Wednesday, September 25, 2013
K'Cho နှင့် Asho လူမျိုးတို့အခေါ်
Salai Aung Ling
K'Cho နှင့် Asho လူမျိုးတို့အခေါ်
Kchang or Chang မှသည် ချန်းလ် (သို့)Chin ချင်း ဖြစ်လာသည်။
အမှန်တစ်ကယ်ဆို ကျွှန်တော်တို့ တောင်ပိုင်းချင်း k'Cho (Chou)လူမျိုးများ နှင့် Asho ချင်းတို့အခေါ် Kchang (ချာမ်းလ်)ကနေ ချင်းဖြစ်လာတာလို့ပဲ သုံးသပ်ပါတယ်။ Kchang ၏ အနက်အဓိပ္ပါယ်မှာ လူမျိုးဖြစ်ပြီး K'Cho Kchang ၏အဓိပ္ပါယ်မှာ ချိုး လူမျိုးဟူရ်ျဖြစ်သည်။ Kchang ကို ဗမာစာဖြင့် အသံထွက်ပီပြင်အောင် ရေးဖို့ ပြောဖို့ မလွယ်ကူသောကြောင့် ဗမာနှင့် အခြားသောတိုင်းရင်းသားများ၏ အသံထွက် မပီပြင်မှုတွေကနေတစ်ဆင့် ချာမ်းလ် kChang ကနေ (ချင်း)ဖြစ်လာတာ ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ K'Cho(သို့ )Chou ချိုး ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးမြို့များဖြစ်ကြသော ပိဿနိုးမြို့ နှင့် ပုဂံပြည်ခေတ်ကတည်းကပင် အခြားသော တိုင်းရင်းသားလူမျိုးများနှင့် အတူရှင်တွဲ နေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်သည်။ သက်သေသာဓကများအနေဖြင့် ဘိုးဘွားများ၏ မျိုးရိုးယျဉ်ကျေးမှု အမွေအနှစ်များနှင့် ရှေးဟောင်းသုဒေသန အဖွဲ့များ၏ တူးဖေါ်တွေ့ရှိချက်များ အရသော်၎င်း ခုလက်ရှိအချိန်ထိ တည်ရှိနေသေးသော ပုဂံပြည်ရှိ ရှေးဟောင်း ကျောက်ဖြ...ာကြီးများကို ကြည့်ခြင်း အားဖြင့်သော်၎င်း သိရှိနိုင်သည်။ယခုအချိန်ထိ ယောနယ်သူယောနယ်သားများမှ အနီးစပ်ဆုံးအသံထွက်ဖြင့် kchangကို ချန်းလ်ဟု ခေါ်ကြသေးသည်ကို ကြည့်ခြင်းအားဖြင့် Kchang or Chang မှသည် ချင်း ဖြစ်လာနိင်သည်ကို ငြင်းစရာမရှိပေ။
ဥပမာတွေအနေနှင့် ဘာသာပြန်ချင်း
ုk'Cho kchang (Cho Chin=ချိုး ချင်းလူမျိုး)
Zopa Kchang (Zopa Chin ရိုဘာ ချင်းလူမျိုး)မြောက်ပိုင် ချင်းလူမျိုး
Laimi Kchang (Laimi Chin လိုင်မီ ချင်းလူမျိုး)
Asho kChang (Asho Chin အရှို ချင်းလူမျိုး)
Zomi Kchang ( Zomi Chin ဇိုမီ ချင်းလူမျိုး)ဟူရ်ျဖြစ်သည်။
(၂)ချိုး K'cho ဟူသည့်အမည်နာမကို အနက်အဓိပ္ပါယ်ပြန်ခြင်း Definite လုပ်ခြင်းအပေါ်
ကျွနိုပ်၏အမြင်
အမည်နာမသည် စကားလုံးမဟုတ်သောကြောင့် အနက်အဓိပ္ပါယ် ပြန်ဆိုခြင်း မလုပ်သင့်ဟု မြင်သည်။ အကယ်ရ်ျ အမည်နာမတစ်ခုခုကို ဘာသာပြန်မည်ဆိုပါက အခြားသော အနက်အဓိပ္ပါများသို့ ဆက်ရောက်လွဲမှားနိုင်သောကြောင့်ဖြစ်သည်။
K'Cho cu pakhui ah min kaa kya la pakhui ah min nga a kya cu min vai gui research kä bi men un ne tah Kcho cu direct ka traslate a mi bi dää da kya ne nei, Mik mi Kcho or Chou gui cu tiphetkho tayukkho ah ka mi law kia a kya ka hlaw ah mi law naak ka küt hle research cu mi bi ba vai hlü ki, Tayuk gui ung shin ah Chou ci ah Pakhui cu om ki ci ne a mi hmu a mi pein om ki. Min nak ki cu traslate bi ne ci vai ah kho ah kä kya ki. Tuhmü tungawi va K'cho ci ne mi guk mi pein law, a yan cu (Chou) ah haw kya man te khai ci cu mi hmat hlü ki nei. Ka mät tah ngaih läi cu K'cho or Chou cu Mün,Mkang,Dai, Ng'ga la Ukpü gui ah, mi Pakhui min Ci ah kan ngaih ka zom nak om ki, I ah kya hle ci ung Mün,Mkang, Dai, Ng'ga la Ukpü mi van naw a caipüi Zopa gui a mi om la ka ah mi om kä mi hmat pha ge ung mi mät naw mi mät k'cho ci ne mi ne pein man ge ki.
See More
Tuesday, September 24, 2013
မိမိplog ကို google မှာရှာရအောင်လုပ်နည်းတဲ.
                   မိမိplog ကို   google မှာရှာရအောင်လုပ်နည်းတဲ.
Search Engine မှာရှာဖွေနိုင်အောင်လုပ်ခြင်းဟာလည်း ကိုယ့်ဆိုဒ်ကို လူသိများအောင်လုပ်တဲ့နည်းတွေထဲမှာတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အကယ်၍ သင့်မှာ ဝက်ဘ်ဆိုဒ်တစ်ခုပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ့်ဆိုဒ် ဂူးဂယ်မှာ ရှာလို့ရနိုင်ပြီလား စစ်ဆေးကြည့်ပါ။ မရဘူးဆိုရင်တော့ ဒီနည်းလေးနဲ့လုပ်လိုက်မယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။           ပထမဆုံးအနေနဲ့     ဒီလင့်     လေးကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ Google အကောင့်နဲ့ Sign In ဝင်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ ကိုယ့်ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှတော့ အောက်ကပုံမှာပြထားတဲ့အတိုင်းရိုက်ထည့်ပြီးရင် Submit Request ဆိုတာလေးကိုနှိပ်လိုက်ပါ။
                ဒီလိုပြီးရင်တော့ သင့်ရဲ့ Request ဟာ ဂူးဂယ်လ်ဆီကိုရောက်ရှိသွားမှာဖြစ်ပြီး နောက်တစ်ပါတ်လောက်အကြာမှာ သင့်ရဲ့ဆိုဒ်ကို Google မှာရှာဖွေနိုင်ပြီပဲဖြစ်ပါတယ် . . .။
                ဒီလိုလုပ်ပြီးတစ်ပါတ်လောက်ကြာပါက Google Search မှာ site:yoursite.com ဆိုပြီးစမ်းသပ်ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result တွေ ရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင်ရဲ့ဆိုဒ်ကို Google မှာ Bookmark လုပ်တာအောင်မြင်သွားပါပြီ။
             အဆင်ပြေကြပါစေနော်....
ဘလော့ခရီးသည် မှ ကူးယူတင်ပြပါသည်.။
Thursday, September 19, 2013
ဗုဒ္ဓသမိုင်းအကျဉ်း
မြတ်ဗုဒ္ဓအကြောင်းသမိုင်းအကျဉ်းချုပ်
ခမည်းတော်-သုဒ္ဓေါဒနမင်းကြီး
မယ်တော်-မာယာဒေဝီ
မိထွေးတော်- ဂေါတမီ
ကြင်ယာတော်- ယသော်ဓရာဒေဝီ
သားတော်- ရာဟုလာမင်းသား
ညီတော်- အာနန္ဒာ
ယောက်ဖတော်- ဒေဝဒတ်
ယောက္ခမမင်း- သုဗ္ဗဗုဒ္ဓမင်း
ငယ်အမည်- သိဒ္ဓတ္ထ မင်းသား
ဖွားမြင်သည့်နေရာ- လုဗ္ဗနိဥယျာဉ် (နိပေါ)
ဖွားမြင်သည့်နှစ်- မဟာသက္ကရာဇ်၆၈ကဆုန်လပြည့် သောကြာနေ့
အိမ်ထောင်ပြုစဉ်အသက်- ၁၆ နှစ်
တောထွက်ချိန်- ၂၉ နှစ်
တရားကျင့်သည့်နှစ်ပေါင်း- ၆ နှစ် (ဒုက္ကရစရိယာ)
ဘုရားဖြစ်ချိန်သက်တော်- ၃၅နှစ်
ဘွဲ့တော်- ဂေါတမ
ပရိနိဗ္ဗာန်ပြုချိန်သက်တော်- ၈၀ နှစ်
ပရိနိဗ္ဗာန်ပြုချိန်ဝါတော်- ၄၅ ၀ါ
နေပြည်တော်- ကပိလ၀တ်ပြည် (သက္ကတတိုင်း)
နန်းစံနှစ်- ၁၃ နှစ်
နမိတ်ကြီး လေးပါး- သူအို၊ သူနာ၊ သူသေ၊ ရဟန်း
ဗျာဒိတ်ခံယူသောဘ၀- သူမေဓါ ရသေ့ဘဝ
ဗျာဒိတ်ပေးသောနေ့- ကဆုန်လပြည့်နေ့
ဗျာဒိတ်ပေးသောဘုရား- ဒီပင်္ကရာ မြတ်စွာဘုရား
ပါရမီဖြည့်ဘက်- သူမိတ္တာအမျိုးသမီး (ရသေ့မ)
ပါရမီဖြည့်ကာလ- လေးင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ခြင်း၏ရည်ရွယ်ချက်- သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ကရစရိယာ ကျင့်သောနေရာ- ဥရုဝေဌတောအုပ်
ဘုရားပွင့်ရန်သက်တမ်း- နှစ်(၁၀၀)တန်း
တရားဦးဟောကြားခံရသည့်ပုဂ္ဂိုလ်များ- ပဉ္စ၀ဂ္ဂီငါးဦး
တရားဦးဟောသည့်နေရာ- ဗာရာဏသီ(မိဂဒါဝုန်တောအုပ်)
အဆုံးအမ သာသနာ- ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာ
ကျင့်စဉ်သိက္ခာ - သီလ၊ သမာဓိ၊ ပညာ။
ချမှတ်သောလမ်းစဉ်- မဇ္ဈိမပဋိပဒါ
သန္ဓေယူသောနေ့- ၆၇ ၀ါဆိုလပြည့် ကြာသပတေးနေ့
တော်ထွက်သောနေ့- ၉၇ ၀ါဆိုလပြည့် တနင်္လာနေ့
ဘုရားဖြစ်သောနေ့- ၁၀၃ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့
ဓမ္မစကြာတရားဦးဟောသောနေ့- ၁၀၃ ၀ါဆိုလပြည့် စနေနေ့
ပရိနိဗ္ဗာန် စံသောနေ့- ၁၄၈ ကဆုန်လပြည့် အင်္ဂါနေ့
တေဇောဓါတ်လောင်ကျွမ်းသောနေ့- ၁၄၈ ကဆုန်လဆုတ် ၁၂ တနင်္ဂနွေနေ့
သန္ဓေယူ၊ တောထွက်၊ ဟောမြွက်သံချို လ၀ါဆို ။ ။
pyapal
PyaPal အကောက်အလွယ်ကူဆုံး လျှောက်နည်း
အွန်လိုင်းကနေငွေရှာတဲ့ လူတွေ PayPal  အကောင့် ဘယ်လိုဖောက်ရမလဲဆိုတာသိချင်ကြမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
            အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးနဲ့ အသေးတစ်လုံးပါပါစေ။
ဥပမာ Zh12345678 ပေါ့
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0846261126 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
  အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
ဒီလိုပုံလေးရနေပြီးဆိုရင်တော့
   ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။
PyaPal အကောက်လျှောက်ရန်အခက်အခဲရှိသူများအောက်ပါလိပ်စာတွင်အကူအညီတောင်းနိုင်ပါသည်။
Tuesday, September 17, 2013
အမျိုးသမီးတိုင်းအလိုချင်ဆုံးအရာ
အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…
တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “
အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..
“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“
ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “
အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..
“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “
ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………
………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးနော်……….
မိမိfacebook ဘယ်သူဝင်ကြည့် တာအများဆုံးလည်း
facebook မှာ မိမိ profile ကိုဘယ်သူအကြည့် အများဆုံးလဲ ....?
facebook မှာ မိမိရဲ့  profile ကိုဘယ်သူဝင်ကြည်တာအများဆုံးလဲ ...? သိချင်တဲ့ သူတွေအတွက်ပါခင်ဗျာ။
ဒီကိစ္စ နဲ့ ပက်သက်ပြီး virus link တွေလည်းတော်တော်လေးပြန့် နှံ့ နေတဲ့  link တွေ
လည်းတွေ့ နေရပါတယ်။ဒီတစ်ခါတော့ ကျိမ်းသေပေါက်ကြည့် လို့ ရမဲ့ နည်းလမ်း
ပါခင်ဗျာ။ကိုလင်းသလာဝတီရေးသားထားတာလေးကိုပြန်လည်မျှဝေပေး
လိုက်ပါတယ်ခင်ဗျာ။
 အဆင့်-1
ဖေ့ဘုတ်ကိုဖွင့်ပါ မူလမျက်နှာမှာ အောက်ကအတိုင်း လွတ်တဲ့နေရာမှာ ညာဘက်ကလစ်ကိုနှိပ်လိုက်ပါ (အောက်ပါပုံကိုကြည့်ပါ)
အဆင့်-2
ထို့နောက် ပေါ်လာသည့် boxမှ view page source ဆိုတာကိုနှိပ်လိုက်ပါ ထို့နောက်အောက်ပါပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်
အောက်ပါအတိုင်ပေါ်လာပါက Ctrl+F ကိုတွဲးလိုက်ပါက အောက်ပါအတိုင်း boxပေါ်လာပါမည်..အောက်ပါပုံမှာ Google chrome
မှာ ပြုလုပ်ထာသည့်ပါဖြစ်ပါသည်။Google chrome Ctrl=+F နှင့်တွဲးနှိပ်ပြီးပါက အပေါ်မှာပေါ်မှာဖြစ်ပြီး mozilla firefox မှာတော့
အောက်ခြေမှာပေါ်လာမှာဖြစ်ပါသည်။
အောက်ပါပုံမှာ mozilla firefox မှာ Ctrl=+F နှင့်တွဲးနှိပ်ပြီး ပေါ်လာသည့်ပုံဖြစ်ပါသည်။
ထို့နောက်ပေါ်လာသည့် Box မှာ orderedfriends ဆိုတာကိုရိုက်ထည့်လိုက်ပါ..
ထို့နောက် အောက်ပါပုံအတိုင်း highlightဖြင့် ပြထာသော စာ၏နောက်မှ list ထဲမှာ ပထမဆုံဂဏာန်အတွဲးကို ကော်ပီကူးယူလိုက်ပါ..
အဆင့်-3
ထို့နောက် Facebook စာမျက်နှာရှေ့ကိုသွာပြီးနောက် https://www.facebook.com/ စောစောကော်ပီကူးယူလာသည့် ဂဏာန်ကိုနောက်မှာထည့်ပြီး Enter ခေါက်လိုက်ပါ
ထို့အခါ မိမိprofileကို အကြည့်များဆုံးသူကိုယ်တွေ့၇မှာဖြစ်ပါတယ်...
 credit to -ကိုလင်းသလ္လာဝတီ
usb drive လျိုဝှတ်ချက်
USB Drive ရဲ့လျှို့ဝှက်ချက်တွေ
အသုံးဝင်တဲ့လျှို့ဝှက်ချက်ဆိုတော့ အသုံးဝင်တာပဲပြောပါမယ်။ USB Drive ကို Icon အနေနဲ့ သုံးနိုင်ပါတယ်။ တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကိုသုံးစွဲမယ်ဆိုရင် နောက်ပြီး USB အများကြီးနဲ့ MultipleUSB Port တွေထားရှိသုံးစွဲမယ်ဆိုရင် အဲဒီ Port ကိုကွဲပြားခြားနားတဲ့ Icon တွေ အဖြစ်ပေးထားလို့ရ ပါတယ် ။ လွယ်တာကတော့ R-Click> Custom Icon ကနေပေးထားတဲ့ပုံစံထဲကတစ်ခုချိန်းယူတာမျိုးပါ ။နောက်ထပ် လုပ်ဆောင်နိုင်တာကတော့ (.ico) Format ကို Drive ထဲ အရင်ထည့်ထားပြီး မှ ပြောင်းတာပါ။
Convert icon ဆော့ဝဲလေးကနေလည်း format ပြောင်းယူနိုင်ပါတယ် ။ Icon တွေကွဲပြား စွာပြပေးနေမှာဖြစ်လို့ ဘယ် USB ကဘာ file တွေပါတယ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်။Google OSကို USB Drive မှာထည့်ပြီး လိုအပ်တဲ့အခါထုတ်သုံးနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Custom ပြုလုပ်ထားနိုင်ပါတယ်။ Open Source OS တစ်ခုလည်းဖြစ်ပါတယ်။Democary Key ကိုဒေါင်းလုပ်ချပြီး stick ထဲထည့်ထားပါ ။ Windows ပေါ်မှာ Web Application တစ်ခုလိုအသုံးပြုနိုင်ပါတယ် ။ မေးလ်စစ်တာ ၊ကိုယ်ရေးကိုယ်တာတွေကို Encrypt လုပ်တာနဲ့ Browse လုပ်တာတွေဝန်ဆောင်ပေးနိုင်ပါတယ်။လုံခြုံမှုလည်းရှိပါတယ်။
XBMC Media Player ကို Drive ထဲထည့်ထားမယ်ဆိုရင် Net Book မှာပဲဖြစ်ဖြစ် Laptop မှာပဲဖြစ်ဖြစ်Media File တွေကိုလွယ်လွယ်ကူကူ ကြည့်ရှုခံစားနိုင်ပါတယ်။ကိုယ့် Thumb Drive ထဲမှာ Ubunutu ကိုထည့်သွင်းထား မယ် ဆိုရင်Windows ရဲ့ Error တွေအားလုံးကိုUbunutu ကတစ်ဆင့် Boot လုပ်ပြီးဝင်ကြည့်ရင်း ပြင်ဆင်နိုင်ပါ တယ်။အသေးစိတ်လုပ်ဆောင်ချက်တွေကိုတော့ www.lifehacker.com မှာ ၀င်ကြည့်လို့ရပါတယ်။
www.portableapps.com ကနေ အလွယ်တကူသုံးလို့ ရတဲ့ ဆော့ဝဲလေးတွေကို ရယူထည့်သွင်းထားမယ်ဆိုရင် windows ရဲ့ Memory ကိုချွေတာရာရောက်ပြီးပိုမိုမြန်ဆန်စွာအသုံပြုနိုင်စေပါမယ်။USB Safeguard ဆော့ဝဲလေး က ကိုယ့်စတစ်ကို လုံခြုံအောင်ဖန်တီးပေးနိုင်ပါတယ် ။အရေးကြီးတဲ့ ဒေတာတွေကို စတစ်ထဲထည့်ပြီး ဖိုင်ကိုဝှက် ထားတာမျိုးတွေ ပုံစံဖျောက်ထားတာ မျိုးတွေPassword ပေးထားတာမျိုးတွေလုပ်လို့ ရပါတယ်။
Data တွေကိုလွယ်ကူစွာသယ်လို့ပို့လို့လည်းရတယ်နော် ။။ခုဆိုရင် USB 3.0 အမြန်နှုန်းပါ ရနေပါပြီ။Linux အနွယ် ၀င်တွေမှာ Portable Linux OS(Eg- Slax , OS-X) ရှိတဲ့အတွက် Drive ထဲထည့်ထားပြီး Virus ရှိနိုင်တဲ့ စက်တွေအကြားမှာ အဆင်ပြေစွာ ဒေတာကူးပြောင်းနို င်ပါတယ် ။ Linux ပေါ်မှာ Virusအများ စု(မရှိသလောက်ပဲ) အလုပ်မလုပ်ဖူးလေ ။
Sunday, September 15, 2013
window အတက်မြန်စေရန်
Windows အတက်မြန်စေရန် မသုံးတဲ့ Program တွေကို ဖယ်ထုတ်ရအောင်...
