Wednesday, November 27, 2013

ချင်းအမျိုးသားနေ့ ဓါတ်ပုံ

HHHHH
မြန်မာနိုင်ငံချင်းလူမျုးများရဲ့ချင်းအမျိုး
သားနေ့ဖြစ်ပေါ်လာပပုံသမိုင်းအကျဉ်း
တဲ့ ကူးယူဓါတ်ပုံပါ မသိသေးသူများအ
တွက်ပါ...........
နပ်ပါတ်စဉ်လိုက်ကြည့်ပါနော်....
ကျန်းမာကြပါစေ..............ိ
(4 photos)

နိုင်ငံရေးသီချင်း 1989

ချင်း
သမိုင်း
စစ်မှန်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ဖို့ရန်အတွက် လှည့်ဖြားခြင်းအမျိုးမျိုးမှလွတ်မြောက်ပြီး စည်းလုံးညီညွတ်ကြဖို့ ဆန္ဒပြုလျက်-ဦးဟာအွမ်-မင်းတပ်ချင်း၏ နိုင်ငံရေးသီချင်း 1989

ချင်းသမိုင်း

ချင်းသမိုင်း
October 8th, 2011
ချင်းဟူသော အမည်နာမ
ချင်းဟူသော အမည်နာမကို အစဦးကတည်းက ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇ၀င်တွင် ချင်းနှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှတဆင့် ဟူကောင်းတောင်ကြားမှသည် ဗမာပြည်ထဲသို့ဝင်ရောက်လာခဲ့စဉ်က ညီဖြစ် သူ ကချင်သည် အလေးသွားေ...နခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။ ညီဖြစ်သူ က အကို ဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန် ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင် တော့မှာ မဟုတ်ဟု ဆိုပြီး ကချင်ပြည်တွင် နေရစ်သွားခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာ ကိုကြည့်ပြီး Khang (ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။
ကချင်တို့သည် အိမ်ဆောက်လျှင် အိမ်ရှေ့ခန်းတွင် အခန်းတခုသီးသန့် ဖွဲ့စည်း ခဲ့ကြ သည်။ အဓိပ္ပါယ်မှာ အကိုဖြစ်သူ ပြန်လာလျှင် နေထိုင်ရန်အတွက်ဖြစ်သည်။ စာရေးဆရာ (G.H luce)က ဗမာနှင့် သက်၊ ရှမ်းစသည်တို့ စစ်ဖြစ်စဉ် ချင်းလူမျိုးများနှင့် မိတ်ဖွဲ့ ဆက်ဆံဘွယ်ရှိခဲ့ကြသည်။ ထို့ကြောင့် ချင်းဆို သည်မှာ ကျနော် တို့ဗမာနှင့် အချင်းချင်း၊ သူငယ် ချင်းဖြစ်သည်ဟု ဆိုရာမှ ချင်းဖြစ် လာသည်ဟု ဆိုသည်။ ၁၅၅၄ ခုနှစ်၊ မဏိပူရ် မှတ်တမ်းတွင် ချင်းတို့ကို ကူကီးဟုရေးသားထားသည်ကို တွေ့ရသည်။ Carry & Tuck ၏ မှတ်တမ်းအရ ချင်းအမည်နာမသည် တရုတ်ဘာ သာစာကား “လူ”ဟု အဓိပ္ပါယ်ရသည့် Jim or Jen ကို ဗမာလူမျိုးများ က“ချင်း”ဟု အသံထွက် ခေါ်ဆိုခြင်း ဖြစ်သည်။ ချင်းတွင်းမြစ်သည် ချင်းတို့ နေထိုင် ရာဒေသ ဖြစ်သည့်အတွက် ချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ် သည်။ ၁၁ ရာစုမတိုင်မှီ ဗမာ့ ကျောက်စာ များတွင် ချင်းအမည် နာမကို ရှင်းလင်းစွာ အသုံးပြုခဲ့ သည့် အထောက် အထားခိုင်မာစွာ တွေ့ရှိနိုင်သည်။

၁၈၉၆ ခုနှစ် ဗြိတိသျှက သိမ်းပိုက်အုပ်ချုပ်ခြင်းမပြုမှီ Chin-Kuki Lingustic People ဘာသာစကား လေ့လာသော သုသေသီများက ချင်း Chin သတ်ပုံအပြောင်းအလဲကို Khyeng, Khang, Khlang, Khyang, Khyan, Kiayn, Chiang, Chi’en, Chien ဟူ၍ ဆိုကြသည်။ အေဒီ ၁၇၈၃-၁၇၉၆ အတွင်း ဗမာပြည်တွင် ကာသိုလိပ် မစ်ရှင်အဖြစ် ရောက်ရှိလာသောFather Sangermomo က ချင်းကို Chien အဖြစ်ပေါင်းပြီး Chin Hill ကို Chien Mountain ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၁၈၂၆ ခုနှစ်တွင် ရှိတ်စပီးယားကမူ ချင်းကို Kiayn ဟူ၍၎င်း၊ ၁၈၂၄-၁၈၂၆ ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်အတွင်း Histroy of Burma ပြုစု သည့် စာရေးဆရာ Phayer က ချင်းတွင်းကို Khyendweng ဟူ၍၎င်း၊ ၁၈၉၁ တွင် Major Hughes က ၎င်း၏စစ်ရေးအစီရင်ခံစာတွင် Chin ဟူသော စကားလုံးကို ပထမဆုံးအသုံြးုပခဲ့ သည်။ ထို့နောက် A.G.E New Land ကလည်း ၎င်း၏စာ အုပ်တွင် “ချင်း”ဟူ၍ ရေးသားခဲ့သည်။ ဒေါက်တာ လျန်မှုန်းဆာ ခေါင်းသည် ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciim Nuai)ဒေသတွင် နေ ထိုင်ကြသူ များကို ဇိုမီးချင်း၊ Locom ဒေသတွင် နေ ထိုင်ကြသူများကို Lusei၊ Lailun ဒေသတွင် နေ ထိုင်ကြသူများကို Lai မျိုးနွယ်များ ဖြစ်လာကြ သည် ဟုရေးသားခဲ့သည်။ လက်ရှိ ချင်းလူမျိုး များအတွင် ဇိုမီး၊ လိုင်မီး၊ အရှို၊ ချိုး၊ ဇို စ သည့် အမည် နာမများ မပေါ်သေးမီ ချင်း အမည်သည် အမျိုးသား အမည်ဖြင့် ရပ်တည်ပြီးဖြစ်ကြောင်း Religion and Politics among the Chin People စာအုပ်တွင် အခိုင်အမာ ရေးသားခဲ့သည်။
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် DPI/1316-03025 November 1992-9M အရ ချင်းလူမျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး ကမ္ဘာ့လူမျိုးများ အလယ်တွင် လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြု ရပ်တည်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၀၁ ခုနှစ် Unrepresented Nations and People Organization (UNPO) တွင်လည်းအဖွဲ့ဝင် ဖြစ်လာခဲ့သည်၊၊
သို့ ဖြစ်ပါ၍ယနေ့ ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊ ချိုး၊ အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြ သော မျိုးနွယ်စုများ ၏ပင်ရင်း အမည် သည် “ချင်း” ပင် ဖြစ်သည်။ ယခုအခါ ဒေသတွင်း ၌ သာမက အပြည်ပြည် ဆိုင်ရာ လူ့အသိုင်းအ၀ိုင်း၌ အမျိုးသား အမည် နာမတခု တည်းအဖြစ် ရပ်တည်နေသော “ချင်း”ဟူ သော အမည်နာမ သည် ပို၍လူသိများ လာပြီဖြစ် သည်။

ချင်းတို့မူရင်းဒေသ၊

ချင်းတို့ စတင်ပေါက်ဖွားရာ မူရင်းဒေသနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုးရှိခဲ့သည်။ တချို့က ချင်လုံမှ စတင် ပေါက်ဖွားဆင်း သက်လာခဲ့သည် ဟူ၍၎င်း၊ တချို့က တရုတ်ပြည် ချင်မင်းဆက်မှ ဆင်းသက်လာသည်ဟူ၍ ၎င်း ယူဆခဲ့ကြသည်။ သို့သော်လည်း သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။ ချင်းတို့မှာ တိဗက် မြန်မာအနွယ်ဖြစ်သောကြောင့် ချင်းတို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။ ဘီစီ (၂၀၀၀)ခန့်တွင် တရုတ် တို့က မကြာခဏ၀င်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဖက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာခဲ့ ကြသည်။ တချို့သည် တိဗက်မှာ နေထိုင်ကြပြီး တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ် များမှာ၎င်း၊ တချို့မှာဟူး ကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။
ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအ နှစ်ရှာ ဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ် ကြောင်း ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မှုရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။
ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto-Burma အုပ်စု တွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။ ၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါလာ သော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားပါသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စု တွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်မီး၊ မီဇို၊ နာဂနှင့် ဇိုမီး စသည်တို့ ပါဝင်ကြ သည်။
အခြေချ နေထိုင်လာပုံ၊

ချင်းလူမျိုးတို့သည် တိဗက်တရုတ်နှင့် မြန်မာပြည်ဆုံရာ ဟူးကောင်းချိုင့်ဝှမ်းသို့ အေဒီ (၄၀၀)တွင် ရောက်ရှိအ ခြေချပြီး ဖြစ်သည်။ ၁၁ရာစုတွင်ရေးသားသော ပုဂံကျောက်စာတွင် ချင်း တို့နေထိုင်ရာ ချင်းတွင်းမြစ်ဝှမ်းကို ဖေါ်ပြ ထားသည်။ ချင်းတို့ သည် အေဒီ (၁၄)ရာစုမှ(၁၉)ရာစုအ တွင်းရှမ်း၊ မဏိပူနှင့် မြန်မာတို့ ကျူးကျော် တိုက်ခိုက်မှု ကြောင့် ဘေးကင်းရာ ချင်းတောင် တန်းသို့ တ ဖြည်းဖြည်းရွေ့ပြောင်းနေထိုင်ခဲ့ရသည်။
အေဒီ (၇၀၀)ခန့်တွင် မုံရွာမြို့၊ စစ်ကိုင်းမြို့၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာဒေသသို့ ရောက်ရှိနေထိုင် လာကြသည်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှာဖွေသူများက ၁၉၇၂ ခုနှစ်တွင် မုံရွာမြို့အနီး၌ တူးဖော် ရရှိသော ချင်းအမျိုးသားများ အသုံးအဆောင်ဖြစ်သည့် ပြောင်ခိုင်ဖြင့် ပြုလုပ်ထားသည် ယမ်းဗူးနှင့် မြေအိုး အပိုင်းအစများအား ကြည့်ခြင်းအားဖြင့်၎င်း၊ အေဒီ(၇၅၀)ခန့်က ပုဂံခေတ်ကျောက်စာများတွင် “ချင်း” ဟူ သော အသုံးအနှုန်း သုံးစွဲခဲ့ခြင်း ကို ထောက်ရှု၍၎င်း၊ ချင်းတွင်းမြစ်ဟူသော အခေါ်အဝေါ်သည်ပင်လျှင် မြစ်ရိုးတ လျှောက် ချင်းအမျိုးသားများ နေထိုင်ကြခြင်းကြောင့်သာ ချင်းတွင်းမြစ်ဟု အမည်တွင် ခဲ့ခြင်းဖြစ်နိုင်သည်။ ချင်းတွင်းချိုင့်ဝှမ်းတွင် ချင်းဘုရား၊ ချင်းရွာ၊ ချင်းစု (ယနေ့စစ်ကိုင်း)စသဖြင့် ယနေ့တိုင် တွေ့ရှိနိုင် သေးသည်။
အေဒီ(၈၀၀) သရေခေတ္တရာမြို့ ပျက်သုန်းပြီးသည့်နောက် အေဒီ (၉၀၀)၌ လက်ရှိမြန်မာပြည်အတွင်း တန်ခိုး သြဇာကြီးသော လူမျိုးသုံးမျိုးတို့မှာ ဗမာပြည်အထက်ပိုင်းတွင် ချင်းလူမျိုး၊ အလယ်ပိုင်းတွင် ပျူလူမျို့နှင့် အောက်ပိုင်း ပဲခူးဒေသတွင် မွန်လူမျိုးတို့ဖြစ်ကြသည်။ ထို့ပြင် အေဒီ (၈၀၀-၈၅၀)ခန့်တွင် ချင်းလူမျိုးတချို့သည် ကဘော်ဒေသသို့ ပြောင်းရွေ့ခဲ့ကြသည်။ အေဒီ(၁၃)ရာစုတွင် ရှမ်းလူမျိုးများ ၀င်ရောက်ကျူကျော် လာ သဖြင့် အနောက်ဖက် တောင်တန်းဒေသသို့ တက်ပြီး ပြောင်းရွေ့အခြေချခဲ့သည်။ ချင်းတို့သည် ရှမ်းတို့က ၁၃၉၅ ခုနှစ်တွင် ကလေးမြို့ကို တည်ထောင်ပြီးနောက်ပိုင်း မှသာ ချင်းတောင်သို့ အခြေချနေထိုင်လာသည် ချင်းပညာရှင်များ၏ အဆိုအရ ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciin Nuai)ဒေသတွင် နေထိုင်ကြသူများ ကို ဇိုမီး၊ လိုင်လွန် နေထိုင်ကြသူများကို လိုင်မီး၊ လိုကျွမ်း (Lo Com) ဒေသတွင် နေထိုင်သူများမှာ မီဇိုမျိုးနွယ်စု များ ဖြစ်လာကြ သည်။ ဖလမ်းမြို့နယ်ထဲမှ Khualsim မျိုးနွယ်စုသည် အေဒီ ၁၅၇၀-၁၅၈၀ အတွင်း၊ Zahau မျိုးနွယ်စုသည် အေဒီ ၁၆၁၅-၁၆၄၀ အတွင်း အခြေချခဲ့ကြပြီး လိုင်မျိုး နွယ်စုများသည် လိုင်လွန်ဂူကို စွန့်ခွါသွားကြပြီး အေဒီ ၁၆၇၅-၁၇၀၀ အတွင်း ဟားခါးနယ်သို့၎င်း၊ ၎င်းမှတဆင့် အေဒီ ၁၇၂၅-၁၇၆၀ အတွင်း ထန်တလန်နယ်သို့၎င်း အခြေချနေ ထိုင်ကြသည်ဟု S.Za Peng က ရေးသားထားသည်။ တချို့မှာမူ တောင်ဖက်နှင့် အနောက်တောင်ဖက်သို့ ဆက်လက် ပြောင်းရွေ့အခြေချ နေထိုင်ခဲ့ကြ သည်။ ယခုချင်းပြည်နယ်တွင် အဦးဆုံး အခြေချနေ ထိုင်ကြသူများမှာ ခူမီး (သို့) မရူ (Masho) မျိုးနွယ်စုများ ဖြစ်ကြရာ လိုင်မီးမျိုးနွယ်စုများ ရောက်ရှိ လာသောအခါ တောင်ဖက်သို့ ပြောင်းရွေ့ လာခဲ့ကြ သည်ဟု ဒေါက်တာ ၀ုန်ဆွန် (Dr. Vum Son) က (Zo History) စာအုပ်တွင် ရေးသား ထားသည်။ ပါမောက္ခ လုစ် မှတ်တမ်းအရ (၁၆)ရာစုအတွင်း ခူမီးမျိုးနွယ်စု သည် ယခုလက်ရှိ အခြေချနေ ထိုင်သည့် အရပ် ဒေသ၏ အရှေ့မြောက်ဖက် တောင်တန်းဒေသများတွင် အခြေချ နေ ထိုင်ခဲ့သည်။ မြို့ (Mara) မျိုးနွယ်စုသည် (၁၄) ရာစုအတွင် ရခိုင်မင်းအရိုက်အရာ ၌”မြို”မင်းတပါး တင်မြောက် ခဲ့ဘူး သည်ဟု ရခိုင်ရာဇာဝင်ကျမ်းမှာ ရှိခဲ့ဘူး သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်အနှံ့အပြား စစ်တကောင်း တောင် တန်း ဒေသ (ဘင်္ဂလာ ဒေရှ့်) များတွင် အခြေချနေထိုင်ခဲ့ကြသည်။
ချင်လဲန်သည် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်အကြားရှိမြေပြန့် နှင့် ကုန်းမြင့်များ အပါအ၀င် ပတ်ကွိုင် (Patkai) တောင်တန်းမှ၊ ဘင်္ဂလားပင်လယ်အော် နိုက်ဂရိုက်ရေလက်ကြား အထိ သွယ် တန်းနေ သောတောင်များ ပါဝင်လျက် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသည်။ တိုင်းနှင့် ပြည်နယ် များအားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်များတွင် အခြေချနေ ထိုင်ကြ သည်။ အိန္ဒိယနိုင်ငံတွင် မီဇိုးရမ်ပြည်နယ်၊ မဏိပူရပြည်နယ်၊ ထရိပူရပြည်နယ်၊ မက်ကလာ ယာပြည် နယ်၊ အာသံပြည် နယ်များတွင် ပျံ့နှံ့နေထိုင်ကြသည်။ ဘင်္ဂလာဒေရှ့်နိုင်ငံရှိ စစ်ကောင်းတောင် တန်းဒေသတွင် နေထိုင်ကြသည်။ လူဦးရေ အားဖြင့် နှစ်သန်းကျော်ရှိ လိမ့်မည်ဟု ခန့်မှန်းသည်။

