံဖြစ်နေခဲ့၏ ။ ဇွန်လ ၃ ရက်နေ့တွင် မူဆလင် ဘာသာဝင် ၁ဝ ဦးအား မူဆလင်များ ၏ ရှေ့  မှောက်မှာပင် တောင်ဂုတ် ကားဂိတ်တွင် အုံးအုံးကြွက်ကြွက် သတ်ဖြတ်ပြခဲ့သည်။ ဖြစ်ပွားပုံမှာ သံသယကင်းဖွယ် အစိုးရ လက်သယ်များ ပါဝင်ပတ်သက်နေ၏ ။ တောင်ကုတ် ကားဂိတ်တွင် နဆက အရာရှိ ၃ ဦးမှ ကားပေါ်တက်ကာ မှတ်ပုံတင်စစ်ဆေးခြင်းများပြုလု ထိုနောက် မှတ်ပုံတင်များတဦးခြင်းစစ်ဆေြး တောင်ဂုတ် ကားဂိတ်မှ ကားစထွက်ပြီး ကိုက် ၃ဝဝ လောက်မှာပင် ဆိုင်ကယ်စီးလူတအုပ်က ၄င်းကားအား တားဆီးပြီး ကားပေါ်တက်ကာ သတ်ဖြတ်နေသည်ကို လက်နက် ကိုင်ဆောင် ထားသော မောင်းတော ကားဂိတ်မှ လှမ်းမြင်နေကြသော နဆက နှင့် ရဲဝန်ထမ်းများ တုပ်တုပ်မျှ မလှုပ်လှမ်းကြည့်နေခဲ့ကြသည်ဟု မောင်းတောကားဂိတ်တွင် ဆင်းကျန်ရစ်ခြင်းခံရသော ခရီးသည် က ဖေါက်သယ်ချပါသည်။ ၄င်းအမှုခင်းဖြစ်ပွားလာသည်နှင့် ပိုပြီး မီးတောက်ကြီးမားလာအောင်နေ့စဉ် ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာ ဇွန်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်းတောအရေးခင်းအား အသေးစိတ်ရေးသားဖေါ်ပြထားပေးပြီး မီးလောင်ရာ လေပင့်ပေးသည့်အနေဖြင် ထပ်ပြီး ကြီး ထွားအောင် သတင်းစာ တွင် စကားလုံး အသုံးနုံန်းများအား ခက်ခက်ထန်ထန်လုပ်ပေးလိုက်ကြ၏။ ဇွန်လ ၈ ရက်နေ့ နေ့ခင်း ၁၂ နာရီ တွင် ရွှေဇာ ဗလီသို့ ဝတ်ပြုရန်သွားရောက်ကြသော မူဆလင် လူငယ်များအားလုံးနီးပါ ဒုတ် ဓါး လက်နက်များ ကိုင်ဆောင်ကာ ၄င်းဗလီကြီးအား စုရုံးသွားနေကြ သည်ကို လုံခြုံရေးတာဝန်ရှိသူနှင့် နဆက ဝန်ထမ်းများမှ ခွင့်ပြုခဲ့၏ ၊ အဆိုပါ နေခင်း ဗလီ ဝတ်ပြု ပြီးသော နေခင်း ၁ နာရီ တွင် ဘန်ဂါလီမူဆလင်များသည် ၄င်းတိုပ ရွှေဇာ ဗလီမှ ထွက်လာ သည်နှင့် မောင်းတောမြို့ရှိ ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းနှင့် ဘာသာဝင်များအား မီးကုန်ယမ်းကုန် တိုက်ခိုက်နေသည်ကို ညနေ ၄ နာရီအထိ လုံခြုံရေးများ ရပ်ကြည့်နေခဲ့သည်။ မောင်းတောမြို့၏ အချက်ခြာကျသော အဆောက်ဦးများ စားသောက်ဆိုင်များ နေအိမ်များ အပြင် ကမ္ဘောဇ ဘန်တို့ ကိုပါ အားရပါးရ ဖျက်ဆီးခွင့်ပြုခဲ့သည်ကို arakanland.com တွင် တင်ပြ ထားသော ဗွီဒီယိုဖိုင် များနှင့် Eleven Media Group တို့မှ ရိုက်ကူးထားသော ဓါတ်ပုံအထောက် ထား များက သက်သေ ခံဖြစ်နေခဲ့သည်။ ထိုဖြစ်ရပ်ုကြောင့် ရခိုင်ပြည်နယ်ရှိမြို့များတွင် ကြီးမားသော ရန်ပွဲများဆထက်တံပိုးကြီးမားခဲ့  ရပြီး နောက်ဆုံး ဇွန်လ ၈ ရက်နှေ့ညမှ စတင်ကာ စစ်တပ်အုပ်ချုပ်ရေး ပုဒ်မ ၁၄၄ အား တမြို့ပြီး တမြို့ ထုတ်ပြကာ လက်နက်ကိုင် စစ်တပ်များအား ရခိုင်ပြည်နယ်သို့ ပထမဆုံး ထိုးသွင်းခဲ့၏။ ရည်ရွယ်ချက်မှာ ဗိုလ်သန်းရွှေ့တို့ တရုတ်ပြည်အား ဂတိပြုထားသည့်အတိုင်း တာဝန်ယူထားသော ရခိုင်ပြည်မှ သွယ်တန်းထားသည့် ဂစ်ပိုက်လိုင်းလုံခြုံရေးနှင့် ဂစ်ပိုက်လိုင်းဖြတ်သန်းရာဒေသ ဝန်းကျင်းအတွင် အဓမ္မ လယ်မြေသိမ်းမှုများအတွက် အမှောင်ချနိုင်ရန် စစ်တပ်ဖြင့် ထိန်းကွပ်ကာ အားလုံးနေရာယူသွားနိုင်အောင် အကွက်ကျကျ စီစဉ်သည်မှာ ထင်ရှားသိသာလွန်းသည်။ ရခိုင်ပြည်နယ်အတွင်းအရေးခင်ြး ထိုနောက် မလေး၇ှားမှပေးပို့သော ရခိုင်ပြည်မှ ဒုက္ခသယ်များအတွက် ပေးပို့သော ပစ္စည်းထုတ်များ တွင် ရိုဟင်ဂျာ ဒုက္ခသယ်များ၏ ဓါတ်ပုံးများ ဖေါ်ပြထားသည် စတေကာများအား ရန်ကုန် ဆိပ် ကမ်း တွင် ၂ဝ၁၂ ခု စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကောက်ခွန်ဌာနမှ အောက်ခံ ကပ် သွင်းပေးပြီး၊ ရခိုင်ပြည်ဘက်သို့ ပို့ကာ ထိုအထုတ်ပိုးများတွင် ရိုဟင်ဂျာ ဒုက္ခသယ်ပုံရိပ်များကပ် ထားကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် လုံခြုံရေးဝန်ထမ်းများမှ စတင် ဖေါ်ထုတ်ပြ သ သော သွေး ထိုးလှုံ့ဆော်သည့် ပုံရိပ်အား ငပွလုပ်ခဲ့ကြ၏ ။ (သတင်း အရင်းမြစ်သည် အကောက် ခွန်ဝန်ထမ်းမှ) The aid has been loaded into 40 containers and will be send on board a vessel from Port Klang. “We will be transporting it by a commercial vessel as requested by the Myanmar government, and the vessel is expected to leave next Wednesday. “It will take four days to reach Yangon Port, and from there, it will take us two days by truck to reach Rakhine state,” he said. He hoped that Prime Minister Datuk Seri Najib Razak and former prime minister Tun Dr Mahathir Mohamad would be able to send off the vessel. Abdul Azeez thanked the Myanmar government for its support and cooperation in helping the club to undertake the humanitarian mission. Read more: Humanitarian aid to people in Rakhine, Myanmar - Latest - New Straits Times http://www.nst.com.my/latest/ အစ္စလမ်ဘာသာဝင်များအထဲတွင် အတွေးခေါ် အားနည်းသော ၊ ဘာသာတရားအား တရားဟော ဆရာ မော်လီဆပ်များမှ ပြောသောစကားများကိုသာယုံကြည်သော မြို့ပေါ်မှ မူဆလင်အချို့ များ နှင့် မြန်မာပြည်အားနည်းပေါင်းစုံဖြင် ဆက်လက်တင်ပြပါဦးမည် အပိုင်း ၃ အား မတ်လ ၂၈ ရက်နေ့တွင် ထပ်မံ တင်ပြပေးပါမည်။ ကျေးဇူးတင်ပါသည် ဂိုလ်ရှယ်လေး |
Saturday, September 7, 2013
အကြဖက်လက်သည်ဘယ်သူလည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment