Wednesday, September 11, 2013

ကမ္ဘာ့အကောင်းဆုံးဘာသာ



 
ကမ္ဘာအကောင်းဆုံးဘာသာ

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့ ........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ ...အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။ အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။ ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း
( ၁ ) ဘာသာခြားကို သတ်ရင်လဲ ပါဏာတိပါတာ ကံထိုက်ပါတယ်…
ဘာသာခြင်းမတူလို.ဆိုပြီး အကုသိုလ်က ခွင့်မလွှတ်ပါဘူး….
...
သူများအသိုက်အမြုံကို ဖျက်ရင် အကုသိုလ် ဖြစ်ပါတယ်…ဘာသာမတူတဲ့လူတွေ ရဲ.အသိုက်အမြုံ မို.လို. ဆိုပြီး ကင်းလွတ်ခွင့်ပေးမထားပါဘူး…….

( ၂ ) ဗုဒ္ဓဘာသာကို စောင့်ရှောက်ဖို.အတွက် သူတပါးအသက်ကို သတ်ခွင့်၊ သူတပါး အကျိုးစီးပွားကို ဖျက်ဆီး ခွင့် ရှိတယ်လို. ဗုဒ္ဓတရားတော်မှာ ဟောကြားမထားပါဘူး…..

( ၃ ) ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟာ ရန်အပေါင်း ကို မေတ္တာဓါတ်နဲ. အောင်နိုင်တော်မူ ခဲ့တာပါ…
နာနာဂီရိဆင် ကို မြှားနဲ.ပစ်ပြီး အောင်နိုင်ခဲ့တာမဟုတ်ပါဘူး…..
မာရ်နတ်ကို ရဟန်းသံဃာ အင်အားစု နဲ. တိုက်ပြီးအောင်နိုင်ခဲ့တာမဟုတ်ပါဘူး….
ကြီးမားတဲ့ မေတ္တာတရား နဲ. အောင်နိုင်ခဲ့တာပါ…….

( ၄ )ရောင်းမှားဝယ်မှားကိစ္စမှာ မတရားဘူးထင်ရင် တရားဥပဒေအရဖြစ်အောင် ၀ိုင်းဝန်းကြိုးစား ကြဖို.ပဲ ရှိပါတယ်….

မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ပေးကြေး ဆိုတဲ့ ဥပဒေသ အတိုင်း ကျင့်သုံးကြမယ် ဆိုရင်ဖြင့် ကမ္ဘာပေါ်မှာ လူတစ်ယောက်မှ မကျန်မှ အဆုံးသတ်ပါလိမ့်မယ်……

( ၅ ) ခုတော့ဖြင့်….ဗုဒ္ဓဘာသာ ကို ကာကွယ်ဖို.တဲ့ ပါဏာတိပါတာ ကံ ကို တက်တက်ကြွကြွကျူးလွန်နေကြတာ…

မေတ္တာတရား နဲ.အောင်မြင်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင် ရဲ.အဆုံးအမ ကို နာယူပြီး ဒေါသမီးတွေ ဟုန်းဟုန်းတောက်ပြနေကြတာ……….ဗုဒ္ဓဘာသာ ကို ကာကွယ်နေတာလား…..နာမည်ဖျက်နေကြတာလား..

ခဏလောက် စိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစားကြပါဦး….

( ၆ )ကိုယ်ကိုယ်တိုင် ၀င်မသတ်ဘူး ၊ ၀င်မဖျက်ဘူးဆိုရင်တောင်…သတ်နေ ဖျက်နေကြတဲ့သူတွေ ကို အားပေးအားမြှောက်ပြုရာ ရောက်တဲ့ အပြုအမူအပြောအဆိုတွေ ကို မလုပ်မိဖို. ဆင်ခြင်သင့်ပါတယ်…
အကုသိုလ်ထဲ အမှုတွဲပါသွားမှာ စိုးလို.ပါ…..

( ၇ ) မေ့မသွားအောင် ထပ်ပြီးပြောချင်ပါတယ်..
ဘာသာခြားကိုသတ်ရင်လဲ ပါဏာတိပါတာကံထိုက်ပါတယ်
ဘာသာတူတူ မတူတူ သူများအသိုက်အမြုံကိုဖျက်ရင် အကုသိုလ်ဖြစ်ပါတယ်….

( ၈ )ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတဲ့ တရားဟာ ဓမ္မတရား ဖြစ်ပါတယ်…အဓမ္မတရားမဟုတ်ပါဘူး ခင်ဗျား…

No comments:

Post a Comment