ကလေးကဘော်ဒေသနှင့် ယောဒေသ၊ ကလေးကဘော်၊ ချင်းတွင်းချိုင့်ဝှမ်း၊ ယောဒေသသည် မြန်မာနိုင်ငံ အတွင်းရှိ ချင်းတို့၏ မူလဌာနေတိုင်း ပြည်ဖြစ် သည်။ အေဒီ(၁၂ )ရာစုကာလ ရှမ်းလူမျိုးတို့ကဗမာကို ကျူးကျော်တိုက်ခိုက်ပြီး နောက်ပိုင်း အနောက ဖက်တောင် တန်းဒေသ၊ အနောက် တောင်ဖက်ဒေသ၊ တောင်ဖက်ဒေသများသို့ ပြန့်ကျဲနေထိုင်ခဲ့ကြ သည်။ နယ်ချဲ့အင်္ဂလိပ်တို့ က ၁၈၈၅ ခုနှစ် ဗမာပြည် သိမ်းပိုက်လိုက်သည့်အခါ ယခင်က ကလေးလွင်ပြင်ကို အုပ်ချုပ် သော ကလေးစော်ဘွါး သည်လည်း အင်္ဂလိပ်လက်ထဲသို့ ကျရောက်သွားပြီး အခွန်အတုတ်ကို အင်္ဂလိပ်အစိုးရ သို့ တိုက်ရိုက်ပေးသွင်းခဲ့ သည်။ ဗမာဘုရင်ခံချုပ်က ထိုအချိန်က ကလေးချိုင့်ဝှမ်းကို “The Little Shan State of Kale” ဟု တင်စား သမုတ်ခဲ့သည်။ စော်ဘွားမောင်ရစ်နှင့် ၎င်း၏တူတော် အရင်း မောင်ပါကြီးအကြား အာဏလူပွဲဖြစ်ကာ ဗြိတိသျှ အစိုးရ က ၁၈၈၆ ခုနှစ်၌ စော်ဘွားမောင်ရစ်အား နန်းချပြီး ၎င်းတူတော် အရင်း မောင်ပါကြီးကို ၁၈၈၇ ခုနှစ်၊ ဇန၀ါရီလ (၁)ရက်နေ့၌ အစားထိုးနန်းတင်ပေးခဲ့သည်။ ဗြိတိသျှအစိုးရသည် သိမ်း ပိုက် နယ်မြေသစ်များ ဖြစ်ကြသော(၁) ကဘော်ချိုင့်ဝှမ်းကို အထက်ချင်းတွင်း ခရိုင် အုပ်ချုပ်ရေးအောက်၌၎င်း၊(၂) ကလေးပြည် (Kalay State)ကိုမူ ခရိုင်အရေးပိုင် ၀န်ထောက်လက်အောက်တွင်၎င်း၊(၃) ယောဒေသကို အစဦးပိုင်း၌ ပုဂံခရိုင်အုပ်ချုပ်မှု အောက်၊ နောက်ပိုင်းတွင် ပခုက္ကူ-ချင်းတောင်တန်း ခရိုင် အတွင်းသို့၎င်း ထည့်သွင်းအုပ်ချုပ်ခဲ့သည်။ ၁၈၈၆ ခုနှစ်၌ ချင်းပြည်သည် ဗြိတိသျှကိုလိုနီ နယ်မြေသစ် များက ၀ိုင်းရံထားပြီး ဖြစ် သည်။ အစပိုင်းတွင် ဗြိတိသျှအစိုးရအနေဖြင့် ချင်းပြည်ကို သိမ်းပိုက်အုပ်ချုပ်ရန် ဆန္ဒမပြင်းပြခဲ့ ပေ။ “Despite the advocacy of a “ forward policy” or complete military occupation of the territory by the frontier officer, the existing policy of “looses control and conciliation” was reaffirmed in the belief that the expedition had convince the Chin of the inadvisability of further raids on british subjects…” ကြောင်းမှာ ချင်းပြည်သည် တောင် တန်းများဖြင့် ပြည့်နှက်နေပြီး ခေါင်းခိုက် (Unprofitable, barren hill)သောကြောင့် ၎င်းတို့အတွက် အကျိုးအမြတ် မရှိလှဟု ယူဆသော ကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် နယ်မြေသစ် အကာအကွယ်ပေးရေး ပေါ်လစီအရ အကောင်အထည် ဖော်ခြင်း မျှသာ ဖြစ်သည်။
ထိုအချိန်၌ ဗမာမင်းနန်းချခံပြီးဖြစ်ရာ ကလေးရှမ်းစော်ဘွားကို အကာအကွယ်ပေးနိုင်တော့မည် မဟုတ်ကြောင်း ချင်းခေါင်း ဆောင်များအနေဖြင့် သိရှိလာသည့်အခါ ၎င်းနယ်မြေအား ပြန်လည်သိမ်းပိုက်ရန် အခွင့်အခါ ကောင်းဟု ထင်မြင် ယူဆ လာကြသည်။ ဤသို့ဖြင့် ချင်းခေါင်းဆောင်များက ကလေးက ဘော်ဒေသနှင့် ယောဒေ သကို အကြိမ် ကြိမ် ထိုးစစ်ဆင်နွဲခဲ့ကြသည်။
သို့ဖြစ်၍ Captain Raike က Deputy commissioner of upper Chindwin အားစေလွတ်ပြီး ဇိုမီးအကြီး အကဲများ ထဲမှ သြဇာအရှိဆုံး စီယန်းအကြီးအကဲ ခိုင်ကမ်း (Khai Kam) အား တွေ့ဆုံဆွေးနွေး စေခဲ့သည်။ စီယန်းအကြီး အကဲသည် ၎င်းကိုယ်တိုင်မသွားပဲ သူရဲကောင်း(၄)ဦး စေလွတ်၍ တွေ့ဆုံစေခဲ့ သည်။ ၁၈၈၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ကလေး ဘုန်းကြီးကျောင်း၌ နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ကြသည်။ DC အနေဖြင့် စော်ဘွားမော်ငပါကြီးအား ကလေးအုပ်ချုပ်ရေးမှုး (Governor of Kale)အဖြစ် အသိအမှတ်ြုပကြောင်း ၎င်း သည် ဗြိတိသျှအစိုးရအား သစ္စာခံသူဖြစ်ရာ Kam Hau, Sizaang ကိုယ်စားလှယ်များက နောက်နောင်တွင် ဆက်လက် မတိုက်ခိုက်ရန် အကယ်၍ တိုက်ခိုက်ပါက ဗြိတိသျှအစိုးရအား ရန်ြုပသည်ဟု သဘောထားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ဒီစီထံ မအပ်နှင်းပါက အကြီးအကဲများ၏ တာဝန် သာ ဖြစ်ကြောင်း၊ လွတ်ပေးလျှင်လည်း လျော်ကြေးပေးရ မည်ဖြစ်ကြောင်း၊ အချုပ်အားဖြင့်ဆိုလျှင် ကလေးနယ်ကို ဆက်လက်မတိုက် တော့ရန်နှင့် ကျွန်များမဖမ်းဆီး တော့ရန် သတိပေးပြီး အခုလက်ဝယ်ပိုင်ဆိုင်ထားသော ကျွန်များကိုမူ စော်ဘွားအား တရားဝင်အသိအမှတ်မြုပမှီ ဖမ်းဆီးထား သူများ ဖြစ်သဖြင့် ဆက်လက်ထား ရှိနိုင်ကြောင်း၊ စစ်တကောင်း နှင့် ကလေးကြား ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ထားလိုကြောင်း နှင့် လေသာ တောင်ကြောကို စူးစမ်းလေ့လာလို ကြောင်း တင်ပြခဲ့ သည်။ ချင်းပိုင်နက်အတွင်း လှုပ်ရှားသွားလာ သည့်အခါ အနှောင့်အယှက် မပေးရန်နှင့် လမ်းပြနှင့် ကူလီများပေးရန် တောင်းဆိုသည်။
ချင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Tun Suang က ပြန် လည်တုံ့ပြန်ပြောကြားရာတွင် ကျနော်တို့အနေဖြင့် ကလေး အုပ်ချုပ်ရေးမှူးနှင့် မိတ်ဖက်ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ စစ်တ ကောင်းလမ်းကြောင်းသည် Zomi ပိုင်နက်မဖြတ်သန်းပဲ Laimi ပိုင်နက်သာ ဖြတ်သန်းမည်ဖြစ်သဖြင့် Laimi အကြီးအကဲများနှင့်သာ ဆွေးနွေး သင့်ကြောင်း၊ ၎င်းအနေဖြင့် Sizaang နယ်မြေအား ဗြိတိသျှအစိုးရက လာရောက်စူးစမ်းခြင်းကို ကန့်ကွက် ကြောင်း၊ လေသာတောင်ကြောကိုမူ သွားရောက်ခွင့်ပြုနိုင်ကြောင်း၊ အကယ်၍ လာရောက်ခဲ့လျှင် Sizaang အကြီးအကဲ များကို ကြိုတင်အသိပေးသင့်ကြောင်း၊ အကြောင်းမှာ ကလေးသူငယ်များနှင့် မိန်းမများ လန့်ဖြန့်နိုင် သောကြောင့် ဖြစ်သည် ဟုပြန်လည် တင်ပြခဲ့သည်။ ဆွေးနွေးပွဲ ထမြောက်အောင်မြင်ခဲ့ သည်။
နောက်တဖန် ကလေးမြို့မှ အင်းဒင်သို့ သွားရောက်ပြီး Tlaisun Democritic Council အဖွဲ့ဝင်က Pu Con Bikု အား ဖိတ်ခေါ်ခဲ့သည်။ ၁၈၈၈ ခုနှစ်၊ ဇန၀ါရီလ (၃)ရက်နေ့၌ Con Bik သည် အင်းဒင်ရွာသို့ မသွားပဲ နယ်စပ်ရွာ Sihaun အထိ သွားရောက်တွေ့ဆုံသည်။ ဆွေးနွေးသည့် အကြောင်းအရာ များမှာ Governor of Kale အသိအမှတ်ြုပခြင်း၊ ကလေး ဒေသအား Sizaang တို့က တိုက်ခိုက်ခြင်း၊ စစ်တကောင်း- ကလေးကုန်သွယ်ရေး လမ်းကြောင်းသည် ချင်းပြည်အရှေ့ဖက် (Shan) Kale နှင့် ချင်းပြည်အနောက်ဖက်ခြမ်း စစ်တကောင်း အကြား ကုန်သွယ်ရေးလမ်းမဖွင့်ရန်နှင့် ပဏာမအဆင့်အနေဖြင့် Tlaisun တောင်တန်းဒေသကို စူး စမ်းလေ့လာခွင့်ပြု ရေးတို့ ပါဝင်သည်။
Con Bik အနေဖြင့် ဗြိတိသျှအစိုးရက ၎င်းနယ်မြေသိမ်းပိုက် မည်ကို သတိမထားခဲ့ပေ။ ထို့ကြောင့် ၎င်းကိစ္စအား အခြား ကောင်စီဝင်များနှင့် ဆွေးနွေးညှိနှိုင်းချိန်ပေးရန် တောင်းဆိုခဲ့ သည်။ အစည်းအဝေးပြီးဆုံး သည့်အခါ Major Macgregor (အစည်းအဝေးတက်ရောက်သူ)က ၎င်းတို့ကို လိုက်ပို့ပေးသော Gurkha လုံခြုံရေးတပ် များကို သေနတ်ဖောက်ခြိမ်းခြောက် စေခဲ့သည်။ Tlaisun တို့အနေဖြင့် ဗြိတသျှအစိုးရလက်သို့ မအပ်နှံလျှင် ဤသို့ကြုံရဖွယ်ရှိကြေင်း ပြသလိုက်ခြင်းပင်ဖြစ် သည်။ ဤကိစ္စသည် Con Bik အား အလွန်စိတ် ပျက်စေခဲ့ သည်။ ဗြိတိသျှတို့ကမူ ချင်းတော်လှန်ရေးအဖွဲ့အား မြူဆွယ်နိုင် လိမ့်မည်ဟု ယုံကြည် ယူဆကြသည်။
ဤအစည်းအဝေးအပြီး Captain Raike သည် Gan Kaw Valley သို့ ခရီးဆက်သည်။ Haka နှင့် Zokhua (Lai Tribes) အကြီးအကဲနှင့်တွေ့ဆုံရန် ရည်ရွယ်ခဲ့သော်လည်း Captain Egre နှင့် တွေ့ဆုံပြီး ကြောင်း သိရှိသဖြင့် စစ်ကြောင်းပြန်ခေါက်သွားသည်။ Captain Egre သည် Haka, Zokhua အကြီးအကဲ များနှင့် တွေ့ဆုံဆွေးနွေးရန် ဆက်သား(၃)ဦး စေလွတ်ခဲ့သော်လည်း ၎င်းတို့အနက် (၂)ဦး အသတ်ခံပြီး Zokhua အကြီးအကဲ အမြှောင်မယား (ဗမာမ)၏ သား Shwe Hlaing သည် သူ့မိခင်၏ ကူညီဖေးမမှုဖြင့် လွတ်မြောက်ပြီး ရခိုင်တောင်တန်းဒေသ သို့ ထွက်ပြေးလွတ် မြောက်စေခဲ့သည်။ ဤအဖြစ်အပျက်သည် Haka & Zokhua ၊ အင်္ဂလိပ် ဆက်ဆံရေးကို မည်သို့မျှ မထိခိုက်ခဲ့ပေ။
Lai tribes တွင် တန်ခိုးသြဇာကြီးမားသော Hakha Bawi က ယောနယ်ကို တိုက်ခိုက်ပြီး (၈)ဦး ကို သတ်ဖြတ်ကာ (၄၈)ဦးအား ကျွန်အဖြစ် ဖမ်းဆီးခဲ့သည်။ ဗိုလ်ကြီး Raikes နှင့် Sizaang အကြီးအကဲ Khai Kam တို့အကြား စေ့စပ်ဆွေးနွေးခဲ့သော်လည်း Khai Kam က ကလေးရှိ Shan လူမျိုးကို တိုက်ခိုက် ခဲ့ပြန်သည်။ တဦးကိုသတ်ပြီး (၄)ဦးကို ကျွန်အဖြစ် ဖမ်းဆီးခဲ့သည်။ ၁၈၈၈ ခုနှစ် အစောပိုင်းကာလက Tlaisun တို့အနေဖြင့် ကလေးလွင်ပြင်ကို နှစ်ကြိမ်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလအတွင်း Tlaisun က တကြိမ်၊ Sizaang ကငါးကြိမ်၊ Kam Hau ကတကြိမ် တိုက် ခိုက်ပြီး (၁၂)ရက်အတွင်း ချင်းလူမျိုးက ရှမ်းလူမျိုး(၁၁၂)ဦးကို ကျွန်အဖြစ် ဖမ်းဆီးပြီး (၁၂)ဦး သတ်ဖြတ်သည်။ (၁၄)ဦး ဒဏ်ရာရစေခဲ့သည်။ ဤသို့ဖြင့် ခမ်းပတ်မြို့ကို တိုက် ခိုက်ဖျက် ဆီးနိုင်ခဲ့ပြီး ကလေးမြို့ရှိ လူနေအိမ် (၃၇)အိမ် မီးလောင်ပြာကျ စေခဲ့သည်။
အခြေအနေပိုမိုဆိုးရွားစေသော အချက်တချက်မှာ ချင်းတွင်း၊ မြင်းခြံ၊ ပုဂံခရိုင်များတွင် ဗြိတိသျှအစိုးရ ကို ၁၈၈၇ ခုနှစ်အတွင်း ပုန်ကန်ထကြွသူ ရွေချိုးဖြူမင်းသားအား Tlaisun အကြီးအကဲ များထံ ခိုလှုံခွင့်ပေးခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ဗြိတိသျှအစိုး ရက Tlaisun အကြီးအကဲထံ ရွေချိုးဖြူမင်းသားနှင့် အပေါင်းပါ တို့ကို အပ်နှံရန်နှင့် Sizaang အကြီးအကဲ Khai Kam ထံ ၎င်းဖမ်းဆီးထားသေား စစ်သုံ့ပန်းများ ပြန်လည်လွတ် ပေးရန် ရာဇသံပေးခဲ့သည်။
၎င်းရာဇသံကို ချင်းခေါင်းဆောင်များအနေဖြင့် ပြတ်ပြတ်သား သား ငြင်းဆန်ခဲ့ကြသည်။ ကလေး-က ဘော်နှင့် ဂန့်ဂေါနယ်ကို ထပ်မံသိမ်းပိုက်ရန် ပြင်ဆင်ကြသည်။ ၎င်းတို့သတိမမူမိသည့် အချက်တခုမှာ အင်အား ကြီးမားသော ဗြိတိသျှတပ်တွေ ၀ိုင်းရံထားပြီး မကြာမီကာလအတွင်း လာရောက်ကျူးကျော် တိုက်ခိုက်လာ မည့် အရေးဖြစ်သည်။ ၎င်းတို့အခေါ် White Chief များအား လွယ်လင့်တကူ တွန်းလှန်နိုင်မည်ဟု ယူဆကြ သည်။
ထို့အပြင် ဗမာမင်းများ နန်းစွန့်သည့် အချိန်ကစပြီး ဗမာမင်း သားတပါး ၎င်းတို့လက်အောက်၌ ခိုလှုံနေ သည်က တကြောင်း၊ ချင်းလူမျိုးများအနေဖြင့် ထိုအချိန်ကာလသည် လက်နက် အင်အားအတော်အတန် ပိုင်ဆိုင် လာကြပြီး ဖြစ်သဖြင့် ၁၃ ရာစုအစောပိုင်းကာလက ရှမ်းတို့သိမ်းပိုက်ခဲ့သော ကလေး ကဘော်နှင့် ဂန့်ဂေါဒေသ တခုလုံးကို ရှမ်းလူမျိုးများလက်မှ ပြန်လည်ရယူနိုင်မည့်အချိန်အခါကောင်းဟု ယူဆခဲ့ကြသည်က တကြောင်းတို့ကြောင့် ချင်း လူမျိုးများအနေဖြင့် နိုင်ငံရေး အံတုယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ကလေးက ဘော်ဒေသမှ ရှမ်းလူမျိုးများ အတွက် မြေပြန့်ဗမာလူမျိုး၏ အကာအကွယ်ရယူသည့် အခြေအနေထိ ဆိုက် ရောက် စေခဲ့ သည်။
အစမူလက ဗြိတိသျှအစိုးရသည် နယ်မြေသစ်အကာအကွယ် ပေးရေးပေါ်လစီချမှတ်ပြီး ကလေး-ကဘော်နှင့် ယောဒေသများ ကို အကာအကွယ်ပေးရုံသာ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ သည်။ Carry ၏ မှတ်ချက်အရ Unprofitable, barren hills ကို ဗြိတိသျှအစိုးရက သိမ်းပိုက်ရန် စိတ်မကူးခဲ့ပေ။ သို့သော် Sizaang ချင်းတွေက မြေပြန့်မှ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထိုနည်းတူ Sukte တွေကလည်း ကဘော်လွင်ပြင်ကို တိုက်ခိုက်ခြင်း၊ Tlaisun တွေက ကလေးလွင်ပြင်တိုက်ခိုက်ခြင်း၊ Hakha နှင့် Zokhua တို့က ဂန့်ဂေါလွင်ပြင် တိုက်ခိုက်ခြင်းတို့သည် ဗြိတိသျှအစိုးရအား ချင်းပြည်ကို သိမ်းပိုက် ရန် အကြောင်းဖန် လာစေခဲ့ သည်။

ဗြိတိသျှ – ချင်း ကျူးကျော်စစ်

အင်္ဂလိပ်တို့သည် ချင်းလဲန်ကို တတိယအကြိမ် ကျူးကျော်စစ်ဆင်နွဲပြီးမှ သိမ်းပိုက်နိုင်ခဲ့သည်။ ပထမ ကျူး ကျော်စစ်ကို ၁၈၇၁ ခုနှစ်မှ စတင်ခဲ့ပြီးဒုတိယကျူးကျော်စစ်ကို ၁၈၈၈ ခုနှစ်မှ စတင်ဆင်နွဲခဲ့ပြန်သည်။ တတိယ ကျူးကျော်စစ်ကို ၁၈၈၉ ခုနှစ်မှ စတင်ဆင်နွဲခဲ့ပြန်ရာ ၁၈၉၆ ခုနှစ်တွင် ချင်းတောင်အများစုကို သိမ်းပိုက်ပြီး ၎င်းဒေသကို ချင်းတောင်တန်းအက်ဥပဒေဖြင့် ပြဌာန်းအုပ်ချုပ်ခဲ့သည်။ ၁၈၉၄ က ၀င်ရောက်မ စွက်ဖက်ရေး မူဖြင့် ချမှတ်ချန်လှပ်ထား သော ဒေသများကို ၁၉၂၀၊ မေမြို့ဗြိတိသျှအုပ် ချုပ်ရေးမှူးများ အစည်း အဝေးက ဖျက်သိမ်းပြီး ၎င်းချန်လှပ်ထား သော ဒေသများအား ၁၉၂၇ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ခဲ့ သည်။

ပထမကျူးကျော်စစ်၊
ကချာနယ်အတွင် ဗြိတိသျှနိုင်ငံသား Winchester သည် ချင်းပိုင်နက်နယ်မြေအတွင်း လက်ဖက်စိုက် ပျိုးရန် နယ်မြေကျူးကျော်လာသဖြင့် Pu Beng Khuai ဦးဆောင်သော ချင်းသူရဲ ကောင်းများက မောင်းထုတ် တိုက်ခိုက် ကာ Winchester အား အသေသတ်ပြီး သူ့သမီး Merry Winchester ကို အရှင်ဖမ်း ဆီးခဲ့ကြ သည်။ ဤသို့ဖြင့် ၁၈၇၁-၇၂ ခုနှစ်အတွင်း Brigadier General G.Boucher GB သည် ကချာစစ်ကြောင်း ကို ဦးဆောင်၍လည်းကောင်း၊ General Brown Low CB. Captain Lewin တို့သည် စစ်တကောင်းစစ် ကြောင်းကို ဦးဆောင်၍လည်းကောင်း ချင်းတောင်ကို ကျူးကျော်လာရာမှ အင်္ဂလိပ်-ချင်း ပထမစစ်စတင်ဖြစ် ပွားလာခဲ့ သည်။ ၎င်းကျူးကျော်စစ်တွင် ဗြိတိသျှဖက်မှ လက်နက်အပြည့်အစုံ အင်အား (၅၀၀)ပါဝင်ခဲ့သည်။ ၁၈၈၂ ခုနှစ်နောက်ပိုင်း တိုက်ပွဲများတွင် အင်အား (၂၅၀-၃၀၀)ခန့်ကို ပူးဟွတ်ဆဒ်အာက ဦးဆောင်ပြီး စစ်တကောင်း တောင်တန်းရှိ ဗြိတိသျှပိုင်ရွာတရွာကို တိုက်ခိုက်ခဲ့ ရာ ရွာသား (၂၉)ဦး သေဆုံးခဲ့ပြီး (၇)ဦး ဒါဏ်ရာ ရရှိခဲ့သည်။ (၉၂)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။
ဒုတိယကျူးကျော်စစ်၊
ဒုတိယစစ်ပွဲကိုမူ အင်္ဂလိပ်တပ်မှူး Major General White VC နှင့် Virgadier General Farnce ကက်ပ္ပတိန်ရိုက်တို့ ဦးဆောင်ပြီး ၁၈၈၈ ခုနှစ်၌ စတင်ဖြစ်ပွားခဲ့သည်။ ဗြိတိသျှဖက်မှ ကြည်းတပ်အင် အား အမှတ်(၄၂) ဂေါ်ရခါးတပ်၊ အာဆမ်တပ်ဖွဲ့ နှင့် ပန်ချာပီ စစ်ပုလိပ်များ ပူးပေါင်းပါဝင်ကြသည်။ ချင်းလူမျိုး များဖက်မှ Pu Con Bik, Pu Khai Kam နှင့် အခြားတောင် ပိုင်း ချင်းခေါင်းဆောင်များဦးဆောင်ပြီး ကလေး၊ ကဘော်ချိုင့်ဝှမ်း ကို လာရောက်ကျူးကျော်သူ တိုင်းတပါးသားမျးအား ခုခံတိုက် ခိုက်ခဲ့ကြသည်။ ဗြိတိသျှစစ် တပ်မှ Surgeon Major Lee Queens အား ဗြိတိသျှအစိုးရက အဆင့်အမြင့်ဆုံး Victoria Cross (VC) ဘွဲ့ အပ်နှင်းခံရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့ သည်။

တတိယကျူးကျော်စစ်၊

တတိယကျူးကျော်စစ်ကိုမူ ၁၈၈၉ ခုနှစ်အတွင်း ဗြိတိသျှအစိုးရ သည် ချင်းတောင်အား အတည်တကျ အုပ်ချုပ်ရန် ပေါ်လစီ ချမှတ်ပြီးနောက်ပိုင်း L.t Stewart ဦးဆောင်သော ဗြိတိသျှ တပ်ဖွဲ့အား စစ်တကောင်း တောင်တန်းနှင့် ဟားခါးအကြား ကုန်သွယ်လမ်းကြောင်းရှာဖွေရန် စေလွတ်လာရာမှ အစြုပခဲ့ သည်။ ချင်း-လူရှေ စစ်ကြောင်းကို ၁၈၈၉ မှ စစ်ကြောင်းသုံး ကြောင်းခွဲ၍ ကျူးကျော်စစ် စတင်ခဲ့သည်။
ချင်းသူရဲကောင်းများကလည်း ရွတ်ရွတ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှတပ်မှ အရှေ့ဖက်စစ် မျက်နှာကို General W.P Symons က စစ်ကြောင်း(၂)ကြောင်းခွဲ၍ ချီတက်တိုက်ခိုက်သည်။ အရှေ့ ဖက်စစ်မျက်နှာ မြောက်ဖက်စစ် ကြောင်း ဖို့ဝှိုက်စစ်ကြောင်းကို Col. Skene က ဦးဆောင်ပြီး အင်အား ၁၆၂၂ ပါဝင်သည်။ တောင်ပိုင်းစစ်ကြောင်း (ဂန့်ဂေါ)ကို General WP Symons ကိုယ်တိုင်ဦးဆောင်ပြီး အင်အား ၁၈၉၆ ပါဝင်ခဲ့သည်။ ထို့ပြင် ကလေးနှင့် ယောချိုင့်ဝှမ်းဒေသကို ဘင်္ဂလားခြေလျင်တပ်ရင်း (၁၀)(၃၃)(၃၈) တို့နှင့် မဒရပ်ခြေလျင် ထောက်ပို့တပ်ရင်း(၂) တို့ပါဝင်သည်။ ဘင်္ဂလားစစ်မျက်နှာ၊ စစ်တကောင်းစစ်ကြောင်းမှ General VW Tregear ဦးဆောင်သော အင်အား (၃၃၈၀)ပါဝင်သည်။ ၎င်းတို့သည် ရာမ်ကာမာတီ၊ လုံလေ၊ ဟားခါး လမ်းကြောင်းမှ ချီတက်တိုက် ခိုက်ခဲ့သည်။ ၎င်းစစ်ကြောင်းကို ချင်းခေါင်းဆောင် Pu Jahuata နှင့် Pu Hausata (Lungtian) တို့က ဦးဆောင်ပြီး ခုခံတိုက် ခိုက်ခဲ့သည်။ ထို့ပြင် ထန်ယန်းတိုက်ပွဲအတွင်း ချင်းခေါင်းဆောင် လာလ်လွဲ (ဇဟွတ်အား၏ ညီ)က ပြင်းထန်စွာ ပြန်လည်ခုံခံ တိုက်ခိုက်ခဲ့ရာ ဗြိတိသျှတပ်ခွဲမှူး ဗိုလ်စတီးဝပ် ကျဆုံး ခဲ့သည်။ စစ်တကောင်းစစ်ကြောင်းမှ ကပ္ပတိန် Rundall နှင့် ဂန့်ဂေါစစ် ကြောင်းသည် ၁၈၉၀ ခုနှစ်၊ ဖေော်ဝါရီလ (၂၆)ရက်နေ့တွင် တွေ့ဆုံသည်။ အာသံစစ်မျက်နှာ၊ ကချစစ်ကြောင်းကို Col. GJ Skinner ကဦးဆောင်ပြီး အင်အား (၇၀၀)ပါဝင်သည်။ ကချာစစ်ကြောင်း စစ်ကူအဖြစ် စစ်ပုလိပ်တပ်ဖွဲ့အား (WW Daly) ဦးဆောင်ပြီး ကူလီများ၊ ပန်ချာပီအင်အား (၂၅၁၁)၊ မဏိပူရီအင်အား (၇၈၂)၊ လားတပ် (၂၁၉၆)နှင့် ဆင်တပ်(၇၁) ပါဝင်သည်။
ချင်း-လူရှေထိုးစစ်ကာလအတွင်း တဖက်တွင်လည်း အေဒီ ၁၃ ရာစုခန့်က ရှမ်းလူမျိုးများသိမ်းပိုက် ထားသော ချင်းတွင်းချိုင့်ဝှမ်း အတွင်း နေထိုင်ကြသော ချင်းဘုတ်များသည်လည်း ဗြိတိသျှတို့ ကို ခုခံတိုက်ခိုက်ခဲ့ ကြရာ ၁၈၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် လက်နက်ချခဲ့ကြသည်။ ၁၈၉၂ ခုနှစ်အတွင်း ရာမ်အုပ်မင်း အုပ် ချုပ်သော Tlaisun (ဖလမ်း)၊ ဟားခါးနှင့် လူရှေဒေသများသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ သည်။ ဆိုင်းယန်၊ စုတ်တဲ၊ ကမ်ဟောင်စသည့် ဇိုမီးမျိုးနွယ်စုများ၊ လိုင်မျိုးနွယ်စုထဲမှ ထန်တလန်၊ ဆူရ်ခွါ၊ ဆပ်သား၊ လေသဒ် ဒေသများသည် လက်နက်ချရန် ငြင်းဆန်ခဲ့ကြသည်။ ချိုးမျိုးနွယ်စု များဖြစ်ကြသည့် မတူ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ခူမီးဒေသများ သည် ဗြိတိသျှတို့က ၀င်ရောက်စွက်ဖက်ခြင်း မပြုသေးပေ။
ဤသို့ဖြင့် ၁၈၉၅-၉၆ ခုနှစ် ကျရောက်သောအခါ ဗြိတိသျှက ချင်းပိုင်နက်နယ်မြေအများစုကို သိမ်းပိုက် လိုက်သည်။ သိမ်းပိုက် ပြီးသောနယ်မြေများကို ၁၈၉၆ခုနှစ် ချင်းတောင်တန်း အက်ဥ ပဒေဖြင့် စတင်အုပ်ချုပ် ခဲ့သည်။ ၄င်းဥပဒေဖြင့်ပင် ချင်းပြည် တောင်ပိုင်းဒေသမှ မသိမ်းသွင်းရသေးသော နယ်မြေတချို့ တွင်းရှိ ကျေး ရွာများ ကိုမြေလှန်စံနစ်ဖြင်မီးရှို့ဖျက်ဆီးကာ ၁၉၂၇ ခုနှစ် နောက်ပိုင်းမှာသာ သိမ်းပိုက် အုပ်ချုပ် နိုင်ခဲ့ သည်။

မသိမ်းသွင်းရသေးသော ဒေသများကို အပြီးအပိုင်သိမ်းပိုက်ခြင်း

ဗြိတိသျှအစိုးရက ပခုက္ကူချင်းတောင်တန်းနယ်၏ အနောက်ဘက် နှင့် အနောက်မြောက်ဘက်ရှိ ချင်း တောင်ဒေ သများကို ၁၉၃၀ အထိ မသိမ်းသွင်းရသေးသောနယ်မြေများဟု သတ်မှတ်ခဲ့သည်။ ၎င်းနယ်နှင့် နယ်နိ မိတ်ချင်း ထိစပ်နေသော အုပ်ချုပ်ပြီး ချင်း တောင်ဒေသများမှ ဗြိတိသျှအရာရှိများဖြစ်သည့် ရခိုင်တောင် တန်းနယ် အရေးပိုင်၊ ချင်းတောင်တန်းဒေသအရေးပိုင်၊ လူရှေနယ် နယ်ပိုင်များထံသို့ ဗြိတိသျှအစိုးရက ၁၈၉၄ တွင် ညွန်ကြားချက် များ ထုတ်ပြန်ခဲ့သည်။ ၎င်းညွန်ကြားချက်တွင် ၁၈၉၄ မှစတင်၍ ဗြိတိသျှအရာရှိများသည် အဆိုပါ မသိမ်းသွင်းရသေး သောနယ် သို့ နယ်လှည့်ခရီးထွက်ခြင်း၊ ဖြတ်သန်းသွားလာခြင်းကို ရှောင် ကျဉ်ရ မည် ဟု တားမြစ်လျက် မသိမ်းသွင်းရသေးသော ချင်း တောင် အား မစွက်ဖက်ရေးမူကို ချမှတ်ခဲ့သည်။ ၎င်းဒေ သ များအား ဤသို့ မသိမ်းသွင်းရသေးသော ဒေသများအဖြစ် သတ်မှတ်ခြင်းမှာ ဤနယ်မြေသည် မဖွံ့ဖြိုးသေး သည့် နယ်မြေ များဖြစ်ခြင်းကြောင့် လမ်းခရီး၊ အဆက်အသွယ် ကောင်းမွန်စေရန် အစိုးရအနေဖြင့် ပြုလုပ်ပေး ရမည်။ ဤနယ်မြေများကို အုပ်ချုပ်ရန်အရာရှိများ ခန့်ထား ရေးအတွက် ငွေကုန်ကြေးကျခံရမည်။ ဒေသဆိုင်ရာ အခက်အခဲ များနှင့် ဆက်သွယ်မှု ခဲယဉ်းခြင်းများကြောင့် ဌာနေတိုင်းရင်း သားတို့မှာ ဗြိတိသျှတို့ အမြင်တွင် အလွန်ပင်ခေတ်နောက်ကျ နေ၍ ၎င်းတို့ကို ပညာပေး ရမည့်တာဝန်မှာ အစိုးရတွင်ပိုလာ မည်။ သိမ်းသွင်းရမည့်နယ်မြေများမှာ လူဦးရေ အနေကျဲခြင်း၊ မဖွံ့ဖြိုးသေးခြင်းတို့ကြောင့် ကုန်ကျမည့်စရိတ်နှင့် ရရှိမည့် အကျိုးအမြတ် ကာမိလိမ့်မည်မဟုတ်။ တဖက်တွင် လည်း ဤဒေသ နေ တိုင်းရင်းသားတို့သည် ရှေးဆန်၍ ခေတ်နောက်ကျသူများ ဖြစ်ခြင်းတို့ကြောင့် အစိုး ၏အကျိုးစီးပွားကို လာရောက် မထိပါးသမျှ ကာလပတ်လုံး ငွေကုန်လူပမ်းခံ၍ ၎င်းဒေသများကို သိမ်းသွင်းအုပ်ချုပ်ရန် မကြိုးစားသင့်ဟု ဗြိတိသျှ အစိုးရက ယူဆထား သည်။
မသိမ်းသွင်းရသေးသော ချင်းတောင်ဒေသများနှင့် ပခုက္ကူ ချင်း တောင်တန်းနယ်တို့၏ နယ်နိမိတ် အပိုင်း အခြားမှာ အနောက် ဘက်တွင် ကန်ပက်လက်မြို့ အနောက်ဖက် (၁၂) မိုင်အကွာတွင် တည်ရှိသော ၀ိတိုရိယ တောင် ထိပ်အထိဖြစ် ၍အနောက် မြောက်ဘက်တွင် မင်းတပ်မှအ နောက်ဖက်မိုင် (၂၀) အကွာတွင် တည်ရှိ သော ဟီလောင်း (Hilawng) ရွာအထိဖြစ်သည်။ ဗြိတိသျှအစိုးရက ၁၉၁၁ တွင် ကောက်ယူသော သန်း ကောင်စာ ရင်းအရ မသိမ်းသွင်းရသေးသော ချင်းတောင်ဒေသတွင် ရွာပေါင်း (၃၈)ရွာ၊ အိမ်ခြေပေါင်း (၁၉၀၀) နှင့် လူဦးရေ (၉၁၂၃)ဦး ရှိသည်။
ဗြိတိသျှအုပ်ချုပ်ရေး မတည်ထောင်ရသေးသော ချင်းတောင် ဒေသမှာ ပြင်ပဒေသနှင့် အဆက်အသွယ် ပြုလုပ်ခြင်း နည်းပါး၍ ရှေးထုံးတမ်းဓလေ့ဖြစ်သည့် လက်စားချေစနစ်နှင့် ကျွန်ဖမ်းစနစ် ကိုပြုလုပ်နေဆဲပင် ဖြစ်သည်။ ကျေးရွာအချင်းချင်း ရန်မူလျှက် မကြာခဏ၀င်ရောက်တိုက်ခိုက်လေ့ရှိခြင်း၊ ဤဒေသတွင် ဗြိတိသျှ အုပ်ချုပ်ရေး မရောက်သေးခြင်းကို အခွင့်ကောင်းယူကာ လူဆိုးဝရမ်းပြေးများ သွားရောက်ခိုလှုံနေတတ်ခြင်း၊ နယ်နိမိတ် ချင်း ထိစပ်နေသော အုပ်ချုပ်ရေးအခြေချပြီး ကျေးရွာတချို့ကိုပင် ရံဖန်ရံခါ ၀င်ရောက်တတ်ခြင်း များကို တွေ့ရှိရသည်။ ဤဒေသနှင့် နယ်နမိတ်ထိစပ်နေသည့် အုပ်ချုပ်ရေးအခြေချပြီး ချင်းတောင် ဒေသများကို လက်တွေ့ အုပ်ချုပ်ရသူ ဗြိတိသျှအရာရှိများကမူ အထက်ဖော်ပြပါ အကြောင်းများကို ထောက်ရှုလျက် ၎င်းနယ် အား ထိုကဲ့သို့လက်လွှတ် ထားခြင်းကို မကြေနပ်ခဲ့ကြပေ။ ရခိုင်တောင်တန်းအရေးပိုင်၊ ချင်းတောင်တန်းနယ်ပိုင်၊ လူရှေနယ် နယ်ပိုင်တို့က ၁၉၀၈ နှစ်ပြီးပိုင်းတွင် အဆိုပါမသိမ်းသွင်းရသေး သော နယ်မြေများကို သိမ်းပိုက်ပြီး အုပ်ချုပ်ရေးအခြေချသင်ကြောင်း ရခိုင်တိုင်းမင်းကြီးထံ တင်ပြခဲ့ကြသည်။ ၎င်းကိစ္စကို ရခိုင်တိုင်းမင်းကြီးက ယင်းဗြိ တိသျှအရာရှိသုံးဦး၏ တင်ပြ တောင်းဆိုချက်များကို ပူးတွဲဖော်ပြလျှက် မြန်မာနိုင်ငံ ဘုရင်ခံ၏ အတွင်းဝန်ချုပ် ထံသို့၁၉၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ တွင် စာအမှတ် ၇၄၄-၇-ပီ-၅ ဖြင့် ထပ်ဆင့် တင်ပြခဲ့သည်။ သို့သော် ဘုရင်ခံ၏ အတွင်းဝန်ချုပ်ကမူ ထိုဒေသများကို သိမ်းသွင်းရန် မတိုက်တွန်းဘဲနေမြဲ အခြေအနေအတိုင်းသာ ထားရှိ ရန်ဆုံဖြတ်ခဲ့ သည်။ စရိတ်အကုန်အကျအနည်းဆုံးနှင့် စစ်အင် အားကို အသုံး မပြုဘဲ အလွယ် တကူသိမ်းယူနိုင် သည့်အချိန်၊ ဒေသခံ တိုင်းရင်းသားများကိုယ်တိုင် ဗြိတိသျှအုပ်ချုပ် ရေးကို လိုလားလာသည့် အချိန်ကျမှသာလျှင် ငြိမ်းချမ်းစွာ သိမ်းယူ အုပ်ချုပ်ရန် ညွန်ကြားထားခဲ့သည်။ ထိုကဲ့သို့ ဗြိတိသျှအရာရှိ များက မသိမ်းသွင်းရသေးသော ချင်းတောင် ဒေသတွင် အုပ်ချုပ်ရေး အခြေချရန် တင်ပြလာ သည်။
၁၉၁၈တွင် အိန္ဒိယနိုင်ငံ၌ မော်လီမင်းတို့ပြုပြင်ပြောင်းလဲရေး ဥပဒေကို ပြဌာန်းရန်အတွက် ဘုရင်ခံချုပ်၏ အစိုးရအဖွဲ့က လုံးပမ်းနေချိန်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုစဉ်ကအိန္ဒိယ ဘုရင်ခံ ချုပ်၏လက်အောက်ခံပြည် နယ်တခုအဆင့်တွင်သာ ရှိနေသေး ခြင်းကြောင့် ယင်းဥပဒေသည် မြန်မာနိုင်ငံနှင့်လည်း အကြုံးဝင်ခဲ့သည်။ မြန်မာနိုင်ငံ၌လည်း မောလီမင်တိုဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေချိန်၌ မသိမ်းသွင်း ရသေး သော ချင်း တောင်ဒေသတွင် အုပ်ချုပ်ရေးအခြေချရန် ဒေသဆိုင်ရာ အရာရှိများ၏ တင်ပြလာချက်ကို မြန်မာနိုင်ငံ ဘုရင်္ငခံ၏ အစိုးရ အဖွဲ့က လတ်တလောအားဖြင့် စိတ်ဝင်စားခဲ့ ဟန်မတူပေ။
မြန်မာနိုင်ငံရှိ ကချင်၊ ရှမ်း၊ ကယား အစရှိသည့် အခြားသော တောင်တန်းဒေသများတွင်မူ ချင်းတောင် အချို့ဒေသများကဲ့သို့ ဗြိတိသျှအစိုးရက အုပ်ချုပ်ရေးမထူထောင်ဘဲ ကြာမြင့်စွား လှစ်လျူရှုထားခဲ့သည့်နယ်များ မရှိပေ။ ယင်းသို့ လှစ်လျူရှုခြင်း မှာ ချင်းတောင်ဒေသများစွာတွင် ဗြိတိသျှတို့ မက်မောသော သယံ ဇာတ ပစ္စည်း များ ကင်းမဲ့ခြင်းနှင့် ယင်းဒေသများသည် ဗြိတိသျှ အင်ပါယာကို ရန်မူနိုင်သည့် တစိမ်းနိုင်ငံများနှင့် အိန္ဒိယနိုင်ငံနှင့် သာ နယ်နိမိတ်ချင်း ဆက်စပ်နေသောကြောင့် နယ်နိမိတ်ထိစပ် နေသဖြင့် စိုးရိမ်ဖွယ်မရှိခြင်း စသော အကြောင်း များကြောင့် ဖြစ်သည်။ ချင်းတောင်ဒေသမှာမူ ဗြိတိသျှကိုလိုနီဖြစ်သည့် အိန္ဒိယနိုင်ငံနှင့်သာ နယ်နိမိတ်ချင်းဆက် စပ်နေသောကြောင့် နယ်နိမိတ်ပြဿနာနှင့် ငြင်ပနိုင်ငံတခုခုက မအုပ်ချုပ်ရသေးသော ချင်းတောင်ဒေသအချို့အား ၀င်ရောက်စွက်ဖက်မည့် အန္တရယ် မရှိပေ။ ထိုကဲ့သို့ အနှောက်အယှက် မစိုးရိမ်ရဘဲ စိတ်ချစွာ လှစ်လျူရှု ထားနိုင်ခြင်း အကြောင်းများကြောင့် ဗြိတိသျှအစိုးရ သည် ပခုက္ကူချင်းတောင်တန်းနယ်၏ အနောက်ဖက်ဒေသ ကို ၁၉၂၉ အထိ သိမ်းသွင်းအုပ်ချုပ်ခြင်း မြုပခဲ့ပေ။
ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်အတွင်း မသိမ်းသွင်းရသေးသော ချင်းတောင်ဒေသများအရေးကို အရေးတယူ စဉ်းစားဆောင် ရွက်နိုင်ခြင်းမရှိသဖြင့် ခေတ္တဆိုင်းငံ့ထားခဲ့ သည်။ ပထမကမ္ဘာစစ် ကြီး ပြီးဆုံးသည့်နောက်တွင် ဒေသဆိုင်ရာအရာရှိများက မသိမ်းသွင်းရသေးသည့် ချင်းတောင်ဒေသများအကြောင်းကို အာဏာပိုင်များထံ ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။ အုပ်ချုပ်ရေးအခြေချပြီး ကျေးရွာများကို ၎င်းနယ်မှ လူအချို့လာရောက်တိုက် ခိုက်ကာ သုံ့ပန်းများ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျွန်ပြုခိုင်းစေခြင်း၊ ဗြိတိသျှအရာရှိများအတွက် ခေါ်ဆောင် သွား ပြီး ကျွန်ခိုင်းစေခြင်း၊ ဗြိတိသျှအရာရှိများအတွက် ရိက္ခာနှင့် ချောစာပို့ပေးသည့် လုပ်ငန်းတို့ကို နှောက်ယှက်နေ ခြင်း၊ လူဆိုးဝါရမ်းပြေးများ သွားရောက်ခိုလှုံနေတတ်ခြင်း စသည်များကို အကြောင်းပြကာ ၎င်းနယ်ကို ထိရောက်စွာ သိမ်းသွင်းအုပ်ချုပ်ခွင့်ရရန် ဗြိတိသျှအာဏာပိုင်များထံ တင်ပြခဲ့ကြပြန်သည်။ ဗြိတိ သျှနိုင် ငံရေးအာဏာပိုင်ဖြစ် သည့် ဘုရင်ခံဆရယ်ဂျီနယ်ကရက်ဒေါက်သည် ၁၉၂၀ မေလ ပထမပတ်တွင် ထိပ်တန်းအရာရှိကြီးများနှင့် မေမြို့၌ ဆွေးနွေးကာ မသိမ်းသွင်းရသေးသည့် နယ်မြေများအပေါ် လုံးဝမစွက် ဖက်ရေးမူကို ပြင်ဆင်ခဲ့သည်။ ၎င်းပြင်ဆင် ချက်အရ ယခင် ၁၈၉၄ တွင် ထုတ်ပြန်ထားခဲ့သည့် အမိန့်ဖြစ်သော မသိမ်းသွင်းရသေးသော နယ်မြေများအတွင်း သို့ ဗြိတိသျှအရာရှိများ လုံးဝဖြတ်သန်း သွားလာခြင်း မပြုရဟူ သည့် အမိန့်ကို ဖြတ်သိမ်းကာ နှစ်နှစ်လျှင် တကြိမ် ၎င်းဒေသအတွင်းသို့ ခရီးထွက်ရန်ဟူ၍ ပြင်ဆင်ခဲ့သည်။ ထိုသို့ခရီးထွက်ရာတွင်
(၁) စစ်ပုလိပ် (၅၀) ခေါ်ဆောင်သွားရန်၊ ကြည်ဖြူစွာလက်ခံမည့် ကျေးရွာကိုသာ ၀င်ရောက်လျှက် ခုခံမည့် ကျေး ရွာများကို ရှောင်ရှားရန်၊
(၂) အကြမ်းဖက်သည့် စနစ်ကို တတ်နိုင်သမျှရှောင်ရှားရန်၊
(၃) ၎င်းဒေသအတွင်း ခရီးလှည့်ရာတွင် အခွန်ကောက်ခံခြင်း၊ ကျေးရွာလူကြီးခန့်ထားခြင်း၊ တရားစီရင် ရေးမှတ် ခြင်း တို့ကို မြုပရန်၊ သို့သော် ကျေးရွာလူကြီး များကိုယ် တိုင်က အမှုအခင်းများကို စီရင်ပေးရန် တောင်းဆို လာခဲ့ လျှင် မငြင်းဆန်ရန်၊ အခွန်အကောက်များ ပေးသွင်းလာ လျှင်လည်း မငြင်းဆန်ရန်၊
(၄) အချိန်ကာလကြာမြင့်သည်ကို ပဓါနမထားရန်၊ ဗြိတိသျှ အုပ်ချုပ်ပုံ ရောက်ရှိလာခြင်းကြောင့် ခံစားရမည့် အကျိုးကျေးဇူးတို့ကို ဟောပြောဆောင်ရွက်ရန်၊
(၅) သိမ်းသွင်းပြီးစ ကာလတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးတို့ကို တင်းကြပ်စွာ မ ဆောင် ရွက်ရန်၊
(၆) သေနတ်ကို အလွန်မြတ်နိုးသည့် လူမျိုးဖြစ်သဖြင့် သေနတ် တွေ့လျှင် အတင်းမသိမ်းရန်၊ သေနတ်ရှိ သူတို့၏ အမည်စာရင်းပြုလုပ်၍ လိုင်စင်ထုတ်ပေးရန်ဟူ၍ ယင်းဒေသသို့နယ် လှည့်ခရီးထွက်မည့် ဗြိတိသျှအ ရာရှိ များအား ညွန်ကြား ခဲ့သည်။

