ချင်းတို့ သမိုင်း စုစည်းခြင်း
10/20/13 ·
ကိုသာဝနှင့် Juna Mondaတို့ရဲ့ ဗျူနဲ့ မြန်မာအကြောင်းဆွေးနွေးခြင်း ၁
ကိုသာဝအနေနဲ့ ပျူသမိုင်းကို ရေးတဲ့အခါ Primary Sources & Secondary Sources တွေကို ခွဲခြားသတ်မှတ်စေလိုပါတယ်။ အဒူမင်းညိုစာကို လက်ခံရင် အဒူမင်းညိုခေတ်ပြိုင်စာပေမှတ်တမ်းတွေကိုလည်း ထည့်သွင်းရမှာပါ။ အင်းဝခေတ်မှတ်တမ်းကို လက်ခံရင် ဟံသာဝတီခေတ်မှတ်တမ်းကိုလည်း မျက်ကွယ်ပြုလို့မရပါဘူး။
ဆွေးနွေးနေတဲ့အခါမှာတောင် ပျူတွေက ၉ ရာစုမှာ မျိုးပြုတ်ခဲ့တယ်လို့ ဆရာကြီးလုစ်က မပြောခဲ့ပါဘူး။ ဒီလို quoted မျိုး မသုံးကောင်းပါ။ နောက်ပြီး ကိုသာဝတို့အဖွဲ့က ဘယ်ဆရာက ဘာလူမျိုးလဲ သိပ်ပြီး အလေးထားလွန်းပါတယ်။ ပညာရှင်ဖြစ်ချင်ရင် အဲဒါတွေကို အလေးမထားရပါဘူး။ မိမိတွေ့ရှိချက်ကိုပဲ တင်ပြဆွေးနွေးရပါတယ်။
နောက်တစ်ခုပါ။ ပျူနဲ့ မြန်မာအတူတူ ဖြစ်ပြီး ပုဂံခေတ်မှာ ပျူတွေက ဘာသာစကား(၂)မျိုး ပြောကြောင်း၊ အိန္ဒိယမှတ်တမ်းမှာ ဗြဟ္မာဒေသဟာ ပျူများကို ဆိုလိုကြောင်းပြောကြားခြင်းမှာ အင်မတန်ရဲရင့်လှပါတယ်။ ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့ အတော့်ကို ကြိုးစားရပါလိမ့်မယ်။
နောက်တစ်ချက် ဆွေးနွေးချင်ပါသေးတယ်။ ပျူဟာ မြန်မာမဟုတ်တဲ့အကြောင်းပါ။
၁။ ပုဂံကို ပျူဂါမ၊ ပုဂါမ၊ ပုဂါမ်၊ ပုဂံလို့ ဆိုရင် အဲဒါ မြန်မာမဟုတ်ကြောင်း ထင်ရှားပါတယ်။ အဲဒီအချိန်မှာ မြန်မာကို မိရ်မာ (မြန်မာ)လို့ သီးသန့်ခေါ်ထားလို့ပါပဲ)
၂။ တရုတ်သမိုင်းမှာ ပုဂံကို ပျူလို့ သိနေခြင်းမှာ ပျူနေရာကို မြန်မာတွေ အစားထိုးဝင်ရောက်ခဲ့တာကို မသိသေးလို့၊ ဒါမှမဟုတ် အသိအမှတ်မပြုသေးလို့၊ ဒါမှမဟုတ် နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ နိုင်ငံတစ်ခုကို အရင်အတိုင်း ခေါ်ချင်လို့၊ ဒါမှမဟုတ် အသစ်တည်ထောင်တဲ့ မြန်မာနိုင်ငံဟာ တရုတ်ကို လေးစားအောင် မလုပ်နိုင်သေးလို့ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ အထက်မြန်မာနိုင်ငံကို ပျူနိုင်ငံလို့ တရုတ်တို့ သုံးခြင်းမှာ ပျူများဟာ မြန်မာဖြစ်ကြောင်း ရည်ညွှန်းခြင်းမဟုတ်ဘဲ ပျူနေရာကို မြန်မာတို့ အစားထိုးနေရာယူခဲ့ပေမဲ့ ခေါ်နေကျအတိုင်း ဆက်ပြီး ခေါ်ခြင်းသာ ဖြစ်တယ်။
၃။ ပုဂံအင်ပါယာကို တရုတ်တို့က ပျူလို့ သုံးနှုန်းသလို သီရိလကာင်္က မသုံးဘဲ ရာမညဒေသလို့ သုံးပါတယ်။ သီရိလကာင်္သမိုင်းမှာ ပုဂံကို နရပတိစည်သူမင်းနောက်ပိုင်းကျမှ မြမ္မဒေသလို့ စတင်သုံးလာတာ ဖြစ်တယ်။ အဲဒီအချိန်တုန်းက ရာမညဒေသပဲ သီရိလကာင်္နဲ့ အဆက်အသွယ်ရှိပြီး ပျူတွေနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ ကြာပြီဆိုတာ သိနိုင်ပါတယ်။ တရုတ်တွေ မြန်မာလို့ စသုံးလာတဲ့အချိန်နဲ့ သီရိလကာင်္က မြန်မာတို့ စသုံးတဲ့အချိန် တူညီနေခြင်းဟာ မြန်မာများဟာ ပျူလည်းမဟုတ်သလို မွန်လည်း မဟုတ်ကြောင်း သိနိုင်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရယ်လို့ ပီပီပြင်ပြင်ဖြစ်လာတဲ့အချိန်ကို ပြောရရင် အေဒီ(၁၂)ရာစုနှောင်းပိုင်ကျမှ ဆိုတာ ထင်ရှားပါတယ်။ ကိုသာဝ ထောက်ပြတဲ့အချက်တွေဟာ ကိုသာဝအဆိုကို အထောက်အကူမပြုဘဲ ကိုသာဝအဆိုကိုသာ ပယ်ဖျက်သွားတာကို တွေ့ရပါတယ်။ တကယ်လို့ ဒီအကြောင်းကို ဆက်ပြီး ဆွေးနွေးချင်တယ်ဆိုရင် ကျနော်ပြောတဲ့ အချက်တွေနဲ့ ကိုသာဝပြောတဲ့ အချက်တွေကို အပြန်အလှန်ဆွေးနွေးလိုက်ရုံပါပဲ။
၁။ ဗြဟ္မပုတြမြစ်၊ ဗြဟ္မဒေသ အစရှိတဲ့ ဒေသများကို ရည်ညွှန်းပြီုးဗမာများဟာ အဲဒီဗြဟ္မဝေါဟာရကနေ ဆင်းသက်လာတာပါလို့ ကြံကြတာက မကြာသေးပါ။ အဲဒီဗြဟ္မဆိုတဲ့စကားလုံးဟာ ပျူပါလို့ အိန္ဒိယက ပြောပါသလား။
၂။ ဗုဒ္ဓဂယာကျောက်စာမှာ အိန္ဒိယက ပျူမင်းကြီးလို့ ပြောတာနဲ့ တရုတ်က ပျူမင်းကြီးလို့ ပြောတာဟာ ညီမျှခြင်းအတူတူပဲ ဖြစ်တယ်။ မြန်မာနဲ့ပျူအတူတူပဲလို့ အိန္ဒိယက ပြောပါသလား။ တရုတ်လည်းး ပြောခဲ့ပါသလား။
၃။ အိန္ဒိယက မပြောသလို ကိုသာဝတို့ကိုးကားလေ့ရှိတဲး တကောင်းရာဇဝင်မှာလည်း ပျူအကြောင်းရေးထားပါသလား။
ဒါကို ဖြေစေချင်တယ်။ ဘာကြောင့် မေးရသလဲဆိုရင် ကိုသာဝပေးတဲ့ သက်သေတွေက wide open ဖြစ်နေလို့ပါ။
မြန်မာနိုင်ငံမှာ လူတွေ တောက်လျှောက်နေလာခဲ့တာကို ငြင်းလို့မရဘူး။ ဒါပေမဲ့ အဲဒီလူမျိုးတွေဟာ မွန်တွေပါ၊ပျူတွေပါ၊မြန်မာတွေပါလို့ ပြောလို့မရပါ။ စမင်းလို ဌာနေတိုင်းရင်းသားတစ်မျိုးမျိုး ဖြစ်နေနိုင်တယ်လို့ မယူဆနိုင်ဘူးလား။
အဲဒီရုပ်ကြွင်းတွေကို ကြည့်ပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ရုပ်ကြွင်းတွေဟာ ဗမာလူမျိုးတွေပဲလို့ ဆက်စပ်မိတဲ့ သက်သေအထောက်အထားတွေက ဘာပါလဲ။ အဲဒီရုပ်ကြွင်းတွေဟာ ပျူနဲ့ပဲ ပတ်သက်တယ်၊ ပျူနဲ့ဗမာက အတူတူပဲလို့ သက်သေထူလို့ရတဲ့ကျောက်စာမရှိသေးသလို ဗမာဆိုတဲ့ ဝေါဟာရကိုလည်း အစောဆုံး ဘယ်ကျောက်စာမှာ တွေ့ဖူးပါသလဲ။
စာရေးဆရာလှသိန်းထွဋ်အပါအဝင် သာကီမျိုးဒို့ဗမာအတွေးအခေါ်ကို ဖော်ထုတ်ကြတဲ့စာရေးဆရာတွေဟာ ရှေးဟောင်းသုတေသနအရာရှိတွေမဟုတ်ကြပါ။ အိန္ဒိယက ပြောတဲ့ သုဝဏ္ဏဘူမိကို အောက်မြန်မာနိုင်ငံမဟုတ်လို့ ငြင်းတဲ့အဖွဲ့များနဲ့ သုဝဏ္ဏဘူမိဟာ အောက်မြန်မာနိုင်ငံတော့ ဟုတ်တယ်။ ဒါပေမဲ့ ပျူအပိုင်ဖြစ်တယ်လို့ ယူဆကြတဲ့အဖွဲ့များဟာ ဗြဟ္မာဆိုတဲ့ ဝေါဟာရကို ဗမာလို့ သတ်မှတ်ကြတဲ့နေရာမှာ သဘောမျှကြတယ်။ မွန်တွေက ကမ္ဘာဦးလူသား "မနု"ဖြစ်ကြောင်း ကြွားမိလို့ သူတို့လည်း မနုထက်စောအောင် ဗြဟ္မာလို့ ကြံဆကြခြင်းများလို့ မဖြစ်နိုင်ဘူးလား။
Like·Comment·Share·Get Notifications
Salai Pa Cawng and 14 others like this.
No comments:
Post a Comment