Start >> Run
-       ''msconfig'' လို့ရိုက်ပါ။
-       System Configuration Utility'' Box ပေါ်လာပါမယ်။
-       ညာဘက်အစွန်းဆုံးမှာ ''Start up Tab'' ဆိုတာရှိပါတယ်။
-       ကိုယ့်အတွက် အသုံးမ၀င်တဲ့ Program တွေရဲ့ရှေ့မှာ အမှန်ခြစ် အမှတ်အသားလုပ်ထားခဲ့ရင် ပြန်ပြီး ''uncheck'' လုပ်ပေးပါ။
-       Restart ပြုလုပ်ပေးလိုက်ပါ။
window xp '7 အမြန်တင်နည်း
Window XP & 7 အမြန်တင်နည်း
                          မရှင်းပြခင်မှာ ဒီ Post လေးကို MMiTD မှ ဘော်ဒါကြီး ကို Lin Ko Ko ရဲ့ Post မှ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။
                     ဘာလဲဆိုတော့ Window 7 & XP အမြန်တင်နည်းလေးပါ။မသိသေးတဲ့သူတွေအတွက်
ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ အောက်မှာလည်း ပုံလေးနဲ့တကွ သေချာရှင်းပြထားပါတယ်။
ပုံမှန် ၀င်းဒိုး
တင်တဲ့အချိန်ထက် 10မိနစ် 15မိနစ်လောက်သက်သာစေပါတယ်။ ကဲစပြီနော်။ပုံမှန်အတိုင်း Install လုပ်
နေကျအတိုင်းဘဲလုပ်ပါ။အောက်မှာ မြင်ရတဲ့အတိုင်း ရောက်ပြီဆိုရင် Shif+F10 ကိုနှိပ်ပါ။
command prompt ကျလာပါလိမ့်မယ် အောက်က လိုပေါ့
  အဲဒီအဆင့်ရောက်ပြီဆိုရင် taskmgr ဆိုတဲ့ command လေးထပ်ရိုက်ပေးပါ။
အဲလိုလေးရိုက်ပြီးသွားပြီဆိုရင် taskmanager box လေးကျလာမှာပါ။
အဲဒီမှာ Install Windows မှာ right click နှိပ် go to process ဆိုပြီးနှိပ်ရမှာပါ။
အဲလိုလေးနှိပ်လိုက်ရင် process tab ကိုရောက်သွားပါလိမ့်မယ် ။ အောက်က ပုံအတိုင်း
သူ auto select မှတ်ပေးထားတဲ့ setup.exe နေရာမှာဘဲ right click နှိပ်ပြီး Set Priority ကို High   ကိုပြောင်းပေးရမှာပါအောက်အကအတိုင်း Box လေးကျပြီး မေးပါလိမ့်မယ်။ change priority  ကိုနှိပ်ပေးပါ
ဒါဆိုရင်လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။အခုဖွင့်ထားတဲ့ Box တွေအကုန်ပြန်ပြီးပိတ်လို့ရပါပြီ။ ပုံမှန်အတိုင်း
ဝင်းဒိုးတင်လို့ရပါပြီ။ ၀င်းဒိုးကိုထိခိုက်ခြင်းမရှိပါဘူး။ပုံမှန်အတိုင်းသုံးရုံပါဘဲ အခုလုပ်တဲ့priority ကို high လုပ်ပေးရခြင်းဟာ ဒီ Window Install လုပ်ခြင်း ဦးစားပေးအဆင့်ကို မြင့်တင်ပေးတဲ့သဘောပါဘဲ။အား
လုံးဘဲအဆင်ပြေမယ်ထင်ပါတယ်။
Window XP User တွေအတွက်ကတော့ အောက်ကအဆင့်လေးမှာ အထက်ပါအတိုင်း လုပ်ဆောင်ရုံပါဘဲ ကျန်တဲ့အဆင့်လုပ်နည်းတွေကတော့အားလုံးအတူတူပါဘဲဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေဗျာ။
auto run virous ကာကွယ်မယ်
Auto Run virus ကို software မလိုဘဲ ကာကွယ်နည်းNo comments
Auto run ဆိုတဲ့ virus လေးအကြောင်းသိကြမှာပါ ကွန်ပျူတာမှာ usb တို့  CD တို့ ထဲ လိုက်ရင် auto run  ပြီးစက်ထဲ ၀င်လာတဲ့ ကောင်လေးပါ.အဲလိုဝင်လာနိုင်တာကလည်းwindow autoplay ကို enable လုပ်ထားတော့ ကပ်ပြီးဝင်လာနိုင်တာပါ ။ဒီနေတော့ အဲဒီ ကောင်လေးမ၀င်နိုင်အောင် ဘာဆော့ဝဲ မှ သုံးစရာမလို ဘဲ window မှာပါတဲ့ function နဲ့ ဘဲ autoplay  ကို disable လုပ်ထားတဲ့နည်းလေးပြောပြပါ မယ်။
ပထမ ဥိးဆုံးအောက်ကပုံအတိုင်း start -Run ထဲကို သွားပါ (shotcutkey :window key +R)့ ပြီးရင်
gpedit.msc လို ရိုက်ပါ။ပြီး ok ပေးလိုက်
ok ပေးပြီးတာနဲ့ အောက်က ပုံလိုမျိုး window box တခု ကျလာမယ် အဲဒီမှာ computer Configuration,ဘေးကမျှားလေး နှိပ် ထပ်ကျလာတဲ့ list ထဲက Administrative Templates, ဘေးကမျှားကိုနှိပ် ပြိးထပ်ပြီးကျလာတဲ့ list ထဲက Windows Components,  ဘေးကမျှားကိုနှိပ် ပြိးထပ်ပြီးကျလာတဲ့ list ထဲက Autoplay Policies ကို double click နှိပ်ပါ ပြိးရင် ဘေးက box ထဲ က turn off autoplay ဆိုတာ ကို double click ထပ် နှိပ်လိုက်ရင် 
အောက်ဆုင်္းက ပုံလို window box တခုပေါ်လာမယ် အဲဒီမှာ enable ကို lick  ပေးပြီး ok ပေးလိုက်ရင် ရပါပြီ။
ခုဆိုရင် window autoplay disable လုပ်နည်းပြီးပါပြီ။
အောင် ဆန်းမိန့် ခွန်း
၁၉၆၂ ခုနှစ် မှ ယနေ့အထိ...