ဘုရင်ခံသဘာပတိအဖြစ်ဆောင်ရွက်သော အစည်းအဝေးပွဲတရပ်ကို ၁၉၂၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်တွင် ရန်ကုန်မြို့၌ ခေါ်ယူကျင်းပရာ မကွေး တိုင်းမင်းကြီး၊ ရခိုင်တိုင်း မင်းကြီး၊ ချင်းတောင်တန်းနယ်အရေးပိုင်၊ ရခိုင်တောင်တန်းနယ် အရေးပိုင်နှင့် ပခုက္ကူတောင်တန်းနယ် တောင်တန်းဝန် အီးတီဒီ ဂေါ်ဒွိုင်တို့ တက် ရောက်ခဲ့ကြသည်။ ၎င်းစည်းဝေးပွဲတွင် ပခုက္ကူ ချင်းတောင်တန်းနယ်၏ လက်ရှိအရေးအခင်းများနှင့် မသိမ်း သွင်းရ သေးသော ချင်းတောင်တန်းနယ်တို့အကြောင်းကို လည်း ထည့် သွင်းဆွေးနွေးခဲ့ကြသည်။ ၎င်းစည်း ဝေးပွဲမှ မသိမ်း သွင်းရသေးသော ချင်းတောင်တန်းနယ်တွင် အုပ်ချုပ်ရေး စတင်အခြေချရန်၊ ယင်းနယ် ၏ ဒေသအချို့ကို ရခိုင်နယ် နှင့် ပခုက္ကူချင်းတောင်တန်းနယ်များမှ ခွဲဝေ အုပ်ချုပ်ရန်၊ ပခုက္ကူ ချင်း တောင်တန်း နယ်ကို မကွေးတိုင်းမင်းကြီး၏ တိုက် ရိုက်အုပ် ချုပ်ခြင်းမှ ခွဲထုတ်လျှက် ဖလမ်းခရိုင်၊ ချင်းတောင်တန်းနယ် အုပ် ချုပ်ရေးတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုကဲ့သို့ခွဲဝေခြင်းဖြင့် ရခိုင်နယ်တွင် ၀င်သွားမည့် ချင်းအမျိုး သားတို့အား ၁၈၉၆ ချင်း တောင် တန်းများဥပဒေဖြင့် အုပ်ချုပ်ရေး၊ ချင်း တောင်ရှိ ချင်းတိုင်းရင်း သားများနှင့် ရခိုင်နယ်တွင် ပါဝင်သွားမည့် ချင်းအမျိုးသားတို့အား တပြေညီ အခွန်များ ကောက်ခံရေးစသော ကိစ္စရပ်များကို ဆောင်ရွက်ရန် ရှိနေ သေးသဖြင့် မသိမ်းသွင်းရ သေးသော ချင်းတောင်တန်းနယ်ကို ၁၉၂၉-၃၀ တွင်သာ သိမ်း သွင်းအုပ်ချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
Khonumthung News Group မှ

Tuesday, November 26, 2013

ပျူ ဟာ မြန်မာ မဟုတ်ပါဘူး လို့ ဘယ်သူက စပြောခဲ့သလဲ

အတီး ဝါးလုံးရှည်မှ

ပျူ ဟာ မြန်မာ မဟုတ်ပါဘူး လို့ ဘယ်သူက စပြောခဲ့သလဲ ဆိုတာတော့ မသိပါ။ မဟုတ်တဲ့ အကြောင်းကိုတော့ အစောဆုံး အထောက်အထား အဖြစ် ရာဇကုမာရ် ကျောက်စာက ကျောက်စာ တစ်ချပ်တည်းမှာ ပျူစာကော မြန်မာစာပါ ရေးထိုးပြီး သက်သေပြခဲ့ပါတယ်။ရှေးကျတဲ့ေ...ခတ်မှာ လူမျိုးတစ်မျိုးတည်းက စာပေ နှစ်မျိုးကို ထွင်ပြီး ရေးတယ် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းပါ။ မြန်မာလူမျိုးသည် ပျူလူမျိုးမှ ဆင်းသက်လာတယ် ဆိုရင်တော့ လက်ခံပါတယ်။ သို့သော် ပျူလူမျိုးသည် မြန်မာဖြစ်သည်။ ပျူစစ်လျှင် မြန်မာ ဆိုရင်တော့ ဆောရီးပါ။See More
Photo: အတီး ဝါးလုံးရှည်မှ

ပျူ ဟာ မြန်မာ မဟုတ်ပါဘူး လို့ ဘယ်သူက စပြောခဲ့သလဲ ဆိုတာတော့ မသိပါ။ မဟုတ်တဲ့ အကြောင်းကိုတော့ အစောဆုံး အထောက်အထား အဖြစ် ရာဇကုမာရ် ကျောက်စာက ကျောက်စာ တစ်ချပ်တည်းမှာ ပျူစာကော မြန်မာစာပါ ရေးထိုးပြီး သက်သေပြခဲ့ပါတယ်။ရှေးကျတဲ့ ခေတ်မှာ လူမျိုးတစ်မျိုးတည်းက စာပေ နှစ်မျိုးကို ထွင်ပြီး ရေးတယ် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းပါ။ မြန်မာလူမျိုးသည် ပျူလူမျိုးမှ ဆင်းသက်လာတယ် ဆိုရင်တော့ လက်ခံပါတယ်။ သို့သော် ပျူလူမျိုးသည် မြန်မာဖြစ်သည်။ ပျူစစ်လျှင် မြန်မာ ဆိုရင်တော့ ဆောရီးပါ။

ချင်းတိုင်းရင်းသားများနှင့် ချင်းအမျိုးသားနေ့သမိုင်းအကျဉ်း

ချင်းတိုင်းရင်းသားများနှင့် ချင်းအမျိုးသားနေ့ သမိုင်းအကျဉ်း
ု AUGUST 14TH, 2013

ဒေါက်တာတင်မောင်ထွေး (သမိုင်း သုသေသီ) -

ပြည်ထောင်စုနွယ်ဘွားချင်းတိုင်းရင်းသားတို့သည် အခြားသော ညီနောင်တိုင်းရင်းသားများကဲ့သို့ ယင်းတို့၏ နောက်ခံ သမိုင်းကြောင်း၊ လူနေမှုဘ၀ပုံစံ၊ ယုံကြည် ကိုးကွယ်မှု၊ ရိုးရာပွဲတော်များ၊ လူမှု ဓလေ့ထုံးစံများနှင့် စာပေအနုသုခုမများ တို့ ရှိသည်။

ချင်းတိုင်းရင်းသားများ ပေါ်ပေါက်လာပုံနှင့် ပါတ်သက်...၍ ပညာရှင်များကြားတွင် ကွဲလွဲမှုများရှိသည်။ ပညာရှင် အချို့က ချင်းတိုင်းရင်းသားတို့သည် မွန်ဂိုလီယန်းအနွယ် တိဗက် – ဗမာအုပ်စုဝင်” သက်” လူမျိုးစုမှ လည်းကောင်း၊ အရှေ့တီဗက် – ဗမာ အုပ်စုမှ လည်းကောင်း၊ အနောက် တိဗက် – မြန်မာ အုပ်စုမှ လည်းကောင်း ဆင်းသက် လာသည်ဟူသော မတူညီတဲ့ ယူဆချက်များလည်းရှိသည်။ ထို့အပြင် ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများ၏ မူရင်းမျိုးနွယ်စုဖြစ်သော ချီအငယ့် Chiang မျိုးနွယ်စုမှ ဆင်းသက်လာ သည်ဟူသော ယူဆ ချက်လည်း ရှိသေးသည်။ အချို့သော ချင်းသမိုင်းသုသေသီတို့ကမူ ချင်းလူမျိုးတို့သည် တရုတ်ပြည် ခူလ် ( Khul) ( ဂူ) မှ စတင်ပေါက်ဖွားလာသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုဖြစ်စေ ချင်းတောင်တွင် နေထိုင်ကြသော ချင်းလူမျိုးတို့သည် မိမိတို့ အစုကို အမည်အမျိုးမျိုးနှင့် ခေါ်ကြပြီး သီးခြားမျိုးနွယ်များဟု ယုံကြည်ကြသည်။ သို့သော် အားလုံးသည် တခု တည်းသော မျိုးနွယ်စုမှ ဆင်းသက်လာကြသည်။ တနည်းအားဖြင့် ချင်းတိုင်းရင်းသားတို့သည် တောင်ပေါ်နေ လူမျိုးနွယ် များဖြစ်ကြပြီး တိဗက် – ဗမာ ပင်မ ဘာသာစကားကြီး၏ ဒေသန္တရ ဘာသာစကားကွဲမျိုးစုံကို ပြောကြပြီး မိမိတို့၏ အမည် ကို အမျိုးမျိုး မှည့်ခေါ်ကြသူများဖြစ်သည်။ ယင်းတို့၏ ဖွဲ့စည်းအုပ်ချုပ်မှုဖွဲ့စည်းပုံ၊ တောင်ယာစပါးစိုက်ပျိုးနည်း၊ ဓလေ့ထုံးစံများ၊ အမူအ ရာ အသွင်အပြင်များ၊ ယုံကြည်ကိုးကွယ်မှု နှင့် စွဲလန်းမှုအားလုံး၏ တူညီမှုတို့က တမျိုး နွယ်တည်းဖြစ် သည်ဟု သာဓက ပြလျက် ရှိနေသည်။



