Wednesday, September 11, 2013

ယောက်ျားလေးတွေအတွက်လက်မတွဲသင့်သောမိန်းခလေး

ယောင်္ကျလေးတွေအတွက် လက်မတွဲသင့်သော မိန်းကလေးများ..



၁..။ ချစ်သူတို့သဘာဝ အပြင်ထွက်သွားလာစားသောက်တဲ့အခါ မြင်မြင်သမျှလက်ညိုးထိုးပူဆာတတ်တဲ့မိန်းမ။

(ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။ )


၂..။မိမိထက်လှသူ ဘေးကများဖြတ်လျှောက်သွားသောအခါ ချစ်သူကောင်လေးက မသိမသာဖြစ်စေ၊သတိလက်လွတ်၍ သိသိသာသာကြီးဖြစ်စေ လိုက်လံငေးမောကြည့်မိသော အခါလူရှေ့သူရှေ့ မရှောင် ဆွဲဆိတ်ထုနှက်ရိုက်ပုတ်တတ်သောမိန်းမ..။

(အရှက်ကွဲလိမ့်မည်..။ လူ့အခွင့်အရေးဆူံးရှုံးသွားသည်ဟုသင်မကြာခဏခံစားရ လိမ့်မည်ဖြစ်တတ်တဲ့သဘာဝကို နာလမပေးတတ်သောကြောင့်)

၃..။ နေရာဒေသမရွေး၊လူသူလေးပါးမရှောင်လွန်ကဲစွာ ချိုအီချွဲ့နွဲ့ ပြောဆိုဆက်ဆံတတ် သောမိန်းမ

(အစပိုင်းကာလတွင်မှာတော့ သင့်အတွက် သာယာကောင်းသာယာနာပျော်ဖွယ်ဖြစ်လိမ့်မည်.။သို့သော်ကြာလေ ကြာလေစိတ်ပျက်စရာကောင်းလေ၊သူစကားလာပြောမှာကိုတောင် သင် စိုးရွံ့လာလိမ့်မည်..၊မူးချင်သလိုလို၊ အန်ချင်သလိုလိုခံစားလာရလိမ့်မည်။ )

၎့.။မတော်မဆ စကားပြောမှားသောအခါ စကားတစ်လုံးအားဖင်ပြန် ခေါင်းပြန်တွေးကာအခဲမကြေ တစ်နုံ့နုံ့နှင့်သတိရလျှင်ရသလိုစကားနာထိုးကာ နားကိုနှိပ်စက်တတ်သောမိန်းမ

(သင်ဘယ်လောက်ရှင်းပြရှင်းပြ ။ရှင်းလေရှုပ်လေဖြစ်ကာ သင်ပဲတိုင်ပတ် တစ်ပတ်ခုနှစ်ရက်ချော့ ရလိမ့်မည်)

၅..။သင်နှင့်တွေ့ဆုံသည့်အခါတိုင်း သူမအကြောင်းထက် သူတစ်ပါးအကြောင်းကို ဟုတ်တာရော မဟုတ်တာပါ တစ်တွတ်တွတ်ပြောတတ်သောမိန်းမ

( ဆက်လက်လက်တွဲပါက စကားရှုပ်တတ်သောသူမအတွက် သင်ရှေ့နေကောင်းကောင်း ငှာဖို့ လိုအပ်လာပါလိမ့်မည်)

၆..။ ရုပ်ရှင်ကြည့်ရန် ပွဲကြည့်ရန် Live show ပွဲတွေကြည့်ရန်ဝါသနာအလွန်ပါသော်လည်း စာဖတ်ရန် နှင့် ဘာသာရေးကို လုံးဝ ဝါသနာမပါ စိတ်မ၀င်စားသောမိန်းမ

(သင့်နံဘေးမှာရှိသောအမျိုးသမီးလေးသည် မည်မျှပင် ချောမောလှပနေစေကာမူ စာဖတ်နည်းသည့်ကတကြောင်း ဘာသာရေးကိုနာမလည် စိတ်မ၀င်စားသည် အတွက် အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ အလှမျိုးသာဖြစ်လိမ့်မည်..။ အနှစ်မရှိ အကာသာရှိသောကြောင့်သင့်ဘ၀အတွက်မတွေးရဲစရာ)

ရ..။တစ်နေ့တာဖြစ်ပျက်သမျှ.၊အိပ်ရာထမှ အိပ်ရာဝင်သည်အထိ မည်သူနှင့် မည်သည့်စကားပြောသည်မည်သည့်အရာကကောင်းသည် မည်သည်အရာကမကောင်းဘူး .။ တစ်နေ့တစ်နေ့ မရိုးသော ပြဿနာပေါင်းစုံအားသင့်စိတ်အခြေအနေကို မမေး ပဲ သူချည်းသာ တစ်တွတ်တွတ်ပြောတတ်သောမိန်းမ။

( အဓိပ္ပာယ်ကတော့ မျှဝေခံစားသည်ဟုမည်သော်လည်း မလိုအပ်သောကိစ္စတော်တော်များများကို

နေ့စဉ်ကြားလာရသော အခါအတော် စိတ်ပျက်စရာ ကောင်းလာပါလိမ့်မည်)

၈..။ ဆေးလိပ်မသောက်ရ၊အရက်မသောက်ရ၊KTV မသွားရ၊CLUB မတက်ရ ဟု ချုပ်ချယ်တားမြစ်သည်မှာ မှန်သော်လည်းဘောလုံးပွဲမကြည့်ရ၊ Game မကစားရ၊သူငယ်ချင်းများနှင့် မသွားမလာရဟု တားမြစ်တတ်သောမိန်းမ။

(ယောင်္ကျားလေးတိုင်း အထက်ဖော်ပြပါ အရာများအားလုံးနှင့် မကင်းသူများရှိသလို. အချို့နှင့်မကင်းသူများလည်းရှိသည် လုံးဝကင်းကွာနေ နိုင်သူတစ်ယောက်မှ မရှိဟုထင်ပါသည်..။မလိုအပ်ပဲတားမြစ်ပိတ်ပင်သောကြောင့်  သင့်စိတ်ထောင်ကျ သလိုခံစားလာရလိမ့်မည်)

၉။ သင့် ညီမ.အမ အမေ အဒေါ်များနှင့် ပင်သွားလာစားသောက်သည်ကို သိပါက သင့်ကိုရန်ရှာ  စိတ်ကောက်တတ်သောအကျင့် တစ်လောကလုံးတွင် သူမမှလွဲ၍ မည်သည့် အမျိုးသမီးကိုမှ ဦးစားပေးမဆက်ဆံစေချင်သောမိန်းမ။

(သင့်ဘဝတစ်သက်တာလုံး စိတ်ကျဉ်းကျပ်စွာနေထိုင်သွားရပါလိမ့်မည်တချိန်ချိန်မှာ သင့်ပေါက်ကွဲစွာဖြစ်တတ်သည်မို့ လက်တွဲခြင်းကို စဉ်းစားပါ။

၁၀..။သင်နှင့်စိတ်အခန့်မသင့်တိုင်းသင့်မကောင်းကြောင်းမှန်သမျှကိုသင့်မိသားစု၊

သူငယ်ချင်းများအား လိုက်လံတိုင်ကြားပြောဆိုတတ်သောမိန်းမ။

No comments:

Post a Comment