Salai Aung Ling
အောင်ဆန်းမိန့်ခွန်း
8:36am Jul 13
၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
by Burma Ter Tee on Thursday, July 12, 2012 at 7:31pm ·
အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင်
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ နှင့်
စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။
သူကျဆုံးသွား ခဲ့ရသော ဤ ဇူလိုင်လ တွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
( ဗိုလ်ဥတ္တမကျော် )
ရဲဘော်တို့----
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။
ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသား များဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေး ဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများ
ရတာနဲ့ တပြိုင်နက်ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။
ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ
ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခုဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်တယ်။
ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီ အ ကျိုး ကို ကာကွယ်ရမယ့်ဗမာ့တပ်မတော်ဟာလည်းဗမာတစ်နိုင်ငံလုံးတစ်မျိုးသားလုံးအတွက်
ဖြစ် တယ် ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင် ထား တာမဟုတ်။ တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာ ကွယ် စောင့်ရှောင့်ဖို့ နိုင်ငံနှင့် အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော် ဟာ နိုင်ငံ နဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့် တာမဟုတ် ။အဲဒီလိုစောင့်တဲ့ သစ္စာ ဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါ တို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော် တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ ကိုယ့်နိုင် ငံ နဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။
တကယ်လို့ ဒီအကြီး အမှုးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီး အမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီး အမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှုး တစ်ယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေး တဲ့အခါ အမိန့်ဟာ နည်းကျ မကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ် ထဲ မှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တစ်ယောက် ကို ဖြစ်ဖြစ် အခြားအကြီး အမှုး တစ်ယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ် ဟာ အဲဒီလိုတော်တဲ့ လူကို ထိုး တင်ပြီး နောက် လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြ ပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲ မှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ် လုပ်တယ်။ ရှေးကလည်း အနစ်နာ ခံဘူးတယ် ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေးလို့ မတိုးတတ်သေးရင် နောက် တစ်နေ့ တိုးတတ်မှာပဲ။
တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေ စ၇ာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန် က ပြန်လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာ ခံဘူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူ မှတတ်မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့် ဗမာ့ တပ်မတော် မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူး အဆင့်အတန်း တိုး တတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေ တွေဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှင်းခြင် တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အားလုံးဘဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့် အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရ မှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင် ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာဘဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုးတွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာဘဲ ရှမ်းဘဲ ကရင်ဘဲ ချင်းဘဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာဘဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာဘဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာ ကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့--- ဘာကြီးရဲ့--- နဲ့လာမျှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျှူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ်ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေ ဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာရာဇဝင်သမိုင်းတွေ ကကောင်းကောင်း ပြထားတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်း လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျ တာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက် ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတစ်ခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ဘဲ။
စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ
နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခုနားလည်စေချင် တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းဘဲ။ ။
ဖုန်း Free call
အင်တာနက်ကနေ ဖုန်းကို ဖရီးခေါ်မယ်(မြန်မာနိုင်ငံအပါ)
ကျွန်တော်စမ်းတာတော့ တကယ်ရတယ်ဗျ ။ ဒါကြောင့် ပြန်ရှဲပေးလိုက်တာ ။ ရသလောက်ဆိုဒ်တွေကို ပြန်တင်ပေးပါတယ် ။ တစ်ဆိုဒ်ချင်း အသုံးပြုပုံကို ကျွန်တော် မရေးတော့ပါဘူး ။ ကိုယ့်ဖာသာကို ကလိစူးစမ်းကြပါလို့ ။ ဟုတ်ပါတယ်ဗျာ ။ ဆိုဒ်တစ်ခုရဲ့ အသုံးပြုပုံကို ရေးပေးစရာမလိုတော့ပါဘူး ။ ဘာလို့ဆိုတော့ နေ့တိုင်း ကျွန်တော်တို့တွေ ဆောပ်ဝဲလ်တစ်ခု မဟုတ်တစ်ခု အသုံးပြုနေကြပါတယ် ။ ဓါတ်ပုံပြင်တဲ့ သူလည်း ဖိုတိုရှောပ်.. အမျိုးမျိုးပဲလေ ။ အဲဒါတွေတောင်မှ သုံးတတ်တာကို ဒီလို ဆိုဒ်ကလေးလောက်တော့ သနားပါတယ်လို့ ပြောလိုက်ပါ ။ Option ဘယ်နှစ်ခုပါလို့လဲ ။ မရရင် တွေ့သမျှ အကုန်လိုက်နိပ်လိုက် ။ ဘာမှမဖြစ်ပါဘူးဗျာ။ အရေးကြီးတာက သုံးတတ်ဖို့ပဲလေ ။ သူများသင်ပေးလို့ တတ်တာက သူများသင်ပေးသလောက်ပဲ ရမယ် ။ ကိုယ်ဖာသာကိုယ် တတ်တာက ကိုယ်တတ်ချင်သလောက်တတ်လို့ရတယ် ။ တတ်ချင်သလောက် လေ့လာနိုင်တယ် ။ ဒါကြောင့် ကိုယ့်အားကိုကိုးစမ်းပါလို့ တိုက်တွန်းပါရစေဗျာ ။ ဒါတော့ ကျွန်တော်ရဲ့ အတွေးအမြင်ပါ ။ အတွေးအမှန်ဆိုတာ ကိုယ်တွေးတဲ့ဘက် ကိုယ်မြင်တဲ့ဘက် မှန်တာပါနော် ။