ကျွန်ုပ်တို့ မြန်မာနိုင်ငံသမိုင်းစဉ်တွင် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု အစဉ်အလာကောင်းတို့ပေါ်ထွန်းစေခဲ့သည့် ပုဂံခေတ် ( ခရစ်နှစ် ၉ ရာစုမှ ၁၃ ရာစုထိ) မြန်မာနိုင်ငံကို ထိုခေတ်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က စည်းလုံးညီညွတ် စွာဖြင့် တည်ထောင်ခဲ့ကြသည်။ ယင်းတိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသားများလည်း ပါဝင်ခဲ့သည်၊ မဟာရာဇ၀င် တော်ကြီး (ပ) တွင် အနော်ရထာမင်း ဟအနိရုဒ္ဒ ( ခရစ်နှစ် ၁၀၄၄ – ၁၀၇၇) လက်ထက်နိုင်ငံ အကျယ်အ၀န်း ကိုဖော်ပြရာ တွင်— အနောက်သို့လားသော် ပဍိက္ကရားလ- မည် ကုလားပြည်လျှင် အခြားတည့် ဟု ပါရှိသည်။ ထို့အပြင် သြီတြိဘုဝ နာဒိတျာပ၀ရ ပဏ္ဍိတဓမ္မရာဇာနရတိဘွဲ့ခံ ဒုတိယစည်သူမင်း ( ခရစ်နှစ် ၁၁၆၅ – ၁၂၁၁) လက်ထက်သက္ကရာဇ် ၅၅၈ ( ခရစ်နှစ် ၁၁၉၆) ခုနှစ် ထိုးဓမ္မရာဇိက ကျောက်စာတွင် အရိမဒ္ဒနပူရ ( ပုဂံ) ပြည်၏ နယ်နမိတ်အပိုင်းအခြားတွင် — အ နောက်ကား မစ္ဆကရီ (မစ္ဆဂီရိ) ပတိက္ကာ ( ပဋိက္ကရား) ဟု ရေးထိုးထားသည်။ ( ဓမ္မရာဇိက ကျောက်စာ မျက်နှာ ဖက် ကြောင်းရေ ၆- ၁၀) ပဋိက္ကရားပြည်သည် စစ်တကောင်းမြို့၏ မြောက်ဖက်၊ မဏိပူရ ကသည်းပြည်၏ အနောက် တောင်ဖက်၊ ယခုခေတ် ကိုမီလာ ( Comilla) မြို့၏ အရှေ့ဖက်တွင် ရှေးအခါက ထွန်းကတိပ်ပရားထ ( Tipperah) ဒေသ ပင်ဖြစ်သည်။ ( Than Tun, Dr, RO B Vol.X, P.116) ထို့အပြင် မစ္စဂီရိ ( မစ္ဆ= ငါး၊ ဂီရိ = တောင်) သည် ယခု သရက်ခရိုင်၏ ၀န်းကျင်ဒေသဖြစ်သော ဧရာဝတီမြစ်အနောက်ဖက်ရှိ တောင်စဉ်တောင်တန်းဒေသဖြစ်ပြီး ထိုအချိန်က သက်လူမျိုးများနေထိုင်ရာ ဒေသဖြစ်နိုင်သည်။ တနည်းအားဖြင့် ဆိုသော် ချင်းတောင်တန်းဒေသသည် ပုဂံခေတ်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်နိမိတ်အစိတ်အပိုင်းတစ်ရပ်အဖြစ်တည်ရှိနေသည်။ ပုဂံခေတ်၊ အင်းဝခေတ် ( ခရစ် နှစ် ၁၃ ရာစုမှ ၁၅ ရာစုထိ)၊ ကုန်းဘောင်ခေတ်( ခရစ်နှစ် ၁၈ ရာစုမှ ၁၉ ရာစုထိ) ကျောက်စာ အထောက်အထားများအရ ချင်းဟူသောဝေါဟာရအမည်သည် ဗမာတိုင်းရင်းသားများက ခေါ်ဝေါ်သော အမည်နာမပင်ဖြစ်သည်။ချင်းလူမျိုးများသည် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများ၌ ရှေးပဝေသဏီကပင်နေထိုင်ခဲ့ကြပြီး ယင်းတို့ နေထိုင်ရာ ဒေသသည် တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ် လာများအနည်းငယ်ကွဲပြားလာကာ ဒေသအလိုက် မိမိတို့ ကိုယ် မိမိတို့ အခေါ်အဝေါ်များ ကွဲပြားလာခဲ့သည်။



တောင်ပေါ် ဒေသ နေချင်းတို့အနက် တီးတိန်နှင့် တွန်းဇံနယ်တွင် နေထိုင်ကြသူများက မိမိတို့ကိုယ်ကို ဇို (Zo)၊ ယို ( Yao) ဟု ခေါ်ဆိုရာမှ ဇိုမီး (Zomi) ဟု အချင်းချင်းခေါ်ဆိုကြသည်။ ဖလမ်း၊ ဟားခါး၊ ထန်တလန်နယ်တွင် နေုထိုင်ကြ သူများက လိုင် ( Lai) ၊လိုင်ဇို ( Laizo) ဟု ခေါ်ဆိုရာမှ လိုင်မီး ( Laimi)ဟု ခေါ်တွင်ကြသည်။ မင်းတပ်၊ ကန်ပ လက်နယ်များတွင်မူ ချို (Cho, Chou)၊ ချော ( Chhaw) ဟု ခေါ်ဆိုကြသည်။ ပလက်ဝနယ်တွင် ခူ ( Khu), ခူမီ( khumi), ခမီ(Khami) ဟူ၍ ဆင်တူယိုးမှား အမည်များသုံးစွဲခေါ်ဝေါ်ကြ၏၊ မြေပြန့်ဒေသသရက်၊ သံတွဲ၊ မြေထဲ( အောင်လံ)၊ မင်းဘူး၊ တောင်တွင်းကြီး၊ နတ်မောက်၊ ပျဉ်းမနားမြို့စသော မြို့နယ်များတွင် နေထိုင်သော ချင်းလူမျိုးများသည် မိမိတို့ကိုယ်ကို အရှို ( Asho) ဟု ခေါ်ဆိုကြသည်။ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ငဖဲနယ်များတွင် ယော( Yaw), ချော( Chhaw), ကျော ( Kyaw), စော ( Saw) စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြသည်။ ထို့အပြင် အခြားသော တိုင်းရင်းသား များကလည်း ချင်းလူမျိုးတို့အား အမည်အမျိုးမျိုးခေါ်ဆိုကြပြန်သည်။ ရှမ်းနှင့် ကချင်တိုင်းရင်းသားများကမူ ချင်းတို့ကို ချန်း ( Chang), ခန်း ( Khang) ဟု ခေါ်ဆိုကြသည်။ ကရင် နှင့် ရခိုင်တိုင်းရင်းသးတို့က ချော( Chhaw) ဟု ခေါ်စမှတ် ပြုကြသည်။ မွန်တိုင်းရင်းသားများကမူ ချီယဲန်း ( Chiang), ခယဲန်း ( Khyeng) ဟု ခေါ်ဆိုကြသည်။

ချင်းလူမျိုးတို့သည် ဘီစီ ၆၀၀ ခန့်လောက်တွင် တိဗက်မှ ဟိုမြစ်ကြောင်း အတိုင်းဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်၍ ချင်းတွင်း မြစ်ကြောင်း တလျှောက်၊ ထိုမှ တဆင့် အရှေ့ဖက်လှည့်၍ တကောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အခြားတဖွဲ့မှာ ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်ဆုံမှ ချိုင့်ဝှမ်းအောက်ပိုင်းသို့ ဆက်လက်ဆင်းသက်လာကြပြီး လူဦးရေများပြားလာသည်။ ချင်းတွင်းဆိုသည်မှာ ချင်းအမျိုးသားများ၏ ဌာနေ ( The Home of the Chin) ဟု အဓိပါယ်ရ၏၊ ယင်းဒေသရှိ ချင်းလူမျိုး များအား အစွဲပြု၍ ယခင်သလ္လာဝတီမြစ်ကို နောက်ပိုင်းတွင် ချင်းတွင်းမြစ်ဟု အစားတွင်လာသည်။ သမိုင်းမှတ် တမ်းအချို့ အရ ဆိုသော် ချင်းမျိုးနွယ်တို့သည် ဘီစီ ၁၀၀ ခန့်ကာလမှစ၍ ပုဂံဒေသ၊ မင်းတိုင်ပင်၊ မုံရွာ၊ ဒီပဲရင်း၊ ပုလဲ၊ သရက်၊ အောင်လံ၊ မင်းဘူး၊ မင်းတုန်း၊ တောင်တွင်းကြီး၊ပုပါး စသော ဒေသ အနှံ့အပြားတွင် နေထိုင်ခဲ့ကြကြောင်း တွေ့ရသည်။ အေဒီ ၈ ရာစုခန့်တွင် သလ္လာဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံအရပ်တွင် အလုံးအရင်းနှင့် နေထိုင်ခဲ့ပြီး ချင်းတွင်း ဟူသော အမည်တွင်ခဲ့သည်။ အေဒီ ၈၃၅ တွင် ချင်းတွင်းဒေသရှိ ရှို မြို့တော်ကို တရုတ်ပြည်၊ ယူနန်နယ်မှ နန်ချို ဘုရင့် တပ်များက ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ခရစ်နှစ် ၁၄၄၉ ခုနှစ်တွင် တရုတ်စစ်သူကြီး ၀မ်ချိ ( Wang- Chi) သည် ရှမ်းတို့အား တိုက်ခိုက်အောင်မြင်ကာ မိုးညှင်းမြို့တော်ကို သိမ်းပိုက်လိုက်၏၊ တရုတ်ရန်ကြောင့် ဧရာဝတီအနောက်ဖက် ကမ်းသို့ထွက် ပြေးလာသော ရှမ်းတို့သည် အခြေစိုက်နေထိုင်ရန်နေရာမရှိသောကြောင့် ပတ်ကွိုင်တောင်တန်း တစ် လျှောက် တက်သွား ရာမှ အသံပြည်ကို သိမ်းပိုက်ကာ အဟုမ်မင်းဆက်တည်ထောင်နိုင်ခဲ့သည်။ ခရစ်နှစ် ၁၅၂၇ ခုနှစ်တွင် အင်အားကြီးမား လာပြီးဖြစ်သော ရှမ်းများက အင်းဝမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်လေတော့သည်။


ယင်းကဲ့သို့သော မောရှမ်းတို့၏ စစ်ရေးစစ်ရာ လှုပ်ရှားမှုများသည် ချင်းတွင်းချိုင့်ဝှမ်းဒေသရှိ ချင်းများ၏ ငြိမ်ဝပ်ပိပြား ရေးကို မငြိမ်မသက်ဖြစ်စေသည်။ ထို့ကြောင့် ခရစ်နှစ် ၁၄ ရာစုနှင့် ၁၅ ရာစုနှစ်များတွင် ချင်းလူမျိုးများသည် ချင်းတွင်း ဒေသမှ စွန့်ခွါလျက် ချင်းတွင်းမြစ်ဖျားဒေသမှ အောက်ဖက် ဘင်္ဂလားပင်လယ်အော်ကမ်းခြေအထိ ရောက်သော အနောက် ရိုးမ တောင်တန်းဒေသများသို့ ရွှေ့ပြောင်းသွားကြဟု ယူဆကြသည်။ ထို့ကြောင့် ချင်းတိုင်းရင်းသားတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အစပြု၍ ဤပြည်ထောင်စုမြေပေါ်၌ အတူတကွ နေထိုင်လာခဲ့ကြသော သွေးရင်းညီရင်းအ ကိုများပင် ဖြစ်ကြပေသည်။



သွေးရင်းညီအကိုများဖြစ်ကြသော ချင်းတိုင်းရင်းသား တို့တွင် အထွဋ်အမြတ် အလေးအနက် ထားသော ချင်းအမျိုးသား နေ့ရှိသည်။ ချင်းအမျိုးသားနေ့သည် ကျဉ်းမြောင်းသော အမျိုးသားရေးစိတ်ဓါတ်၏ မတော်တဆ ဖြစ်ပေါ်မှုမဟုတ်ပါ။ လွတ်လပ်ရေး၊ စည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးတန်းတူ ညီမျှရေးနှင့် ဒီမိုကရေစီရေး စသည့် နက်နဲကျယ်ဝန်းသော သမိုင်းကြောင်းအရ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ထို့အပြင် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုများနှင့် လည်း ဆက်နွယ်နေသည်။ ခရစ်နှစ် ၁၈၂၆ ပထမအင်္ဂလိပ်- မြန်မာ စစ်ပွဲ အပြီးတွင် ရခိုင်ဒေသကို အင်္ဂလိပ်တပ်များ သိမ်းပိုက် ထားရာ နယ်ချဲ့အင်္ဂလိပ်တို့အား ပလက်ဝနယ်မှ ခမီးချင်းများ ခုခံတော်လှန်ကြသည်။ လက်နက်အင်အား လူအင်အား မမျှသဖြင့် ပလက်ဝနယ်မြေတခုလုံးနယ်ချဲ့အင်္ဂလိပ်သြဇာခံဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် မြန်မာတ နိုင်ငံလုံးကို အင်္ဂလိပ်တို့သိမ်းပိုက်စဉ်က မြန်မာပြည်အနှံ့အပြား ညီနောင် တိုင်းရင်းသားများအားလုံး နယ်ချဲ့အင်္ဂလိပ်တို့ အား ခုခံတော်လှန်ခဲ့ကြသည်။ ယင်းသို့ ခုခံတော်လှန်ခဲ့ကြသော ညီနောင် တိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသား များလည်း ပါဝင်ခဲ့ကြသည်။ ထင်ရှားသော ချင်းတော်လှန်ရေးခေါင်း ဆောင်များမှာ တောင်ပိုင်း ချင်းတောင်ဒေသတွင် မင်းတပ်ချိုးချင်း အမျိုးသားခေါင်းဆောင် ဦး ကီးရောက်နိန်း မြောက်ပိုင်း ချင်းတောင်ဒေသတွင် တာ့ရွှန်းအမျိုးသား ခေါင်းဆောင် ဦးစွန်ဘိက်၊ ထုတ်လှိုင်မှ ခေါင်းဆောင်ကြီး ဦးခိုင်ကမ်း၊ စစ်သည်စာဆို ဦးခုပ်လျံ၊ မွန်မံရွာသား ဦးကမ်စွက် နှင့် တီးတိန်မြို့နယ်ကပ်တဲလ်ရွာသား ဗိုလ် ကိုင်တွတို့ဖြစ်သည်။



အင်္ဂလိပ်တို့သည် ချင်းပြည်နယ်ကို ၁၈၉၂ ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း ၁၈၉၆ ခုနှစ်တွင်သာ ချင်းတောင်များ စည်းမျဉ်းဥပဒေပြဌာန်း၍ အုပ်ချုပ်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့သမားများသည် ချင်းလူမျိုးတို့အား တပေါင်းတစည်းတည်း မထားရှိပဲ သွေးခွဲ အုပ်ချုပ်ရေးစနစ်အရ -

(၁) ချင်းတောင်များဒေသ( ဖလမ်းနယ်၊ တီးတိန်နယ်၊ ဟားခါးနယ်)၊

(၂) ပခုက္ကူတောင်တန်း ဒေသ

(၃) ရခိုင်မြောက်ပိုင်းဒေသဟူ၍ တသီးတခြားစီ ခွဲခြားအုပ်ချုပ်ခဲ့သည်။

ချင်းတောင်များ ဒေသကို ဖလမ်းမြို့၌ ရုံးစိုက်သော ခရိုင်ဝန် တယောက်က အုပ်ချုပ်ခဲ့သည်။ ပခုက္ကူတောင်တန်းဒေသကို မကွေးတိုင်းမင်းကြီးက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ရခိုင်မြောက်ပိုင်းဒသ၏ အုပ်ချုပ်ရေးအရပ်ရပ်ကို စစ်တွေမြို့ရှိ တိုင်းမင်းကြီးက အုပ်ချုပ်ခဲ့သည်။

ချင်းတိုင်းရင်းသားတို့နိုင်ငံရေးနိုးကြားမှုသည် ၁၉၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် မေမြို့(ပြင်ဦးလွင်)၌ ဖွဲ့စည်းသည့် ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ့ဖွဲ့စည်းရာမှ စတင်ခဲ့သည်။ ( နှစ် ၅၀ ချင်းအမျိုးသားနေ့ ရွှေရတု သဘင်လက်ကမ်းစာစောင်) ထို့ကြောင့် ၁၉၁၈ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့သည် ချင်းအမျိုးသားတို့အတွက် အရေးပါ သော နေ့တနေ့ဖြစ်သည်။ ၁၉၂၅ ခုနှစ် ဇွန် (၁) ရက်နေ့တွင် ဦးဝမ္မသူးမောင်းသည် ၀မ္မသူးရွာတွင် နေရှင်နယ် ( အမျိုးသား) ကျောင်းတည်ထောင်ကာ ကျောင်းဆရာဘ၀ဖြင့် နီးစပ်ရာ ချင်းအမျိုးသားများအား နိုင်ငံရေးလှို့ဝှက်စည်းရုံးမှု ကို စတင်ခဲ့သည်။ ၁၉၃၃ ခုနှစ် မတ်လ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ချင်းမျိုးချစ်များဦးဆောင်သော ချင်းအမျိုး သားထု အစည်းအဝေး တရပ်ကို မင်းတပ်နယ်( ထိုစဉ် ကန်ပက်လက်နယ်) ၊ နှော်ချောင်းတိုက်၊ မုံးနူးရွာတွင် ကျင်းပကာ ချင်းအမျိုးသားများ ညီညွတ်ရေးအဖွဲ့( ခ မ ည ဖ) အမည်ဖြင့် ချင်းနိုင်ငံရေးအဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ အဖွဲ့ ၏ အဓိက ရည်ရွယ် ချက်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုလိုနီနယ်ချဲ့လက်အောက်ရှိ လူမျိုးအားလုံးလက်တွဲ၍ နယ်ချဲ့အရင်းရှင်စနစ်ကို တိုက်ဖျက်ရေးတို့ဖြစ်သည်။ ခမညဖသည် ၁၉၃၄ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ယောချောင်းတိုက်၊ ၀ရဲရွာ၌ ပထမဦးဆုံးအကြိမ်နယ်လုံးကျွတ်ညီလာခံခေါ်ယူကာ အဖွဲ့၏ လုပ်ငန်းစဉ်များနှင့် နယ်ချဲ့ အစိုးရထံ တင်ပြတောင်းခံမည့် အချက်အလက်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။ နယ်ချဲ့အစိုးရထံတောင်းဆိုမည့် အ ချက် (၉)ချက်မှာ -

(၁) တိုက်သူကြီး၊ ရွာသူကြီးများအား အာဏာရှင်ဆန်သော သြဇာအာဏာများ ပေးထားခြင်းကို အမြန်ဆုံးရုတ် သိမ်းပေး ရန်၊

(၂) ချင်းတောင်တွင် မြန်မာစာသင်ကြားခြင်းကို ပိတ်ပင်တားမြစ်သည့် အမိန့်ကို ချက်ချင်းရုတ်သိမ်း၍ အမြန်ဆုံးပြန် လည်သင်ကြားခွင့်ပြုရန်၊

(၃) ချင်းတောင်နယ်အတွင်း ကိုလိုနီအုပ်ချုပ်ရေးဥပဒေများ ကျင့်သုံးခြင်းကို ရပ်စဲ၍ ချင်းအမျိုးသားများပါဝင်ရေးဆွဲသည့် တရားဥပဒေသစ်တရပ်ကို ပြဌာန်းပေးရန်၊

(၄) တောင်တန်းဒေသများအား ခြွင်းချန်ထားသော နယ် အဖြစ် သတ်မှတ်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းရန်၊

(၅) မြန်မာပြည်မအား ၉၁ ဌာန အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လျှင် ချင်းတောင်လည်း ၄င်းအတိုင်းအုပ်ချုပ်ရန်၊

(၆) မြန်မာပြည်မအား လွတ်လပ်ရေးးပေးသည်နှင့် တပြိုင်နက် ချင်းတောင်ကိုလည်း တပါတည်းလွတ်လပ်စေရန်၊

(၇) လောလောဆယ်ဘာသာရေးချုပ်ချယ်မှုများကိုရုတ်သိမ်းပေးရန်၊

(၈) ချင်းတောင်၏ လူမှုရေး၊ စီးပွားရေးတိုးတက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန် နှင့်

(၉) မြန်မာပြည်တိုင်းရင်းသားများအချင်းချင်းလွတ်လပ်စွာ သွားလာဆက်ဆံခွင့်ပေးရန်တို့ဖြစ်သည်။

