Wednesday, September 11, 2013

ချင်းက ဗျူလား ဆိုသည့်မေးခွန်းအပေါ် ကျွနိုပ်၏ အမြင်

ချင်းက ဗျူလား ဆိုသည့်မေးခွန်းအပေါ် ကျွနိုပ်၏...
Salai Aung Ling4:46am Mar 15
ချင်းက ဗျူလား ဆိုသည့်မေးခွန်းအပေါ် ကျွနိုပ်၏ အမြင်

ကျွန်တော့်အထင်အရတော့ ချင်းတွေ အားလုံးဟာ တရုတ်ပြည်ကနေဝင်လာခဲ့ကြတဲ့ လူမျိုးတစ်စုထဲတော့ ဖြစ်ရင်ဖြစ်ခဲ့မှာပါ။ (၁)ဥပမာတစ်ခုအနေနှင့် ပြောရရင် သမိုင်းအထောက်အထားတွေအရ ကျွန်တော်တို့ရဲ့ ညီအကိုရင်းတောင် ကချင် အမည်ဖြင့်ရပ်တည်နေကြတာ အားလုံးသိတဲ့အတိုင်းပါ။ အထက်မှာ Ko Naing Kheng ဆွေးနွေးတဲ့ ချင်း က ဗျူလားဆိုတဲ့မေးခွန်းမှာလဲ ဗျူ အားလုံးဟာ ချင်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ချင်းအားလုံးဟာ ဗျူလူမျိုးစု ဖြစ်ချင်မှ ဖြစ်မှာပါ။ အခုလက်ရှိ ဗမာပြည်လို့ မည့်ခေါ်လာတဲ့ နယ်မြေကြီးတစ်ခုထဲကို ကျွန်တော်တို့ ဝင်လာခဲ့တဲ့နောက် နုတ်ဆက်ပွဲလို့ခေါ်တဲ့ မနောပွဲကို ကချင်ညီအကိုတို့နဲ့အတူ ကျင်းပပြုလုပ်ပြီးနောက် ညီအစ်ကိုတွေ နယ်မြေသစ်ရှာဖွေဖို့ လမ်းခွဲခဲ့ကြတဲ့အချိန်မှာ သူ့အုပ်စု ကိုယ့်အုပ်စု ဒါမှမဟုတ် သူ့မိသားစုအလိုက် ကိုယ့်မိသားစုအလိုက် ထွက်ခွာလာခဲ့ကြတာသာ ဖြစ်ပါတယ်။ အောက်ပြည်မဖက်ကိုဆင်းပြီး နယ်မြေသစ် ရှာဖွေပြီးနေထိုင်ကြတဲ့ အုပ်စုတွေ ရှိခဲ့ကြသလို အဲဒီကနေတစ်ဆင့် ချင်းတောင်ဘက်ကို တက်လာတဲ့ အုပ်စုတွေရှိနေပြီး ကချင်ပြည်ကနေတစ်ဆင့် ချင်းတောင်ဘက်တာရိုက် ဝင်ရောက်အခြေချနေထိုင်တဲ့ အုပ်စုတွေလဲရှိနိုင်ပြီး ကချင်ပြည်ကနေ အိန္ဒိယနိုင်ငံဘက်ကို တက်သွားပြီး ထိုဒေသကနေတဆင့် ချင်းတောင်ဘက်ကို ပြန်ဝင်လာတဲ့ အုပ်စုတွေလဲရှိနေကြပါတယ်။ (၂)ချင်းလူမျိုးစုတွေဖြစ်ကြတဲ့ Cho,Asho,khumi,Mizo,zomi,Lami နှင့် ယခုအခေါ် Naka အားလုံးဟာ ချင်း လူမျိုးစုတွေမှန်ပေမယ့် Laimi ,Mizo,zomiတို့ဟာ Cho မဟုတ်ကြသလို ကျွန်တော်တို့ Choလူမျိုးစုတွေကလဲ Laimi ,Mizo,zomi လူမျိုးစုတော့ ဖြစ်မသွားနိုင်ပါဘူး။ ကျွန်တော်တို့ ချင်းလူမျိုးစုတွေ အားလုံးရဲ့ ဘာသာစကားတွေဟာ ၂၀%လောက်တူတာတွေရှိနေပေမယ့် လူမျိုးစုတွေအလိုက် မျိုးရိုး ရိုးရာယျဉ်ကျေးမှုအမွေအနှစ်တွေတော့ မတူကြတာကို တွေ့ကြရပါမယ်။ နောက်ပြီး ဗျူလူမျိုးစု ဖြစ်မဖြစ် ဟုတ်မဟုတ်ဆိုတာကလဲ သမိုင်းအထောက်အထားတစ်ချို့နဲ့ အဲဒီယျဉ်ကျေးမှုအမွေအနှစ်တွေနှင့်ပဲ ပြန်ပြီးရှာဖွေ သက်သေပြနိုင်ကြတာဖြစ်ပါတယ်။ ယခုလက်ရှိချိန်ထိ ချိုးလူမျိုးစုတွေရဲ့ ကျောက်ပုတီးလုံးဆွဲကြိုးတွေ၊ ကြေးနီလက်ကောက်၊ရွှေလက်ကောက်၊ ခြေကျင်း၊ကြေးခေါင်းလောင်း အကြီးအသေး၊ကြေးချောင်း ရွှေချောင်းဆံထိုး၊ကြေးဆေးတံအိုး၊ရွှေဆေးတံအိုးများ၊ကြေးနီဓါး၊ငွေဓါးများ၊လှေး၊မြှား၊ရှေးဟောင်းငွေဆွဲကြိုးများ၊ ကြေးသားတူရိယာအမျိုးမျိုးများနှင့် ထိုရိုးရာပစ္စည်းများတွင် ထွင်၇ိုက်ထားသော ဒီဇိုင်းအမှတ်လက္ခဏာများ စသည့်အမွေအနှစ်တွေဟာ ဗျူမြို့ဟောင်းများ ပြန်လည်တူးဖေါ်သည့်နေရာများတွင် တွေ့ရှိရသည့် ပစ္စည်းများနှင့် တူနေတာကိုတွေ့ရှိခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့ မှတ်တမ်းမှာလဲ တရုတ်နှင့် ဗျူ ချစ်ကြည်ရေးမှာ ဗျူတွေက ကြေးဖြင့် လုပ်ထားတဲ့ တူရိယာ၁၂မျိုးဖြင့် တီးခတ်ဖျော်ဖြေခဲ့ကြဖူးတယ်ဆိုပြီး ပြောကြပါတယ်။ အခုထိလည်း ကျွန်တော်တို့ အမှတ်၁နှင့် အမှတ်၂ဘက်မှာတော့ ကြေးဖြင့်လုပ်ထားတဲ့ မောင်းနှင့်သံချပ်၁၂မျိုးကို အသုံးပြုနေကြဆဲပဲဖြစ်ပါတယ်။ တစ်ခါတစ်လေ တီးခတ်မည့် လူသူမလောက်မှသာ ၉မျိုး သို့မဟုတ် ၇မျိုးကိုသာ တီးခတ်လာကြတာဖြစ်ပြီး ၁၂မျိုးလုံးကိုတော့ ထိန်းသိန်းထားရှိနေကြဆဲပါ။
3:34am Mar 14
ဗျူလူမျိုးများရဲ့ သမိုင်းစဉ်ဆက်ကို ကျွန်တော့်ဘိုးဘွားတွေက Moral History အဖြင့်၎င်းကောင်း ရာဇဝင်သီချင်းများဖြင့်၎င်း ထိန်းသိန်းလာခဲ့ကြတာ ဒီကနေ့ထိပါပဲ။ ဒီနှစ်၂၀၁၃ ချင်းအမျိုးသားနေ့မှာလဲ အဘိုးဗျူအကြောင်းနှင့် ပုဂံပြည်မှာ သူ့ရဲ့ ငှက်ကြီးနိမ့်နင်းခဲ့ပုံ၊ လူသားစားကျားတွေကို သတ်ဖြတ်ခဲ့ပုံ၊ဗူးပင်တွေအမြစ်ပြတ်အောင် သုတ်သင်ပြီး ထိုဗူးပင်တွေအနွယ်တွေကို မြေထဲတွင်မြုတ်ပြီး ထိုနေရာတွင် အုတ်ဂူတည်ခဲ့ပုံကအစ အသေးစိတ်စွာဖြင့် ချိုးသီချင်းဖြင့် ချိုးလူမျိုးတွေကို သီဆို ပြောပြခဲ့ပါတယ်။ ချိုးတွေ သားယောကျာင်္းရလို့ ကလေးခင်ပွန်းတပ် မွေးနေ့ပွဲ ပြုလုပ်ပေးရင် လှေးနှင့်မြှား၊ဓါးနဲ့ပလိုင်းပြုလုပ်ပေးအပ်ခြင်းဖြင့် အဘိုးဗျူရဲ့ အမွေတွေအဖြင့် လွှဲအပ်ခဲ့ပုံကအစ ချိုးတွေကို ပြန်ပြီး ပြောပြခဲ့ပါတယ်။ အမေဟာ ဗမာစာကို တစ်လုံးတောင် ရေးတတ်ပြောတတ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းထိန်းသိန်းလာခဲ့တဲ့ Moral Historyကို သူမှတ်မိသလောက် ပြန်ပြောပြခဲ့တာပဲဖြစ်ပါတယ်။ အမေဆိုပြတဲ့ အထောက်အထားတွေတစ်ချို့ဟာ ပုဂံပြည်နှင့် အခြားဒေသတွေမှာ ဒီနေ့အထိရှိနေသေးတယ်လို့ ဗျူရာဇဝင် လေ့လာသူတွေက ပြန်ပြီးပြောပြကြတယ်လို့ အမေက ကျွန်တော့်ကို ပြောပြပါတယ်။

No comments:

Post a Comment