             ကဲ စကားများနေပြန်ပါပြီ ။ ကဲ အောက်က ဆိုဒ်တွေက တစ်ခုချင်းစီ စမ်းကြည့်လိုက်ပါ ။ လုံးဝခေါ်လို့ရတယ်လို့တော့ ကျွန်တော် အာမခံပါတယ် ။ စမ်းကြည့်လိုက်ပါဗျာ ။
http://localphone.com
ဒီဆိုဒ်က ကျွန်တော် စမ်းတာ တကယ်ရတယ် ။ ရတယ်ဆိုပြီးရောပဲ ဘယ်လောက်ထိ ဖရီးပေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိရသေးပါဘူး :)
free 5minutes call to anywhere in the world လို့တော့ ပြထားပါတယ်ဗျ ။
register လုပ်ဖို့တော့ လိုပါတယ် ။ facebook အကောင့်ရှိရင် ပိုအဆင်ပြေပါတယ် ။ sing up with facebook ကို နိပ်လိုက်ရုံနဲ့ ခဏစောင့်ပြီး အဲဒီမှာ အဲဒီဆိုဒ်မှာ သုံးဖို့ password ကို ရိုက်ထည့်ရုံနဲ့ အသုံးပြုနိုင်ပါပြီ ။ စတင်ခေါ်ဆိုနိုင်ပါပြီ ။ ဒါတော့ ကျွန်တော် စမ်းတဲ့ ဆိုဒ်ရဲ့ အနေအထားပါ ။(မြန်မာနိုင်ငံပါ ခေါ်နိုင်ကြောင်း အထူးသတင်းအနေနဖြင့် ပါးအပ်သည်။ ကျွန်တော်နိုင်ငံတွင် အသိဖုန်းနံပါတ် မရှိသဖြင့် မစမ်းလိုက်ရပါကြောင်း ထပ်လောင်းပြောကြားပါသည် :D )
နောက်တစ်ဆိုဒ်ကတော့  http://economycalling.com ပါ ။ သူရဲ့ အသုံးပြုပုံကတော့ ဒီလိုပါ ။
ထုံစံအတိုင်း သူ့ဆိုဒ်မှာ Register လုပ်ရပါမယ် ။ ပြီးရင် မိမိရဲ့အကောင့်မှာ မိမိရဲ့ ဖုန်းနံပါတ်ကို ထည့်ပါ(မိမိအကောင့်ဆိုတာ အဲဒီဆိုဒ်က အကောင့်ကိုပြောတာပါ ။ ဆိုလိုတာက ning site တွေမှာ profile သဘောမျိုး)
ပြီးရင်တော့ ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို နိပ် ။ များသောအားဖြင့် နိုင်ငံကို အရင်ရွေးပေးရပါတယ် ။ နိုင်ငံကို ရွေးပေးပြီးတာနဲ့ နိုင်ငံရဲ့ ကုတ်က အော်တိုပေါ်တယ် ။ကိုယ်ရိုက်ထည့်ရမှာက နောက်ကဂဏန်းတွေပဲ ။ တစ်ခုတော့ရှိတယ်နော် ။ ကျွန်တော်တို့ ထိုင်းဖုန်းမှာတော့ ဒီလိုပေါ်တယ် ။ 08 or +66 အဲလိုရှိတယ် ။ ကျွန်တော်တို့ချင်းချင်း ခေါ်ရင်တော့ 08နဲ့ပဲ ။ နိုင်ငံခြားကနေရင်တော့ +668 အဲအရင်ခံပြီးတော့ ခေါ်ရပါတယ် ။ ဒါတော့ ကျွန်တော် သိသလောက်လေးပါ ။ ကျန်တဲ့  နိုင်ငံ ဘယ်လိုလဲ ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ကြောင်းပါ ။ ကိုယ်နေနေတဲ့ နိုင်ငံရဲ့ ကုတ် အကြောင်းကိုတော့ သိထားရမယ်လေ ။ တော်ကြာနေ မရပါလား ဆိုနေမှာ စိုးလို့ ။ စကားကြောလည်း ရှည်ပြန်မိပြီ ။ အဲ... သူငယ်ချင်းတွေကို ခေါ်တဲ့အဆင့်ရောက်ပြီနော် ။ မိမိအကောင့် မိမိဖုန်းနံပါတ်ကို ထည့်ထားပြီးရင်တော့ ခေါ်လိုက်တော့ပေါ့ ။ အဲဒီခါကျရင် သင့်ဖုန်းထဲကို Code ကို ဆိုဒ်က ပို့လာပေးလိမ့်မယ် ။ အဲဒီ code ကို ရိုက်ထည့်ပေးလိုက်ရုံဖြင့် စတင်ခေါ်ဆိုနေပြီ ဖြစ်ကြောင်း ။
နောက်ကျန်တဲ့ ဆိုဒ်အကြောင်းတွေကိုတော့ ကျွန်တော် မရေးပေးတော့ပါဘူး ။ ကိုယ့်ဖာသာကိုယ် စူးစမ်းကြပါတော့လို့ အတိုကောက်ပဲ ပြောပါရစေတော့နော် ။
  အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်
ငြိမ်းချမ်း​ရေး နိုဘယ်​ဆု
ငြိမ်းချမ်းရေး နိုဘယ်ဆုအကြောင်း နှင့် ဆုရရှိကြသူများ
Monday, February 27 at 9:38am
Noble Peace
ငြိမ်းချမ်းရေး နိုဘယ်ဆု
အဲလ်ဖရက်ဘန်းဟာ့ဒ် နိုဘယ်
         ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှု ပညာရှင် အဲလ်ဖရက်ဘန်းဟာ့ဒ် နိုဘယ် (Adfred Bernhard Nobel)မှ ပေးအပ်ချီးမြှင့်သော နိုဘယ်ဆု (၅)ဆု အနက်မှ တစ်ခုဖြစ်သည်။ နိုဘယ်၏ သေတမ်းစာ အရ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နိုင်ငံများ အကြား အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင် ဖြစ်ခြင်း လျော့ပါးစေခြင်း နှင့် ငြိမ်းချမ်းရေး မြှင့်တင်သူ နှင့် ထိန်းသိမ်းနိုင်သူတို့ကို ဤငြိမ်းချမ်းရေး နိုဘယ်ဆု ပေးအပ်ချီးမြှင့်ရန် ရေးသားထားခဲ့သည်။
        အဲလ်ဖရက် နိုဘယ်၏ သေတမ်းစာအရ နိုဘယ်ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားထားခဲ့ ခြင်းကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုကို နှစ်စဉ်တိုင်း နော်ဝေနိုင်ငံ၏ မြို့တော် အော်စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ် ချီးမြှင့်သည်။ နိုဘယ် ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ဆုပေးပွဲ အစဉ်သဖြင့် ကျင်းပသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုကို အော်စလိုမြို့ရှိ နော်ဝေးဂျီယံနိုဘယ်ကော်မတီ(Norwegian Nobel Committee) တာဝန်ယူ ဆောင်ရွက်ရသည်။
1. ဒီပလိုမာ
2. ဆွဲပြား
3. ဆုကြေးငွေ ပမာဏ ဖော်ပြထားသော ဆုလက်မှတ် တို့ ဖြစ်ကြသည်။
       နိုဘယ်ဆု ချီးမြှင့်သည့် အခမ်းအနားအပြီး နောက်နေ့တွင် နိုဘယ်ဆု နှင်းသဘင် ပျော်ပွဲရွှင်ပွဲကို အော်စလို မြို့တော်ခန်းမတွင် ကျင်းပသည်။ ၄င်းပွဲကျင်းပပုံကိုလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ ကျော်မှ လူသန်းပေါင်း ၄၅ဝ ကျော်ထံသို့ လေလှိုင်းမှ ထုတ်လွှင့်သည်။ ၄င်းပွဲလမ်းသဘင်သည် ကမ္ဘာ့ကျော်များ တက်ရောက်ပြီး ကမ္ဘာ့နှင့်ချီ၍ ကြီးကျယ်ခန်းနားသော အခမ်းအနားဖြစ်သည်။ နိုဘယ်ဆုရွေးချယ်မှုနှင့် ပတ်သက်ပြီး ရန်ဖန်ရံခါ အငြင်းပွားဖွယ်များ ကြုံရသည်မှာ နိုဘယ်ဆုရှင်သည် ယခင်က အကြမ်းဖက် လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး အချိန်တစ်ခုတွင်မှ အကြမ်းမဖက်သော ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ ဤငြိမ်းချမ်းရေး နိုဘယ်ဆု သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပေးအပ်ခြင်း မရှိသော တစ်ခုတည်းသော နိုဘယ်ဆု ဖြစ်သည်။
Monday, February 27 at 9:28am
ငြိမ်းချမ်းရေး နိုဘယ်ဆုရသူများ
• ၂၀၀၉ - ဘာရတ် အိုဗားမား Barack H. Obama
• ၂၀၀၈ - Martti Ahtisaari
• ၂၀၀၇ - Intergovernmental Panel on Climate Change, Al Gore
• ၂၀၀၆ - Muhammad Yunus, Grameen Bank
• ၂၀၀၅ - International Atomic Energy Agency, Mohamed ElBaradei
• ၂၀၀၄ - Wangari Maathai
• ၂၀၀၃ - Shirin Ebadi
• ၂၀၀၂ - ဂျင်မီကာတာ Jimmy Carter
• ၂၀၀၁ - United Nations, ကိုဖီအာနန် Kofi Annan