ခမညဖကို ၁၉၃၉ ခုနှစ်တွင် ချင်းတောင်ညီညွတ်ရေးအဖွဲ့ဟု ပြောင်းလဲခေါ်ဆိုသည်။ ၄င်းအဖွဲ့သည် ဒို့ဗမာအစည်းအရုံး နှင့် ဖဆပလ အဖွဲ့ချုပ်တို့နှင့် ဆက်သွယ်ကာ ဗြိတိသျှဘုရင်ခံထံ ချင်းအမျိုးသားတို့၏ အခွင့်အရေးနှင့် နစ်နာချက်များကို တောင်းဆိုခဲ့ကြသည်။ မြန်မာပြည်ဘုရင်ခံက မကွေးတိုင်း ၀န်ရှင်တော်မင်းကြီး၊ မစ္စတာ မက္ကရီကင်အား ချင်းအမျိုးသား များ၏ တောင်းဆိုချက်များကို ဖြေကြားရန် ရေးသားပေးပို့ခဲ့သည်။ မစ္စတာ မက္ကရီကင်က ဖလမ်းအရေးပိုင် မစ္စတာ နီလာ၊ ကန်ပက်လက်နယ်ခြားဝန်ထောက်ဂျေဖူးညိုတို့နှင့် ချိန်းဆို၍ ကန်ပက်လက်မြို့သို့သွားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်ဖေဖေါ် ၀ါရီလ ၂၀ ရက်နေ့တွင် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့နှင့် လူထု ၃၀၀၀ ခန့်တက် ရောက်ခဲ့သည်။ မစ္စတာ မက္ကရီကင်က ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ အရေးကြီးသော တောင်းဆိုချက်အချို့ကို မလိုက် လျောနိုင်ကြောင်း ဖတ်ကြားဖြေကြားရာ လူထုကြီးမှ လက်သီးလက်မောင်းတန်း၍ အော်ဟစ်ဆန္ဒပြကြသည်။ ဤသို့ မမျှော်လင့်ပဲ ချင်းအမျိုးသားတို့၏ ဆန္ဒပြ ကန့်ကွက်မှုကို ထိတ်လန့်တုန်လှုပ်ကာ ဆောမြို့သို့ ထွက်ပြေးကြသည်။ မကြာမီ ဗြိတိသျှတို့သည် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို မတရားအသင်း ကြေညာကာ ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)( ဃ) အရ ဦးဝမ္မသူးမောင်းနှင့် ချင်းခေါင်းဆောင် (၉)ဦးကို ၁၉၃၉ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) တွင်ဖမ်းဆီးသည်။ ထို့အပြင် သတ္တမ သုတ်အထိ မျိုးချစ်ချင်း (၁၃၀) ကျော်ကို ဖမ်းဆီး၍ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မြင်းခြံ၊ ကသာနှင့် မန္တလေးထောင်များတွင် အကျဉ်းချခဲ့သည်။

၁၉၄၆ ခုနှစ် မတ်လတွင် ပထမပင်လုံညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ချင်း၊ ကချင်၊ ရှမ်းခေါင်းဆောင်တို့ စည်းဝေးကြပြီး တိုင်းရင်းသားများအားလုံးညီညွတ်စွာ ပူးပေါင်း၍ လွတ်လပ်ရေး အရယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ချင်း – ဗမာ ချစ်ကြည်ရေးညီလာခံကို ပခုက္ကူခရိုင် ထီးလင်းမြို့၌ ၁၉၄၇ ခုနှစ် မတ်လ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။ ထိုညီလာခံသို့ ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင်တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တာဝန်ဝတ္တရားများပြားလှသောကြောင့် ဗိုလ်ချုပ်ကိုယ်စား ဒီးဒုတ်ဦး ဘချိုတက်ရောက်ခဲ့သည်။ ချင်း- ဗမာ တိုင်းရင်းသားလူထု ၂၀၀၀၀ ကျော်နှင့် ချင်းပြည်သူ့ရဲဘော်ရဲမေများ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင် စိုက်ထူခဲ့ရာ ဦး ၀မ္မသူးမောင်း နှင့် ဦးဘချိုတို့ပူးတွဲ၍ အုတ်မြစ်ချခဲ့ကြသည်။ ချင်းနှင့် ဗမာသည် ညီအကိုများသာဖြစ်၍ မည်သည့် အခါမျှ ချစ်ကြည်ရေး မပျက်ပြားနိုင်ကြောင်း သက်သေတည်သော အထိမ်း အမှတ် တရပ်ပင်ဖြစ်ပေတော့သည်။

၁၉၄၈ ခုနှစ် ဇန္န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းပြည်သူများအတွင်း နယ်ချဲ့ စနစ်ဟောင်း မလိုလားမှုများ ပိုမိုပြင်းထန်လာရာ ချင်းရေးရာဌာနက ၂၂၊ ၁၊ ၁၉၄၈ ခုနှစ်တွင် ၀န်ကြီးအဖွဲ့သို့ ချင်း တောင်စုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် တင်ပြခဲ့သဖြင့် ၅၊ ၂၊ ၁၉၄၈ တွင် ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအဖွဲ့တွင် ဦး ၀မ္မသူးမောင်း၊ စည်သူ ဦးသိမ်းမောင် ( အေ – တီ – အမ်) နှင့် ဦး စိုးဝင်း ( အမျိုးသား ပညာဝန်ဟောင်း) တို့ ပါဝင်ကြသည်။

ကော်မရှင်သည် ၁၂၊ ၂၊ ၁၉၄၈ မှ ၂၃၊ ၂၊ ၁၉၄၈ အထိ စုံစမ်းပြီး ၂၂၊ ၉၊ ၁၉၄၈ ခုနှစ်တွင် ဗြူရိုကရေစီအုပ်ချုပ်ရေးကို ဖျက်သိမ်း၍ ခေတ်မီ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် နှင့် တိုက်သူကြီးများဖြင့် အုပ်ချုပ်သည့် စနစ်ကို မကျင့်သုံးရန်နှင့် မနစ်နာစေရန်ပင်စင်ထောက်ပံ့ကြေးအချို့ကို ဝေပုံကျ ပေးသင့်ကြောင်း ထောက်ခံတင်ပြခဲ့ကြသည်။

ယင်းအတောအတွင်း ၂၀ ၊ ၂၊ ၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့၌ ကျင်းပသော လူထု ၅၀၀၀ ကျော်တက်ရောက်သည့် အစည်း အဝေးတွင် ချင်းဝိသေသတိုင်းတွင် ဒီမိုကရေစီစနစ်နှင့် အုပ်ချုပ်သည့် စနစ်ကို ကျင့်သုံးပြီး နယ်ချဲ့ အမွေစနစ်ဟောင်းကို ဖျက်သိမ်းရန် အဆိုကို အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအတွက် ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်း ( ဥပဒေများ သက်ဆိုင်ခြင်း) အက်ဥပဒေကို ၁၂၊ ၁၀၊ ၁၉၄၈ ခုနှစ်တွင် ကျင်းပသည့် တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) ညီလာခံက အက်ဥပဒေအဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ဤ အက်ဥပဒေအရ ၁၈၉၆ ခုနှစ် ချင်းတောင်များ အက်ဥပဒေကို ဖျက်သိမ်းလိုက်သည်။ သို့ဖြစ်၍ ဦး ၀မ္မသူးမောင်း ခေါင်းဆောင်သော ချင်းအမျိုးသားများသည် နယ်ချဲ့တော်လှန်ရေး အဆက်ဆက်ကို ကိုယ်တိုင်ကိုယ်ကျ အနစ်နာခံခဲ့ရသည့် အတွက် ချင်းအမျိုးသားနေ့ သတ်မှတ် သင့်ကြောင်း အလေးအနက် ဆွေးနွေးခဲ့ကြသည်။
ချင်းအမျိုးသားနေ့အတွက် (၁) ၂၀၊ ၂၊ ၁၉၁၈ ခုနှစ် ချင်းအမျိုးသားပညာမြှင့်တင်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊

(၂) ၂၀၊ ၂၊ ၁၉၃၈ ခုနှစ် ကန်ပက်လက်ဒါဘာပွဲကျင်းပခြင်း၊

(၃) ၂၀၊ ၂၊ ၁၉၄၈ ဖလမ်းမြို့လူထုအစည်းအဝေးကြီး၊

စသည့် သမိုင်းအစဉ်အလာအဆက်ဆက်တို့ကြောင့် ၁၉၅၀ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့တွင် ချင်းရေးရာ ကောင်စီက ချင်းအမျိုးသားနေ့ကို နှစ်စဉ်ဖေဖေါ်ဝါရီ ရက်နေ့၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ၂၀၊ ၂၊ ၁၉၅၁ ခုနှစ်တွင် မင်းတပ်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ပြည်နယ်ဝန်ကြီး အချို့ နှင့်ကိုယ်စားလှယ်များမှ တဆင့် ပြည်နယ်ဝန်ကြီးများ၏ သ၀ဏ်လွှာများ ကို သီးသန့်ပေးပို့ခဲ့ကြသည်။ ထို့နောက် နှစ်စဉ်နှစ်တိုင်း ချင်းအမျိုးသားနေ့ကို တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ကလေး၊ ပခုက္ကူ၊ ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့များတွင် တချိန်တည်းကျင်းပလာခဲ့ကြရာ ယနေ့ထိတိုင်ပင်ဖြစ် ပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၃၊ ၁၊ ၁၉၇၄ ခုနှစ်တွင် အတည်ပြုခဲ့ရာ ယင်းဥပဒေပုဒ်မ – ၃၀၊ ပုဒ်ခွဲ(ခ)၊ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်နေ့သည် ဇန္န၀ါရီလ (၃) ရက်နေ့ဖြစ်ပြီး ချင်းအမျိုးသားများကို ကိုယ်စားပြုသော ချင်းအမျိုးသားနေ့သည်ကား ဖေဖေါ်ဝါရီ (၂၀)ရက်နေ့ပင်ဖြစ်ပေ သည်။

(ဤဆောင်းပါးရေးသားပြုစုနိုင်ရန် လိုအပ်သော စာအုပ်စာတမ်းအကူအညီပေးသော ဒေါက်တာ ဆလိုင်း ရီယန်းဗဲလ် ( ပါမောက္ခ၊ သင်္ချာဌာန၊ ကလေးတက္ကသိုလ်)၊ ဦးခန့်လင်း ( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်ဝ၊ ဒေါ်စိုးစိုးအေး( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်) နှင့် ဦး ငူးလ်ဆွင့်လျန်( နည်းပြ၊ သင်္ချာဌာန၊ ကလေးတက္ကသိုလ်) တို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

Chin National Day and National Duty Robert Siang Lian, M.A., R.L (This article is taken from, Golden Jubilee Magazine, 1998 of Tedim No. 1 Basic Education High School, pages 573-577)

Chin National Day and National Duty
Robert Siang Lian, M.A., R.L
(This article is taken from, Golden Jubilee Magazine, 1998 of Tedim No. 1 Basic Education High School, pages 573-577)

Every nationality has its own national day. We, the Chin people, also have our own national day which falls on 20th February every year. The Chin National Day did not come into being accidentally out of narrow nationalism and patriotism, but it came into existence as a result of the slow and steady struggle against the hereditary feudal system, colonialism and imperialism. We were able to get our national day because of our national unity.

Under the divide and rule policy of the imperialists, the Chins were administered separately from that of Myanmar and other indigenous races. Mizoram was excluded from Chin Hills. The exploitation of Chins by the imperialists took place politically, economically and socially. Under the cover of religion, our national culture was distorted and destroyed.

So, the Chins were in one voice to fight the imperialists although their arms and ammunition were very much inferior to that of the British. The fight against the British imperialists brought about the seed o0f revolution which in turn laid down the birth of the Chin National Day. The British invaded and annexed the Chin Hills in 1892; however the British could administer Chin Hills only after the adoption of Chin Hills Regulation in 1896. Later this Regulation was replaced by Chin Special Division Act of 1948 which was adopted on 22 October 1948.

The Chin nationalist movements took place on 20 February 1928, 20 February 1938 and 20 February 1948 respectively. These nationalist movements are an indication of the strong patriotic spirit of the Chins towards their own state.

Chin Hills Union Organization was born on 20 February 1928 at Hlingzung (Mahtungnu village) in Mindat Township. The founding father of the organization were U Law Ha Hing Thang(Chairman), U Ware Law Ha (Secretary), U Ki Pe Lian (a) Thakhin Aung Min (Treasurer) U Ki Mang (Information ) and seven other members. The formation of Chin Hills Union Organization is a milestone in the history of Chin Hills because this is the first time that the Chins were able to form a political organization in order to achieve their political ambition. It also laid down the political foundation for the introduction of Chin National Day. The first general meeting of Chin Hills Union Organization was held successfully at Ware village on 29 September 1932. The meeting decided to work together for the successful implementation in education, health, economy and social affairs. They also made a painful decision to drive out the imperialists as sooon as possible in cooperation with Myanmar.

In line with the division of the meeting, U Vomhtu Maung, U Ki Pe Liang, U Om Ning(a) Thakhin AAung Nyunt and meet the political leaders of Myanmar in Yangon. From that time onwards, Chin Hills Union Organization and Dobamar Asiayone ware able to increase the political momentum of national liberation movements in the country.

The new executive members of the organization were reelected by means of plebiscite at the general meeting in ware village the line up of new members were:

1. U Vomhtu Maung (Chairman)
2. U Ware Law Ha (Vice-Chairman)
3. U Ki Pe Liang (Secretary)
4. U Shwe Ling (Joint Secretary)
5. U Ki Mang (Finance)
There were also other 10 EC members and 18 circle chairmen.
Thus the political momentum of Chin national unity was developed rapidly. It also tendered a helping had to the Student’s Strike of 1936 and the political crisis of Myanmar era 1300. The organization submitted nine petitions to the British Government for the improvement of Chin Hills in various fields as follows:

1. to grant equal rights in administration to Chins similar to other forign national;
2. to administer Chin Hills according to the rules and regulations adopted by the Chins in cooperation with the Government;
3. to make reformations for the improvement in education system in Chin Hills and
4. to allow the teaching of Myanmar[sig- Burmese language] in addition to English;
5. to permit freedom of religions;
6. to construct roads as soon as possible for the improvement of transport and communications in Chin Hills;
7. to grant free access to travel to Myanmar;
8. to allow Chins to have freedom of relationship with any nationality;
9. to grant independence to Chins simultaneously with Myanmar.
The British Government gave its consent to discuss the 9 proposals on 20 February 1938 under its letter of 17 December 1937. About 300 members of Chin Hills Union Organization attended the general meeting under the leadership of U Vomhtu Maung, U Ware Law Ha and U Ki Pe Ling. About 300 government sevants attended the meeign under the leadership of the Commissioner of Falam and Sub divisional officer of Kanpetlet.
After heated debate between the two sides, the British Government announced that the 9 proposals could not be granted to the Chins. The political leaders of Chins were requested to take high ranking posts of public service in place of political duties. The members of Chin Hills Union Organization refused to take part in the public service and the discussions were in deadlock. Finally, the Government then declared Chin Hills Union Organization as an illegal organization. The Chins were very angry with the one sided act of the Government and as a result, demonstrations against the Government took place in various parts of Kanpetlet.

The high raking administrators of Magwe, Falam and Kanpetlet then ran away to the town of Saw in the same night for the sake of their safety.

After the declaration of Chin Hills Union Organization as an illegal organization, the Government arrested many Chin political leaders. The 36 members of circle chairmen declared their resignations from the public service in defiance of the detention of Chin political leaders. Demonstrations against the Government also took place in many parts of the area. They said that they would no longer pay tax and would not also serve as their coolies. They also stopped their ties with the ruling government.

The popular uprising in Kanpetlet is an indication of the brevity of Chins in their struggle against the colonists. Their act of defiance against the colonists was a right direction for the birth of Chin National Day.

According to the meeting on 13 December 1946 at Aung San’s residence, many commissions were formed to strengthen the friendly ties between Myanmar and various leaders of ethnic community. A Conference on Chin Myanmar friendship was held at Htilin from 4 to 6 March 1947 and friendship treaty was signed on the last day. Dedok U Ba Cho represented Aung San and U Vomhtu Maung represented the Chins. The leaders of Shan, Kachin and Chin also held a conference at Nyaungshwe in March 1947 and they decided to fight for complete independence together with Myanmar.

Aung San Atlee Agreement was signed on 27 January 1947. In line with the agreement, the Constituent Assembly was to be elected to determine future administrative affairs of Myanmar. As such, Panglong Conference was held on 7 February 1947 and Panglong Agreement was signed on 12 Februay 1947.
In accordance with the instructions of the Governor the Frontier Areas administrative officers, U Hlur Hmung of Falam, U Kio Mang of Hakha and U Thawng Za Khup of Tedim were selected by the Deputy Commissioner of Falam to represent Chins at Panglong conference.

Furthermore, Frontier Areas Committee of Enquiry was formed in March 1947 under the chairmanship of the Committee; the Chins opted to elect their own respective Constituent Assembly.

At the request of the Chins, Chin Hills Enquiry Commission was formed with three members on 5 February 1948. The Commission conducted enquiry from 12-23 February 1948 and they recommended the introduction of the rule of democratic system in lieu of hereditary feudal system of administration in Chin Hills and to grant compensation to the chiefs and headmen.

A general meeting was held in Falam from 19-22 February, 1948 to make a choice on the administrative system in Chin Hills and the election of Chin representatives. The meeting was attended by over 5000 representatives of Chins. In the meeting, U Vomhtu Maung acted as Chairman, Captain Mang Tung Nung as Secretary and U Lian THum of Hakha as master of ceremony.

On 20 Feb 1948, the representative of Tedim U Thawng Za KHup submitted a proposal in the general meeting. According to his proposal, the Chins had suffered untold misery under the hereditary feudal chiefs and headmen. They imposed heavy taxes on the common people. They also ordered the common Chin people to contribute voluntary labor without paying their labor charges. Due to their exploitation of the Chins by the feudal chiefs and headmen, no improvement and development of Chin Hills could be made for may decades. So, the majority of Chins were in favor of the abolition of hereditary feudal system of administration and they would like to bring about modern democratic system of administration in the Chin Hill.

The proposlal of U thawn Za Khup was strongly supported by U Sum Mang of Falam and U Thang Maung of Kanpetlet repectively. The popular vote was taken and 5000 representatively voted in favor of the proposal were as 17 representatives voted against the proposal. The Chin representative’s then confirmed the resolution as the vote received and overwhelming majority. Colonialism, the rule of hereditary feudal system by chiefs and headmen were then eliminated for the first time in Chin Hills at this mass meeting and introduced the democratic system which advocates the rule of the people by the people for the people. It is landmark in the history of Chin Hills because it was the first time that all the Chins were able to hold the general meeting and achieves national unity among themselves. So, 20 Feb is a historic and meaningful day for the Chins because all the Chins were able to achieve national solidarity and unity on this very day.

On 9 October 1950 the Chin Affairs Council decided officially to honor 20 Feb as Chin National Day. The first Chin National Day was held in Mindat on grand scale on 20 Feb 1951. Messages of congratulations were received from the President and many Ministers of the States of the Union of Myanmar. The Prime Minister attended the celebration of Chin National Day personally and he also read the message of the President of the Union of Myanmar.

In 1956 the Minister for Chin Affairs U Zahre Lian changed Chin National Day from 20 Feb to 4 December, Hoever, the change was not successful because the majority of th Chins could not accept his order as 4 December has no political significance for Chin nationals.

In Feb 1966, attempts were being made to change the Chin national day to Chin Special Division Day. The matter was referred to the Office of the Revolutionary Council on 11 July 1966. The Office of the Revolutionary Council then informed the Chin Affairs Council to carry out the celebration of Chin National Day as before in its letter of 25 November 1966. In line with the instructions, the Chin Affairs Council issued a notification under letter No. YAKA 29/04(2) of 9 January 1967 announcing that Chins would continue to observe its Chin National Day as usual but not as Chin Special Division Day.

Now, similar attempts are being made by some people to change Chin National Day into “Chin State Day” Chin State has come into existence under section 30(B) of the Constitution of the Union of Myanmar which was adopted only on 3 January 1974. It is therefore, the national duty of all Chins to safeguard its National Day, to preserve and maintain its culture, language and literature if we would like to keep our Chin identity among the family of nations.

Lists of references
1. Salai Lian Hmung, Chin National Day, Chin National Journal(Myanmar Edition) published by Chin National Journal Committee, Universities of Yangon on 20 Feb 1988.
2. Mindat Eugene, Chin National Day Started from the Struggle against Imperialism, a pamphlet in Myanmar Edition, published by Chin National Day Golden Jubilee Celebration Committee, Yangon, 20th Feb 1988.
3. Robert Siang Lian, Chins Choose to Be Free, Chin Magazine, Universities of Yangon, 1984-1985.
4. Robert Siang Lian, The Significance of Chin National Day, Chin Magazine (1973-1974), published by Chin literature and culture Committee, Universities of Yangon, Yangon, 1973-74.

ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်း

ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်း

ချင်းအမျိုးသားနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့နှင့် ထူးထူးခြားခြား တိုက်ဆိုင်ခဲ့သည့်နေ့စွဲများ..... နယ်ချဲ့ အစိုးရတို့လက်အောက် ကျရောက်ပြီး နှစ်ကာလ ကြာလာသည်နှင့်အမျှ ခေတ်ပညာတတ် ချင်းတိုင်းရင်းသားလူငယ်အချို့တို့သည် ဗြိတိသျှအမှုထမ်းများအဖြစ် ၀င်ရောက်လုပ်ကိုင်လာကြသည်။ထို့ကြောင့် ဗြိတိသျှစစ်တပ်သည် အနယ်နယ်အရပ်ရပ်မှ ချင်းတိုင်းရင်းသားတို့၏စုံစည်းရာ နေရာဖြစ်လာသည်။မကြာခဏအစည်...းအဝေးလုပ်များပြုလုပ်ကာ ခေတ်ပညာတတ်ရေးသည် အရေးကြီးကြောင်းဆွေးနွေးလာကြသည်။ သို့ဖြင့် ချင်းအမျိုးသားများ၏ ပထမဆုံး လူမှုရေးအဖွဲ့အစည်းဖြစ်သည့်.... " ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ့ " ကို မေမြို့ နှင့် မန္တလေးမြို့ စစ်တပ်တွင် အမှုထမ်းကြသည့်ချင်းအမျိုးသားများက ၁၉၁၈ ဖေဖော်ဝါရီ ၂၀ တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ၁၉၂၇တွင် ခေတ်ပညာတတ်မျိုးချစ်ဦးဝမ္မသူးမောင်းက ခေတ်ပညာအခြေခံရှိသောချင်းအမျိုးသားလူငယ်များအား စည်းရုံးကာ ၁၉၂၈ ဖေဖော်ဝါရီ ၂၀ တွင် ချင်းအမျိုးသားမျာ၏ ပထမဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် " ချင်းတောင်ညီညွတ်ရေးအဖွဲ့ " ကို ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့အစည်းအား ချင်းတိုင်းရင်းသားဓလေ့ထုံးတမ်းနှင့်အညီ နွားနောက် ( ၁၀ ) ကောင်ဖြင့် ခေါင်ပွဲ ကျင်းပကာ ခေါင်းဆောင်အားလုံးမှ ရည်မှန်းချက်များ အောင်မြင်ရန်အလို့ငှာ သစ္စာဖွဲ့ရည် သောက်ကာ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်လေသည်။ထို့နောက် ချင်းတိုင်းရင်းသားတစ်မျိုးသားလုံးအား ကိုယ်စားပြုစေရန် ရည်ရွယ်၍ ချင်းတောင်ညီညွတ်ရေးအဖွဲ့အား " ချင်းအမျိုးသားများညီညွတ်ရေး အဖွဲ့ " ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့၏ ဒုတိယအကြိမ်မြောက်ညီလာခံတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရအဖွဲ့အား အချက် ၉ ချက်ပါ ရာဇသံတစ်စောင်ပေးပို့ခဲ့သည်။ .................... ၁။ ချင်းတောင်တန်းအုပ်ချုပ်ရေးကို ပြည်မဒေသနှင့် တန်းတူ အခွင့်အရေးပေးရန် ၂။ ချင်းတောင်အုပ်ချုပ်ရေးတွင် ချင်းအမျိုးသားကိုယ်စားလှယ်များပါဝင်ရေးဆွဲသော ဥပဒေသာ ကျင့်သုံးရန် ၃။ ပညာရေး ကျန်းမာရေး စီးပွားရေး နှင့် လူမှုရေးများ ကဏ္ဍအလိုက် ဖွဲ့ဖြိုးတိုးတက်စေရန် ပြုပြင်ဆောင်ရွက်ပေးရန် ၄။ ချင်းတောင်ပညာရေးစနစ်ကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးရန် ( အင်္ဂလိပ်စာအပြင် မြန်မာစာပါ သင်ကြားခွင့်ပြုရန် ) ၅။ ဘာသာရေးလွတ်လပ်ခွင့်ပေးရန် ၆။ ချင်းတောင်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းများ အမြန်ဆုံး ဖောက်လုပ်ပေးရန် ၇။ ပြည်မနှင့် ချင်တောင်ဒေသ လွတ်လပ်စွာကူးလူးဆက်ဆံခွင့်ပြုရန် ၈။ ချင်းလူမျိုးတို့အား မည်သည့်လူမျိုးနှင့်မဆို တန်းတူရည်တူ ဆက်ဆံခွင့်ပေးရန် ၉။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသောအခါ ချင်းတောင်ကိုပါ တစ်ပါတည်းလွတ်လပ်ရေးပေးရန်........တို့ဖြစ်သည်။ အထက်ပါ အကြောင်းအရာပါ ၉ ချက်နှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရက ၁၉၃၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကန်ပက်လက်၌ တွေ့ဆုံဆွေးနွေးရန် ချင်းအမျိုးသားများ ညီညွတ်ရေး အဖွဲ့သို့ အကြောင်းကြာစာပို့ခဲ့သည်။ ထိုနေ့တွင်အင်္ဂလိပ်ကိုယ်စားလှယ်တော်များ အဖြစ် မကွေးတိုင်း ၀န်ရှင်တော်မင်းကြီး Mr. Mecraken၊ ဖလမ်းခရိုင်ဝန် Mr. Nila ကန်ပက်လက် နယ်ပိုင်ဝန်ထောက် Mr. Phoonyo တို့ခေါင်းဆောင်သော ပုလိပ်နှင့် အမှုထမ်း ၃၀၀ ကျော်တက်ရောက်ကြသည်။ယင်းအစည်းအဝေး၌ တိုင်းမင်းကြီးမှ အင်္ဂလိပ်အစိုးရမှ တောင်းဆိုချက်ကိုးရပ်စလုံးအား မလိုက်လျောနိုင်ကြောင်း၊ ထို့အပြင်ချင်းခေါင်းဆောင်များ နိုင်ငံရေးမလုပ်၊ အတိုက်အခံမလုပ်ဘဲ အစိုးရပေးသော ရထူးများအား လက်ခံကြရန် နှင့် အစိုးရကို ဆန့်ကျင်ပါကဖမ်းဆီးထောင်ချ ပြစ်ဒဏ်ပေးခြင်းခံရမည်ဟု ခြိမ်းခြောက်ပြောဆိုရာ တက်ရောက်လာကြသော ချင်းတိုင်းရင်းသားလူထုကြီး အယောက် ၃၀၀၀ ခန့်မှ လက်သီးလက်မောင်းတန်းလျက် " နယ်ချဲ့အစိုးရ အလိုမရှိ ထွက်သွား " ဟု ကြွေးကြော်ကာ သပိတ်မှောက် ဆန္ဒပြကြလေသည်။ အင်္ဂလိပ်အစိုးရခန့်ထားသော တိုက်သူကြီး ၃၆ ဦးကလည်း ယင်းတို့၏အလုပ်ခန့်စာများပြန်အပ်ကာ နုတ်ထွက် ဆန္ဒပြကြလေသည်။ နယ်ချဲ့အစိုးရ ကိုယ်စားလှယ်များညတွင်းချင်း ဆောမြို့သို့ ပြန်လည်ထွက်ပြေးကြရလေသည်။ ၁၉၄၈ ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းဝိသေသလုံးဆိုင်ရာ ညီလာခံ ကျင်းပသည်။ထိုညီလာခံတွင်တင်သွင်းသောအဆို နှင့် ဆုံးဖြတ်ချက်များစွာတို့အနက် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တီးတိန်မြို့မှဦးထောင်ဇကိုင်း မှ " လူထုဆန္ဒနှင့် အညီ ဒီမိုကရေစီ စနစ်ကျကျ အုပ်ချုပ်ရန် ၊ အင်္ဂလိပ်လက်ထက် ခန့်ထားသော တိုက်သူကြီးများအား ဖြုတ်ချရန်လိုကြောင်း၊ ယင်းတိုက်သူကြီးများသည် မိမိတို့ဆန္ဒအလျောက် လူခွန် ကောက်ပဲသီးနှံခွန်၊ အမဲခွန် တို့အား အာဏာဖြင့် မတရားသဖြင့်ကောက်ခံလျက်ရှိကြောင်း၊ ၄င်းတို့အား ဖြုတ်ချ၍ လူထုကိုယ်စားလှယ်စားလှယ်များပါဝင်သည့်ကောင်စီဖြင့် အုပ်ချုပ်သင့်ကြောင်း၊ အာဏာရှင်စနစ်ဖျက်သိမ်း၍ ဒီမိုကရေစီစနစ်ကျသောစနစ်ဖော်ဆောင်ရန် " အဆိုတင်သွင်းရာ သဘာပတိ ဦးဝမ္မသူးမောင်းမှ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ငါးထောင်ကျော်ခန့်ရှိ၍ ကန့်ကွက်သူ၁၇ ယောက်သာ ရှိသဖြင့်ယင်းအဆိုကို အတည်ပြုခဲ့သည်။ ၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့တွင် " ချင်းအမျိုးသားနေ့ သတ်မှတ်ရေး " အစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးမှနယ်ချဲ့တော်လှန်ရေး သမိုင်းစဉ်တလျှောက် ထူးခြားတိုက်ဆိုင်မှု အကြိမ်ကြိမ်ရှိခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ထိုအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ပထမဆုံး ချင်းအမျိုးသားနေ့ကို တောင်ပိုင်းချင်းတောင်ခရိုင် မင်းတပ်တွင် ကျင်းပရာနိုင်ငံတော် ၀န်ကြီးချုပ်ဦးနု တက်ရောက်ခဲ့သည်။ ဤနေ့သည် နယ်ချဲ့တော်လှန်ရေး၊ လွတ်လပ်ရေးတိုက်ပွဲအပြီးသတ်အောင်မြင်သည့်နေ့၊ နယ်ချဲ့ဗျူရိုကရေစီစနစ်ဖျက်သိမ်းပြီး မူလရှိရင်းစွဲ ဒီမိုကရေစီ စနစ်ပြန်လည်ချမှတ်နိုင်သည့်နေ့ တစ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ချင်းအမျိုးသားနေ့သည် ချင်းပြည်နယ်နေ့ နှင့် လုံးဝမသက်ဆိုင်ပါကြောင်း သို့သော် အခက်အခဲအမျိုးမျိုးတို့ကြောင့် ချင်းပြည်နယ်နေ့ နှင့် ချင်းအမျိုးသားနေ့ပူးတွဲ ကျင်းပခဲ့ရသော နှစ်များလည်း ရှိခဲ့ပေသည်။ ချင်းအမျိုးသားနေ့အား ကျင်းပခွင့်မရခဲ့သော နှစ်များလည်းရှိခဲ့ပေသည်။ ချင်းတိုင်းရင်းသားများသည် တိုင်းရင်းသားအားလုံးအထဲတွင်လူမျိုးခွဲ အများဆုံးသော လူမျိုးဖြစ်သည်မှာ အယူအဆကွဲပြားစရာ အားနည်းချက်တစ်ခုဖြစ်နေသည် ဟု ကျွန်ုပ်ယူဆမိပါသည်။ မည်သို့သော အခက်အခဲများရှိစေကာမူ ချင်းအမျိုးသားတိုင်းသည် " ချင်းအမျိုးသားနေ့သည် မတော်တဆပေါက်ဖွားလာခြင်းမဟုတ်ကြောင်း၊ ကျွန်ုပ်တို့၏ ဘိုးဘေးများ၏ အသက်၊ ရဲစွမ်းသတ္တိ၊ မလျှော့သောဇွဲ၊ စွန့်လွတ်အနှစ်ခံမှု တို့နှင့် ကျောက်သားပမာ ခိုင်ခံ့သောသမိုင်းအစဉ်အလာကောင်းများကြောင့်ပေါ်ပေါက်လာလာခဲ့ခြင်း ကိုလည်း အမြဲမပြတ်ဆင်ခြင်အောက်မေ့ဖို့ရန်လိုကြောင်း ၊ မိမိတို့ရရှိပြီးသော ဒီမိုကရေစီအခွင့်အရေးများလည်း အသက်ပေးကာကွယ်ရမည်ဖြစ်ကြောင်းနောင်အစဉ် ထာဝစဉ် ဥဒါန်းတွင်ရစ်မည့် ချင်းအမျိုးသားနေ့ နေ့ထူးနေ့မြတ်အား မြတ်နိုးထိန်းသိမ်းသွားကြရမည်ဖြစ်ပါသည်။

( ကျနော်သည် ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ သူငယ်ချင်းများသိစေရန် ချင်းအမျိုးသားနေ့ အဖြစ်သတ်မှတ်ခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့နှင့် ထူးထူးခြားခြား တိုက်ဆိုင်ခဲ့သည့် အဖြစ်အပျက်များကိုအကျဉ်းချုံး ရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။ သမိုင်းအမှားများ ပါသွားပါက အပြူသဘောဆောင်ကာ ဆွေးနွေးနိုင်ပါသည်။ လေးစားစွာဖြင့်......ကိုချင်းဖေ )

ချင်းအမျိုးသားနေ့ဖြစ် ပေါ်လာပုံအကျဉ်းကို ချင်းရေးရာဝန်ကြီး ပူးဝမ္မသူးမောင်း၏ ၁၉၅၁- ခုနှစ်။ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ မှ (၂၂) ရက်နေ့