• ၂၀၀၀ - Kim Dae-jung
• ၁၉၉၉ - Médecins Sans Frontières
• ၁၉၉၈ - John Hume, David Trimble
• ၁၉၉၇ - International Campaign to Ban Landmines, Jody Williams
• ၁၉၉၆ - Carlos Filipe Ximenes Belo, José Ramos-Horta
• ၁၉၉၅ - Joseph Rotblat, Pugwash Conferences on Science and World Affairs
• ၁၉၉၄ - Yasser Arafat, Shimon Peres, Yitzhak Rabin
• ၁၉၉၃ - Nelson Mandela, F.W. de Klerk
• ၁၉၉၂ - Rigoberta Menchú Tum
• ၁၉၉၁ - အောင်ဆန်းစုကြည်
• ၁၉၉၀ - Mikhail Gorbachev
• ၁၉၈၉ - The 14th Dalai Lama
• ၁၉၈၈ - United Nations Peacekeeping Forces
• ၁၉၈၇ - Oscar Arias Sánchez
• ၁၉၈၆ - Elie Wiesel
• ၁၉၈၅ - International Physicians for the Prevention of Nuclear War
• ၁၉၈၄ - Desmond Tutu
• ၁၉၈၃ - Lech Walesa
• ၁၉၈၂ - Alva Myrdal, Alfonso García Robles
• ၁၉၈၁ - Office of the United Nations High Commissioner for Refugees
• ၁၉၈၀ - Adolfo Pérez Esquivel
• ၁၉၇၉ - မာသာထရီဇာ Mother Teresa
• ၁၉၇၈ - Anwar al-Sadat, Menachem Begin
• ၁၉၇၇ - Amnesty International
• ၁၉၇၆ - Betty Williams, Mairead Corrigan
• ၁၉၇၅ - Andrei Sakharov
• ၁၉၇၄ - Seán MacBride, Eisaku Sato
• ၁၉၇၃ - Henry Kissinger, Le Duc Tho
• ၁၉၇၂ - The prize money for 1972 was allocated to the Main Fund
• ၁၉၇၁ - Willy Brandt
• ၁၉၇၀ - Norman Borlaug
• ၁၉၆၉ - International Labour Organization
• ၁၉၆၈ - René Cassin
• ၁၉၆၇ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၆၆ - The prize money was allocated to the Special Fund of this prize section
• ၁၉၆၅ - United Nations Children's Fund
• ၁၉၆၄ - Martin Luther King Jr.
• ၁၉၆၃ - International Committee of the Red Cross, League of Red Cross Societies
• ၁၉၆၂ - Linus Pauling
• ၁၉၆၁ - Dag Hammarskjöld
• ၁၉၆၀ - Albert Lutuli
• ၁၉၅၉ - Philip Noel-Baker
• ၁၉၅၈ - Georges Pire
• ၁၉၅၇ - Lester Bowles Pearson
• ၁၉၅၆ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၅၅ - The prize money was allocated to the Special Fund of this prize section
• ၁၉၅၄ - Office of the United Nations High Commissioner for Refugees
• ၁၉၅၃ - George C. Marshall
• ၁၉၅၂ - Albert Schweitzer
• ၁၉၅၁ - Léon Jouhaux
• ၁၉၅၀ - Ralph Bunche
• ၁၉၄၉ - Lord Boyd Orr
• ၁၉၄၈ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၄၇ - Friends Service Council, American Friends Service Committee
• ၁၉၄၆ - Emily Greene Balch, John R. Mott
• ၁၉၄၅ - Cordell Hull
• ၁၉၄၄ - International Committee of the Red Cross
• ၁၉၄၃ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၄၂ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၄၁ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၄၀ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၃၉ - The prize money was with 1/3 allocated to the Main Fund and with 2/3 to the Special Fund of this prize section
• ၁၉၃၈ - Nansen International Office for Refugees
• ၁၉၃၇ - Robert Cecil
• ၁၉၃၆ - Carlos Saavedra Lamas
• ၁၉၃၅ - Carl von Ossietzky
• ၁၉၃၄ - Arthur Henderson
• ၁၉၃၃ - Sir Norman Angell
• ၁၉၃၂ - The prize money was allocated to the Special Fund of this prize section
• ၁၉၃၁ - Jane Addams, Nicholas Murray Butler
• ၁၉၃၀ - Nathan Söderblom
• ၁၉၂၉ - Frank B. Kellogg
• ၁၉၂၈ - The prize money was allocated to the Special Fund of this prize section
• ၁၉၂၇ - Ferdinand Buisson, Ludwig Quidde
• ၁၉၂၆ - Aristide Briand, Gustav Stresemann
• ၁၉၂၅ - Sir Austen Chamberlain, Charles G. Dawes
• ၁၉၂၄ - The prize money was allocated to the Special Fund of this prize section
• ၁၉၂၃ - The prize money was allocated to the Special Fund of this prize section
• ၁၉၂၂ - Fridtjof Nansen
• ၁၉၂၁ - Hjalmar Branting, Christian Lange
• ၁၉၂၀ - Léon Bourgeois
• ၁၉၁၉ - Woodrow Wilson
• ၁၉၁၈ - The prize money was allocated to the Special Fund of this prize section
• ၁၉၁၇ - International Committee of the Red Cross
• ၁၉၁၆ - The prize money was allocated to the Special Fund of this prize section
• ၁၉၁၅ - The prize money was allocated to the Special Fund of this prize section
• ၁၉၁၄ - The prize money was allocated to the Special Fund of this prize section
• ၁၉၁၃ - Henri La Fontaine
• ၁၉၁၂ - Elihu Root
• ၁၉၁၁ - Tobias Asser, Alfred Fried
• ၁၉၁၀ - Permanent International Peace Bureau
• ၁၉၀၉ - Auguste Beernaert, Paul Henri d'Estournelles de Constant
• ၁၉၀၈ - Klas Pontus Arnoldson, Fredrik Bajer
• ၁၉၀၇ - Ernesto Teodoro Moneta, Louis Renault
• ၁၉၀၆ - Theodore Roosevelt
• ၁၉၀၅ - Bertha von Suttner
• ၁၉၀၄ - Institute of International Law
• ၁၉၀၃ - Randal Cremer
• ၁၉၀၂ - Élie Ducommun, Albert Gobat
• ၁၉၀၁ - ဟင်နရီဒူးနန့် Henry Dunant, Frédéric Passy
အမေစုကြောင့် ကျွန်တော်တိုမြန်မာဆိုတာ ဂုဏ်တင့်ခဲ့ရတာပါ။
                                                      လေးစားစွာဖြင့်   ....    မောင်မြင့်
windows 7 usb drive ဖြင့်အမြန်တင်နည်း
Windows 7 ကို USB Drive ဖြင့်အလွယ်တကူတင်နည်း
ကျွန်တော်ဒီနေ့တော့  Windows တင်တော့မယ် ဆိုရင် CD/DVD Drive မရှိလို့ အခက်အခဲ ဖြစ်နေသူ များအတွက်  Flash Drive , USB Drive ကနေ Windows တင်လို့ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ် အခု နည်းလမ်းလေးက Windows 7 တင်တဲ့ နည်းပါ.. XP  တင်တဲ့ နည်းကတော့ ကျွန်တော် နောက်မှ ထပ်ရေး ပေးသွားပါမယ်..အခု နည်းလမ်းလေးက အရမ်းလဲလွယ်ပါတယ်.. ကျွန်တော် မလုပ်တက်သေး သူတွေပါ အဆင်ပြေပြေ နဲ့လုပ်တက်သွား အောင်အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..