         ချင်းအမျိုးသားနေ့ဖြစ် ပေါ်လာပုံအကျဉ်းကို ချင်းရေးရာဝန်ကြီး ပူးဝမ္မသူးမောင်း၏ ၁၉၅၁- ခုနှစ်။ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ မှ (၂၂) ရက်နေ့အထိ ချင်းဝိဒေသတိုင်း၊ တောင်ပိုင်းခရိုင်၊ မင်းတပ်မြို့တွင် ကျင်းပသော ချင်းအမျိုး သား နေ့ အောင်ပွဲသဘင် အခမ်းအနားနှင...့် ချင်းဝိသေသ တိုင်းလုံးဆိုင်ရာ ပတ်လည်ညီလာခံသဘင် အခမ်းအနား မြွက်ကြား ချက် -
“ အခုလိုတောင်တန်းဒေသများ အပါအ၀င် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တ၀ှမ်းလုံး အချုပ်အခြာ အာ ဏာပိုင်တဲ့ လုံးဝလွတ်လပ်ရေးရတာနဲ့တစ်ပြိုင်နက် ရှေးယခင်က ချင်းတောင် တန်းမှာ ဗြိတိသျှ စီမံဖန်တီးပေး ထားတဲ့ခေတ် နောက်ပြန်အုပ်ချုပ်ရေးစနစ်အရ လက်တစ်ဆုပ်သာ ရှိတဲ့သူတို့ရဲ့ နယ်ချဲ့ လက်ပါးစေများ ဖြစ် ကြတဲ့တိုက်အုပ်များ ကမတရားသဖြင့် အခွင့်အရေးနှင့် အာဏာယူပြီး “သခင်အားရ ကျွန်ဒါဏ်ဝ” ဆိုသလို အမျိုးမျိုးအဖုံဖုံ လက်ဝါးကြီးအုပ် သွေးလည်း စုပ်သလို ဆင်းရဲသား လူတန်းစားများကို နလံမထနိုင်အောင် ဖိနှိပ်ချုပ်ချယ်မှုတွေကို အမြစ် ကနေပြီးတွန်း လှန်ဖြိုဖျက်ရန် ကိစ္စကို ချင်းရေးရာဌါနရဲ့ ပဌမဆုံးလုပ်ငန်းအနေနဲ့ လူထုတစ်ရပ် လုံးရဲ့ ဆန္ဒအရအပြင်းအထန် ဆောင်ရွက် ရပါတယ်။ ဗြိတိသျှခေတ်က ဘုရင်ခံ မင်းကြီးကစပြီး အဆင့် ဆင့်တိုက်သူကြီးများအထိ အာဏာဆင်းသက် လာတဲ့ အုပ်ချုပ်ရေးစနစ် ကို ပြောင်းပြန် ပြန်ပြီး လူထုမှ ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရတိုင်အောင် အဆင့်ဆင့် အာဏာ တက်လာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကို ထည့်သွင်းပြီးအစားထိုးဖို့လိုပါတယ်”
“သံဃာအားဘုရားသော်မှမလွန်ဆန်နိုင် ”ဆိုတဲ့စကားပမာ ချင်းအမျိုးသားလူထုတစ်ရပ်လုံး က အော့နှ လုံးနာ နေကြတဲ့ တိုက်အုပ်များဖြုတ်ချဖို့ ပြင်းပြင်းထန်ထန်ဆန္ဒဖြစ်ပေါ်လာတဲ့အတွက် ချင်းရေးရာဌါနက ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၀န်ကြီးအဖွဲ့သို့ ချင်းအမျိုးသားများရဲ့ ဆန္ဒကို စုံစမ်းစစ်ဆေးရန် ချင်း တောင် စုံစမ်းရေးကော်မီရှင် အဖွဲ့တစ်ခုဖွဲ့စည်းပေးရန်တောင်းခံပြီး ထည့်သွင်းလိုက်ပါတယ်။ ၁၉၃၈-ဇန်န၀ါရီလ (၂၈)ရက် နေ့ သတ္တမအကြိမ်မြောက်ကျင်းပတဲ့ဝန်ကြီးများအစည်းအဝေးတွင် အစီအစဉ် အမှတ် (၅)မှာ ထည့်သွင်းဆွေး နွေးပြီး ချင်း တောင်စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းရန် သဘောတူ ဆုံးဖြတ်ကြ ပါတယ်။ တစ်ဖန်ချင်းရေးရာဌါနက ၁၉၄၈-ခုနှစ်၊ ဖေဖေါ် ၀ါရီလ (၅)ရက်နေ့ စွဲဖြင့် ချင်းတောင်စုံစမ်းရေးကော်မီရှင်ကို ဖွဲ့စည်းရန် ပြဌန်းချက်တစ်ရပ်ကို ထုတ်ပြန် ကြေငြာ လိုက်ပါ တယ်။ ဒီပြဌာန်းချက်အရ ကော်မီရှင်မှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်များကတော့ သဘာပတိအဖြစ်ဆောင်ရွက်ပါတယ်၊ အခု ချင်းဝိ သေသတိုင်းမင်းကြီး စည်သူ ဦးသိမ်းမောင် အေ၊ ဘီ၊ အမ် က အတွင်းရေးမှူး နှင့်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပြီး အမျိုးသား ပညာဝန်ဟောင်း ကွယ်လွန်သူဦး စိုးဝင်းက အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ပါတယ်။ ကော် မီရှင်ရဲ့ အဓိက ရည်ရွယ် ချက် နှင့် လုပ်ငန်း ကတော့ တစ်ဖက်တွင် တိုက်သူကြီးများနှင့် သူကြီးများကခံစားရသော စိတ်သ ဘော ထားများ ကို တိ ကျစွာ စူးစမ်း ရှာဖွေခြင်း၊ တိုက်သူကြီးများနဲ့ တကွ ကောက်ခံလျက် ရှိသော အခွန်တော် ပပျောက်ရေး ကို လှုံ့ဆော် ကြွေးကြော် လျက်ရှိ သည့်လုပ်ငန်းများအပေါ်တွင် လူထု၏ ဆန္ဒကို စုံစမ်းရန်ဖြစ်၍ အခြား တစ်ဖက်တွင် ထိုသို့ ဖြုတ်ချ ရာတွင် အစိုးရ တွင် တတ်နိုင် သမျှငွေအကုန်အကျ သက်သာစေရန်၊ အစိုးရအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရာတွင် အစိုးရ အုပ်ချုပ်ရေး အဖွဲ့၏အကျိုးကို မထိခိုက်စေရန် နည်းလမ်းများရှာဖွေ၍ အစိုးရထံ အစီရင်ခံစာ နှင့် တကွ ထင်မြင် ယူဆချက် နှင့် ထောက် ခံ ချက် တို့ကိုပါ တင်သွင်းရန်ဖြစ်ပါတယ်၊
“ ချင်းတောင်တန်းကော်မီရှင်အဖွဲ့က လူထုကိုယ်စားလှယ်၊ တိုက်သူကြီးများနှင့် (၁၀) ကြိမ် တိုင်တိုင်တွေ့ဆုံ ဆွေးနွေး ပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်”
“ဒီလိုစုံစမ်းစစ်ဆေးနေဆဲမှာပင် ၁၉၄၈-ခုနှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့မှအစပြုပြီး ၂၀၊ ၂၁၊ ၂၂ ရက်နေ့တိုင် အောင်ဖ လမ်းမြို့မှာ ကျင်းပတဲ့ချင်းဝိသေသတိုင်းလုံးဆိုင်ရာ လူထုညီလာခံ သဘင် ကျင်းပတာနဲ့ တိုက်ဆိုင် နေပါတယ်၊ ညီလာခံ သဘင်ကို တက်ရောက်တဲ့ပရိသတ် (၅၀၀၀)ကျော် ပါတယ်။ ညီလာခံမှာအဆိုပေါင်း မြောက်များစွာ တင်သွင်းပြီး ဆုံးဖြတ် ချက်များ ချမှတ်ပါတယ်၊ အဆိုပေါင်း မြောက်များစွာချမှတ်တဲ့အထဲမှာ ၁၉၄၈-ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့မှာ တင် သွင်းတဲ့ အဆိုများအနက် အဆိုအမှတ် (၄)ကို တင်သွင်း ဆုံးဖြတ်ကြခြင်း ဟာ “ချင်းအမျိုး သားနေ့” ဖြစ်ပေါ် လာဖို့ ဖြစ်ပါတယ်။ ၄င်းအဆိုဟာ ချင်းအမျိုးသားများအဖို့ အရေးလည်းကြီး ရာဇ၀င်လည်းတင်ရမည့် အဆိုဖြစ်တဲ့အတွက် မူရင်း အ တိုင်း လုံးစေ့ပါဒ်စေ့ ဖော်ပြလိုက်ပါတယ်။
အဆိုအမှတ် (၄)။ “တိုက်သူကြီးများဖြုတ်ချ၍ကောင်စီဖြင့်အုပ်ချုပ်ရန်” အကျိုး အကြောင်း ဖော်ပြ ချက်များ ကတော့ “ချင်းဝိ သေသတိုင်းတွင် ချင်းတိုက်သူကြီးများဟူ၍ မိရိုးဖလာကစတင် အုပ်ချုပ် လာခဲ့ပါသည်၊ ထို တိုက် သူကြီးများအား မတရား သောအခွန်တော်များ ပေးနေကြရပေ သည်၊ ပေး ရသည့်အတွက် အခွန်တော် များမှာ လည်း တရားမျှတခြင်းလုံးဝမရှိကြပါ”
၁၊ “ပြောင်းခွန်၊ ဆင်းရဲသားများစိုက်ပျိုးသောကောက်ပဲသီးနှံများမှ တစ်နှစ်လျှင် ထွက်သော ကောက်ပဲ သီးနှံများမှ တစ်အိမ် လျှင် ရေနံဆီပုံးတစ်ပုံးပေးရပါသည်။ အချို့သော နယ်များတွင် တစ်ပုံးခွဲပေးရ၍ အချို့သော နယ်များတွင် လေးပုံတစ် ပုံကျ စီ ပေးရပါသည်။
၂၊ “လူခွန်၊ ဆင်းရဲသူဆင်းရဲသားများသည် တိုက်သူကြီးများအိမ်တွင် တစ်နှစ်လျှင်နှစ်ရက် ကျစီ သွားရောက်၍ အစေခံ အလုပ်မျိုးကို လုပ်ကိုင်ကြရပါသည်။ အချို့သော နယ်များတွင် တစ်အိမ်ထောင် လျှင် တစ်နှစ်အတွက် တစ်ရက် ကျစီ အလုပ်လုပ်ရ၍ အချို့သော နယ်များတွင် တစ်နှစ်လျှင် ၃ ရက်ကျစီ လုပ် ကိုင်ပေးကြရသည်။
၃၊ “အမဲခွန်၊ ဆင်းရဲသူဆင်းရဲသားများသည် တောမှအမဲကောင်များကို ပစ်ခတ်ယူဆောင်သည့် အခါ တွင် တိုက်သူကြီး များကို ခွဲ၍ပေးကြရသည်။ အချို့နယ်တွင် အမဲကောင်၏ ပေါင်ကိုသော် လည်းကောင်း။ အသည်းနှလုံးကို သော်လည်း ကောင်း၊ လက်ကိုသော် လည်းကောင်းပေးကြ ရသည်၊
ထိုအခွန်သုံးမျိုးအပြင် အခြားအသေးစိတ်နယ်ပယ်ထုံးစံအလိုက် အခွန်များပေးကြရသည်၊ ထိုကဲ့သို့ပေးကြရခြင်း ကို ဆင်း ရဲသူ ဆင်းရဲသားများက လုံးဝတရားသည်ဟုမယူဆသဖြင့် အခွန် တော်များကို ပယ်ဖျက်၍ တိုက်သူကြီး များကို ဖြုတ် ချ ပေး ရန် တောင်းဆိုပါသည်”
“ထိုအဆိုနှင့်ပါတ်သက်၍ အချိန်အတော်ကြာဆွေးနွေးကြပြီးနောက် ကန့်ကွက်သူများ ရှိနေသည့် အတွက် သ ဘာပတိ (ကျနော်က) မဲခွဲရန်အကြံပေးသည်တွင် အားလုံးသဘော တူညီ သည့်အတွက် မဲခွဲရာ သူကြီးများ ဖြုတ်ချသည့်အ ဆိုကို ထောက်ခံသည့်ဘက်မှ ၅၀၀၀ မဲပေး ၍ အတိုက်အခံဘက်မှ ၁၇ မဲဖြစ်သည့် အတွက် ချင်းတိုက် သူကြီးများဖြုတ်ချ ရေးအဆိုကို အတည်ပြု လိုက်ကြောင်း”
အဆိုသွင်းသူ - ထန်ဇာကိုင် (တီးတိန်)
ထောက်ခံသူ – (၁) စွမ်မန်း (ဖလမ်း)၊
(၂) ထန်းမောင်း (ကန်ပက်လက်)၊
“ ဒီအဆိုဟာ မော်ကွန်းတင်လောက်တဲ့အဆိုဖြစ်ရုံသာမက ချင်းအမျိုးသား လူထုကြီးတစ်ရပ်လုံးရဲ့ ကံကြမ္ဘာကို တစ်မျိုး တစ်ဖုံပြောင်းလဲစေတဲ့အဆိုဖြစ်တဲ့အတွက် ချင်းအမျိုးသားမှန်သ မျှ သေသေ ချာချာ မှတ်သားထားဖို့ အရေးကြီး ပါတယ်။ ဒီလူထုကြီးတစ်ရပ်လုံးက မဲဆန္ဒအပြတ် အသတ်နဲ့ အတည်ပြုလိုက်တဲ့အတွက် ရှေး ပဝေသဏီက ချင်းအမျိုး သားတစ်ရပ် လုံး သွေးစုပ်ပြီး နလံမထူ နိုင် လောက်အောင် ဖိနှိပ်ချုပ်ချယ်နေတဲ့တိုက် သူကြီး များဘေးမှ လွတ်ကင်းရုံသာ မကဘဲ လူထု ဆန္ဒအရ ကောင်စီများဖြင့် မိမိတို့အမျိုးသားများရဲ့ ကံကြမ္ဘာကို လွတ်လွတ်လပ်လပ် မိမိဖာသာ ဖန်တီးနိုင် ခွင့်ရတဲ့အတွက် ထိုအဆိုတင်သွင်းတဲ့နေ့ရက် ၁၉၄၈-ခုနှစ် ဖေဖေါ် ၀ါရီလ (၂၀) ရက်နေ့ ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရန် လွန်ခဲ့ တဲ့ ၁၉၅၀-ပြည့်နှစ်၊ အောက်တိုဘာလ (၉)ရက် နေ့က ကျင်းပတဲ့ချင်းရေးရာကောင်စီအစည်းအဝေး တွင်အများ သဘော တူဆုံးဖြတ်ကြ ပါတယ်၊ ဒါကြောင့် နှစ်စဉ် နှစ်တိုင်း ချင်းဝိသေသတိုင်းမှာ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ တွင် “ချင်းအမျိုး သားနေ့” အောင်ပွဲ သဘင် ဆင်ယင် ကျင်းပပါလိမ့်မည်”
 ကျေးဇူးပဲါ၊

Tuesday, October 1, 2013

Huawei phoe coad မျှဝေခြင်း

Huawei ဖုန်းကိုင်တဲ့ မိတ်ဆွေများအတွက်သိထားသင့် တဲ့ ကုဒ်နံပါတ်ကလေးတွေကိုစုစည်းထားပေးပါတယ်ခင်ဗျာ။အင်္ဂလိပ်လို
တွေဖြစ်နေပေမယ့် ဖတ်ရတာလွယ်ပါတယ်။ဒါကြောင့် ဘာသာမပြန်ပေးတော့ ပါဘူးခင်ဗျာ။မရှင်းလင်းတာရှိရင်
အောက်ကလိပ်စာမှာမေးမြန်းလို့ ရပါတယ်ခင်ဗျာ။

#8746846549 NAM SETTING & HARDWARE TEST
##1168453865 NAM SETTING & HARDWARE TEST
##5674165485 NAM SETTING & HARDWARE TEST
##147852 test mode
##8541221619 NV OR RUIM
##258741 restore
##3515645631 monitoring debug
##1857448368 version
*#06# esn
# Card does not boot, click on emergency call,Enter ##258741,Then launch keys, identification, you can reset the phone
Huawei ETS 668, 678, 688 Code for Debug mode
Test mode [##2][MENU][ Field service code ]
RF call [##5][Menu]
Debug screen [##44][Menu]
Debug screen [##33][Menu]

NV reset [##123][Menu]
CDG2 Test enable [##234][Menu]
CDG2 Test disable [##432][Menu]
Home only off [##460][Menu]
Home only on [##461][Menu]
Setup language china (ChinaTelecom) [##551][Menu]
Setup language eng/rus (SkyLink) [##552][ Menu]
Setup language eng/rus (Dialog) [##553][ Menu]
Initializing Phone [##777][Menu]
Enable to UIM and UIMless sw version [##846][Menu]
Setup factory mode only possible UIM sw version [##864][Menu]
and for huwai **951357 save
##159357 save ruim 2 non ruim or nonruim 2 ruim
Block debug code / Free debug code [##888][Menu]
Enable UTK Mode [##885][Menu]
Enable security mode [##456258##][menu][Service code ]
Use any card [*117049976#]
Huawei Secret Code.
#8746846549 NAM SETTING & HARDWARE TEST
##1168453865 NAM SETTING & HARDWARE TEST
##5674165485 NAM SETTING & HARDWARE TEST
##147852 test mode
##8541221619 NV OR RUIM
##258741 restore
##3515645631 monitoring debug
##1857448368 version
*#06# esn
##497613 2-System Test,5-Test Call, nam
##412365 sama sprti atas
##745698 version
##147852 test mode
##159357 R-UIM \ ROM-UIM
##258741 restore
##236985 == monitoring debug
*#06# – ESN
*+End – force download
##1236545874 Nam Setting & Hardware Test
##3214566871 Idem
##7412586793 Idem
##147852 Test Mode
##23895490582849521668 Nv Or Ruim
##258741 Restore
*#06# Esn
##2147683785 See Version
##3258967389 Same Above
##497613,2-System Test,5-Test Call, nam
##412365 sama sprti atas
##745698 version
##147852 test mode
##159357 R-UIM \ ROM-UIM
##258741 restore
##236985 == monitoring debug
*#06# – ESN
*+End – force download

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း
မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Picture
Create Personal Account ကိုရွေးပါ
Picture
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Picture
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
Picture
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Picture
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
Picture
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
Picture
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
Picture
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
Picture
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

credit >>>>> MM IT Helper

အားလုံးအဆင်ပြေကြပါစေ..........

Wednesday, September 25, 2013

K'Cho နှင့် Asho လူမျိုးတို့အခေါ်


Salai Aung Ling
K'Cho နှင့် Asho လူမျိုးတို့အခေါ်

Kchang or Chang မှသည် ချန်းလ် (သို့)Chin ချင်း ဖြစ်လာသည်။

အမှန်တစ်ကယ်ဆို ကျွှန်တော်တို့ တောင်ပိုင်းချင်း k'Cho (Chou)လူမျိုးများ နှင့် Asho ချင်းတို့အခေါ် Kchang (ချာမ်းလ်)ကနေ ချင်းဖြစ်လာတာလို့ပဲ သုံးသပ်ပါတယ်။ Kchang ၏ အနက်အဓိပ္ပါယ်မှာ လူမျိုးဖြစ်ပြီး K'Cho Kchang ၏အဓိပ္ပါယ်မှာ ချိုး လူမျိုးဟူရ်ျဖြစ်သည်။ Kchang ကို ဗမာစာဖြင့် အသံထွက်ပီပြင်အောင် ရေးဖို့ ပြောဖို့ မလွယ်ကူသောကြောင့် ဗမာနှင့် အခြားသောတိုင်းရင်းသားများ၏ အသံထွက် မပီပြင်မှုတွေကနေတစ်ဆင့် ချာမ်းလ် kChang ကနေ (ချင်း)ဖြစ်လာတာ ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ K'Cho(သို့ )Chou ချိုး ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးမြို့များဖြစ်ကြသော ပိဿနိုးမြို့ နှင့် ပုဂံပြည်ခေတ်ကတည်းကပင် အခြားသော တိုင်းရင်းသားလူမျိုးများနှင့် အတူရှင်တွဲ နေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်သည်။ သက်သေသာဓကများအနေဖြင့် ဘိုးဘွားများ၏ မျိုးရိုးယျဉ်ကျေးမှု အမွေအနှစ်များနှင့် ရှေးဟောင်းသုဒေသန အဖွဲ့များ၏ တူးဖေါ်တွေ့ရှိချက်များ အရသော်၎င်း ခုလက်ရှိအချိန်ထိ တည်ရှိနေသေးသော ပုဂံပြည်ရှိ ရှေးဟောင်း ကျောက်ဖြ...ာကြီးများကို ကြည့်ခြင်း အားဖြင့်သော်၎င်း သိရှိနိုင်သည်။ယခုအချိန်ထိ ယောနယ်သူယောနယ်သားများမှ အနီးစပ်ဆုံးအသံထွက်ဖြင့် kchangကို ချန်းလ်ဟု ခေါ်ကြသေးသည်ကို ကြည့်ခြင်းအားဖြင့် Kchang or Chang မှသည် ချင်း ဖြစ်လာနိင်သည်ကို ငြင်းစရာမရှိပေ။

ဥပမာတွေအနေနှင့် ဘာသာပြန်ချင်း

ုk'Cho kchang (Cho Chin=ချိုး ချင်းလူမျိုး)

Zopa Kchang (Zopa Chin ရိုဘာ ချင်းလူမျိုး)မြောက်ပိုင် ချင်းလူမျိုး

Laimi Kchang (Laimi Chin လိုင်မီ ချင်းလူမျိုး)

Asho kChang (Asho Chin အရှို ချင်းလူမျိုး)

Zomi Kchang ( Zomi Chin ဇိုမီ ချင်းလူမျိုး)ဟူရ်ျဖြစ်သည်။

(၂)ချိုး K'cho ဟူသည့်အမည်နာမကို အနက်အဓိပ္ပါယ်ပြန်ခြင်း Definite လုပ်ခြင်းအပေါ်
ကျွနိုပ်၏အမြင်

အမည်နာမသည် စကားလုံးမဟုတ်သောကြောင့် အနက်အဓိပ္ပါယ် ပြန်ဆိုခြင်း မလုပ်သင့်ဟု မြင်သည်။ အကယ်ရ်ျ အမည်နာမတစ်ခုခုကို ဘာသာပြန်မည်ဆိုပါက အခြားသော အနက်အဓိပ္ပါများသို့ ဆက်ရောက်လွဲမှားနိုင်သောကြောင့်ဖြစ်သည်။

K'Cho cu pakhui ah min kaa kya la pakhui ah min nga a kya cu min vai gui research kä bi men un ne tah Kcho cu direct ka traslate a mi bi dää da kya ne nei, Mik mi Kcho or Chou gui cu tiphetkho tayukkho ah ka mi law kia a kya ka hlaw ah mi law naak ka küt hle research cu mi bi ba vai hlü ki, Tayuk gui ung shin ah Chou ci ah Pakhui cu om ki ci ne a mi hmu a mi pein om ki. Min nak ki cu traslate bi ne ci vai ah kho ah kä kya ki. Tuhmü tungawi va K'cho ci ne mi guk mi pein law, a yan cu (Chou) ah haw kya man te khai ci cu mi hmat hlü ki nei. Ka mät tah ngaih läi cu K'cho or Chou cu Mün,Mkang,Dai, Ng'ga la Ukpü gui ah, mi Pakhui min Ci ah kan ngaih ka zom nak om ki, I ah kya hle ci ung Mün,Mkang, Dai, Ng'ga la Ukpü mi van naw a caipüi Zopa gui a mi om la ka ah mi om kä mi hmat pha ge ung mi mät naw mi mät k'cho ci ne mi ne pein man ge ki.
See More