 အရင်ဆုံး Flash Drive ကနေ Windows 7 မတင်ခင် လိုအပ် တာလေးတွေကို ပြောပြပေး သွားပါမယ်..
1. Windows 7  image ISO  File
2. USB Drive  ( 4 GB )
3.WinToFlash  Software တို့လိုအပ် မှာဖြစ်ပါတယ်..
ကျွန်တော်တို့ Windows 7 image ISO File မရှိသေးတဲ့ သူများကတော့ ဒီအောက် ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Collection ဆိုပြီး တင်ပေးထားတာ ရှိပါတယ်.. မိမိတို့ တင်ချင်တဲ့ Windows အမျိုးအစား ကိုရွေးပြီးတော့ သာဒေါင်းလော့ ချသွားလိုက်ပါ..
Windows 7 Collection  Download 
Windows ခွေကို ဒေါင်းလော့ချပြီးရင် အောက်ကပုံ မှာပြထားသလို ဖိုင်ဖြည်လိုက်ပါ.. ပြီးရင်အဲ့ဒီ Folder လေးကို Partation တစ်ခုထဲမှာ ထည့်ထားပေးပါ..
 အောက်ကပုံမှာ ပြထားသလို Folder လေးပေါ်လာပါလိမ့်မယ်..
အောက်ကပုံကတော့ ပေါ်ကပြထားတဲ့ ဖိုဒါထဲမှာပါတဲ့ Windows setup File တွေပဲ ဖြစ်ပါတယ်..
နောက်တစ်ချက် USB Flash Drive ကတော့ မိမိတို့ အစီအစဉ်နဲ့ ၀ယ်မယ်ဆိုရင်လဲ ၀ယ်လိုက်ပါ..။ ဒါမှမဟုတ် သူငယ်ချင်းဆီက ယူပြီးငှားသုံးမယ် ဆိုရင်လဲသုံးပါ အဆင်ပြေသလိုသာ လုပ်ပါ.. USB Drive ( 4 GB ) ဆိုအဆင်ပြေပါတယ် 
နောက်တစ်ချက် WinToFlash ကိုတော့ သူရဲ့မူရင်း ဆိုဒ်မှာသွားပြီး ဒေါင်းလော့ ချရင်လဲရပါတယ်..ကျွန်တော် အောက်မှာလဲ တင်ပေးထားတာရှိပါတယ်..
WinToFlash  Download
Download Ifile.itDownload MediafireDownload Multiupload
ကျွန်တော်အပေါ် မှာပြောခဲ့တဲ့ အဆင့်သုံးဆင့် ကိုပြင်ဆင်ပြီး  သွားပြီဆိုရင်တော့ Windows 7 ကို USB Drive မှဘယ်လို Install လုပ်ရမယ်ဆိုတာကို အောက်မှာတစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်..
အရင်ဆုံး ဒေါင်းလော့ချထားတဲ့ WinToFlash လေးကိုမိမိတို့ရဲ့ စက်မှာ Run ပေးလိုက်ပါ..
အောက်ကပုံ အတိုင်းပေါ် လာပြီဆိုရင်တော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ပြထားသလို အဆင့်ဆင့် လုပ်ပေး လိုက်ပါ..
ဒီအောက်က အဆင့်ကို ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့က စောစောက ဒေါင်းလော့ချပြီး ဖိုင်ဖြည်ထားတဲ့ Windows 7 image ဖိုင်ကို USB Drive ထဲကိုထည့်ပေး ရမှာဖြစ်ပါတယ်..ကျွန်တော် အောက်မှာ 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ်..1 ကတော့ စောစောက ဖိုင်ဖြည်ထားတဲ့ Windows 7  image Folder ကိုရွေးပေးရမှာဖြစ်ပါတယ်.. 2 ကတော့ ကျွန်တော်တို့ Windows တင်တဲ့အခါ အသုံးပြုမဲ့ USB Drive ကိုရွေးပေးရမှာ ဖြစ်ပါတယ်..
အောက်ကပုံအတိုင်း ရွေးပေးပြီးပြီ ဆိုရင်တော့ Next ကိုပေးလိုက်ပါ..
အောက်ကပုံအတိုင်း  License တောင်ရင်တော့ Next time ပေးလိုက်ပါ..
အပေါ်က အဆင့်တွေကတော့ USB Drive ထဲမှာ Windows image ဖိုင်ကိုထည့်ပြီး ပြင်ဆင်တဲ့ အပိုင်းပါ..ကျွန်တော်တို့ နောက်တစ်ဆင့် Windows Installation လုပ်တဲ့အခါမှာ First Boot ကို USB HDD  လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်..ဒါမှသာ Boot လုပ်ငန်းစဉ်ပြီးလို့ Bios ကိုဝင်စစ်တဲ့အခါမှာ USB Drive ကိုတွေ့ မှာဖြစ်ပါတယ်..ကျွန်တော်ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါ တယ်.. အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ.. ပြီးရင် Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ပါ.. ဒါဆိုရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်..
အောက်ကပုံ အတိုင်း USB HDD ကိုရွေးပေးပြီးရင် Enter ခေါက်လိုက်ပါ..
ပြီးရင် Second Boot Device ကို Hard Disk လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်. အခုအတိုင်းပဲ ပြောင်းပေးလိုက်ပါ..
အောက်က ပုံအတိုင်းပြောင်းပြီးသွား ပြီဆိုရင်တော့ Keyboard မှ F10 ကိုနှိပ်ပြီး Save  လိုက်ပါ..
အောက်ကပုံ အတိုင်းပေါ်လာပြီ ဆိုရင်တော့ Y ကိုနှိပ်ပြီး Enter ခေါက်ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် BIOS ထဲမှာလည်း ပြင်ဆင်ပြီးသွားပါပြီ..
အားလုံးပြီး သွားပြီဆိုရင်တော့ ပုံမှန်အတိုင်း Wondows တင်လို့ရသွားပါပြီ..။ Windows 7 မတင်တက် သေးဘူးဆိုရင်တော့ ဒီအောက်ကလင့်မှာ ကျွန်တော်ရှင်းပြပေး ထားတာရှိပါတယ်..
Windows 7 တင်နည်း 
ဒီလောက် ဆိုရင်တော့ USB Drive ကနေ Windows တင်တာနဲ့ ပါတ်သတ်ပြီး အားလုံးပဲ အဆင်ပြေပြေ နဲ့လုပ်တက်သွားမယ်လို့ ထင်ပါတယ်..
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..
Download  Ifile.itDownload  MediafireDownload Multiupload
အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ကိုနေမင်းမောင်ဆိုက် မှ ကူယူတင်ပြခြင်းဖြစ်သည်။...။